Wednesday, October 20, 2010

ပန်းချစ်သူ ဥယျာဉ်မှူး ...

အပင်များကြီးထွား အငုံများဖူးဖွင့်
ငွားငွားစွင့်စွင့် တင့်တင့်တယ်တယ်
ရင်ဝင်ပေါက်ဖွား မွှေးတုံအားသစ်
ပန်းချစ်သူဥယျာဉ်မှူး
စိတ်ကူးနှင့် ပြုစုရင်း ပျော်နေသူ။


မာလာပန်းစုံ လွှမ်းကြိုင်ထုံအောင်
ဥဿုံဝန်းကျင် အလှဆင်မည့်
ပြုပြင်ရွှင်မြူး ပန်းချစ်သူ ဥယျာဉ်မှူး။


အဖိုးထိုက်ပန်း ဖူးပွှင့်လန်းသော်
စိတ်ချမ်းသာဘိ သူပျော်မိခဲ့။


စေတနာမှန် ထက်သန်ရွှင်ပြ ဇွဲလုံ့လနှင့်
ရိုးသားမေတ္တာ အနစ်နာနှင့်
သန့်စင်ကြင်နာ ကရုဏာနှင့်
လောကဝန်းကျင် အလှဆင်မည့်
ထိုက်သင့်ချိန်ခါ ဖူးပွင့်မည့်
မာလာပန်းစုံ ဥယျာဉ်ဘုံမှ
အားနှင့်မာန်နှင့် မျှော်လင့်ကြည်နူး
ပန်းချစ်သူ ဥယျာဉ်မှူး။

(၃-၁၀-၂၀၀၉)
(ဆရာသခင် ကျေးဇူးရှင် ဥယျာဉ်မှူးများသို့)
မေ့သားလှ(ဇလဂ္ဂ)