Monday, February 21, 2011

ဘ၀ရေလှိုင်း

ဘ၀တစ်ခု တည်ဆောက်ပြုသော်

ငိုမှုတစ်ခါ ရယ်ကာတလီ

မတည်မမြဲ ဆင်းရဲဒုက္ခ

တွေကြုံရလဲ သုခတဖန်

စံရပြန်၏ တခါတရံ

အောင်မြင်လာမှု အကြောင်းပြုလျှက်

လူထုအများ ၀ိုင်းမြောက်စား၍

မောက်ကြွားရွင်ပြ ၀မ်းသာရလဲ

ဘ၀ဘ၀ဲ လည်မြဲမို့

တလဲရှုံးကျ ကြုံတွေရသော်

ရှုတ်ချမကြည် ကဲ့ရဲ့သည်ကြောင့်

တချီမုချ ၀မ်းနည်းရ၏

ဘ၀ဟူသည် ငိုချည်တစ်ခါ

ရယ်ကာတစ်ထွေ အောင်လေတဖန်

ကျရှုံးဟန်ကြောင့် လေဒဏ်ခတ်သွား

ရေလှိုင်းများဟူ ပမာတူ၏

အို........လူအများ

သတိထားလော့

မြင့်မားမည်ကြံ

နိမ့်ကျပြန်ရ

သဘာဝမို့

ဘ၀သဘော

ရေလှိုင်းကြောကို

သဘောပေါက်ခါ

လျောက်ကြလေ...။


(အရှင်ပညာသာရ)

No comments:

Post a Comment