Saturday, April 23, 2011

ကံကြမ္မာ ဒိုင်လူကြီးက

ရှည်လျားကျယ်ဝန်း

ဘဝဆိုတဲ့ အားကစားကွင်းကြီးထဲမှာ

ကံကြမ္မာဆိုတဲ့ ကွင်းလယ်ဒိုင်လူကြီးက

အကြိမ်ကြိမ်အလီလီ ခရာတတွီတွီနဲ့

ကိလေသာသောင်းကြမ်း သံသရာခရီးသွား

ခပ်ကြမ်းကြမ်းဘော့သမားတွေကို

ပြစ်ဒဏ်ဘော အလီလီ

ပေးခဲ့ပြီဘဲ။

ဒါလဲဘဲ မမှတ်သေးဘူး။

နောက်ထပ် ပင်နယ်တီဘဲ ပေးမလား?

လူကျွံဘောဘဲ ဖမ်းမလား?

ထောင့်ကန်ဘောဘဲ ပေးမလား?

အသည်းရင်ဖို တထိတ်ထိတ်နဲ့ပေါ့။

ကံကြမ္မာ ဒိုင်လူကြီး အစစ်က

သံသရာပွဲစဉ် Final ပွဲမှာတော့

ရှေ့ဆက်ယှဉ်ပြိုင်ဖို့

နာကျင်ချိန် အချိန်ပိုမပေးဘဲ

ပွဲသိမ်းခရာ မှုတ်ချင်မှာပါ။

အဲဒီအချိန်ကြရင်

သံသရာခရီးသွား ဘော့လုံးသမားတွေဟာ

ပန်းတိုင်အသီးသီး

နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့

ဒိုင်းဆုကြီးကို

အမိအရ ဆုပ်ကိုင်နိုင်ကြမှာပါ။

ယခုအခါ သံသရာပွဲစဉ်မှာ

အကြိမ်အခါခါ ရှုံးနေလင့်ကစား

ဒီဘဝ နောက်ဘဝ ဆိုတဲ့

အိမ်ကွင်း အဝေးကွင်း မရွေးဘဲ

သံသရာခရီးသွား အားကစားသမားတွေဟာ

ကိလေသာကို အနိုင်မခံ အရှုံးမပေး

အားမာန်ဇွဲနှင့် ရင်ဆိုင်ရဲရဲ

ယှဉ်ပြိုင်နွှဲနိုင်ဖို့ပါဘဲ။

(ဘဝနောက်ဆုံးပန်းတိုင် ဒိုင်းဖလားဆုကြီးကို ဆွတ်ခူးနိုင်ကြပါစေ။)

မေတ္တာဖြင့်

မေ့သားလှ-ဇလဂ္ဂ

24-04-2011

No comments:

Post a Comment