Friday, April 8, 2011

အချိန်ရဲ့တန်ဖိုး

တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။
တစ်လရဲ့တန်ဖိုးကို သိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။
တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။
တနေ့ရဲ့တန်ဖိုးကို သိချင်ရင်
ကလေးခြောက်ယောက်ကို ကျွေးမွေးရတဲ့
နေ့စားအလုပ်သမား တစ်ယောက်ကို မေးကြည့်ပါ။
တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင် ဆုံဆည်းခွင့်ကို စောင့်နေကြတဲ့
ချစ်သူများကို မေးကြည့်ပါ။
တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင်
ရထား(လေယာဉ်)မမှီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။
တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
ယာဉ်တိုက်မှု သီသီလေး လွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။
တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။
(ကျော်ဝင်း)။

No comments:

Post a Comment