Thursday, November 3, 2011

လယ်တီဆရာတော်၏ သြဝါဒတေးထပ်

မျက်မြင်မှာ ဥာဏ်တွဲလို့၊အနဲနဲ ရှုပါ၊


ငရဲနှင့် လူ့ရွာ၊ ခုအခါ မခြား။


မီးသုံးရပ် ဗလောင်ဆူ၊ အကောင်ပူ သင်းတို့ ဖြစ်လား။


စိတ်ရတက် အညစ်ထူ၊ အပြစ်မူ ထွေပြား။


တထွေထွေ သေလို့သွားလျှင်လ၊ တဖွားဖွား အောက်မှာ၊


ယမနယ် ဘုံအနှုန်း၊ အကုန်လုံး စုကြမည်သာ။


သို့ကလောက် လူ့ငြမ်းဟာကို၊ ရှု့စမ်းပါ ညီလှရဲ့၊


မီသမျှ ဥာဏ်ကုန်မျှော်နော်၊ ရောလို့မတော်။


အလိုလိုက်လို့ အငိုက်ချော်လျှင်၊


တဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။


*ကွမ်းခြံကုန်းမြို့နေ တပည့် ဦးသူရိန္ဒအား ရေးသား ဆုံးမသော

လယ်တီဆရာတော်၏ သြဝါဒတေးထပ် ဖြစ်ပါသည်။

No comments:

Post a Comment