Friday, February 10, 2012

အရုဏ်ဦး မှ နေ့သစ်ဆီသို့



ဒို့တိုင်းပြည်ဟာ မွေးရာပါ ဆွံ့အနေတာတော့ မဟုတ်

ခေတ်တစ်ခေတ်ရဲ့ လောင်းရိပ်အောက်က

စိုထိုင်းထိုင်း အုံ့မှိုင်းမှိုင်းညများ လင်းစတော့ ပြုလာပါပြီ။

အသစ်အဟောင်း ခေတ်ပြောင်း (အသွင်ပြောင်း) ကာလအတွင်းမှာ

စိန်ခေါ်မှုတွေ အပြည့်ရှိတယ်ဆိုတာ ဒို့နားလည်တယ်။

ရိုးသားပြည့်ဝတဲ့ ခေါင်းဆောင်မှု၊ ပွင့်လင်းတဲ့ တွေ့ဆုံဆွေးနွေးမှုအောက်က

ထူးခြားတဲ့ ကံကြမ္မာနှင့် ကြီးမားတဲ့ အောင်မြင်မှုများ

မျက်စိလည် လမ်းမှားပြီး

ရောက်ရှိလာတာ မဟုတ်ဘူးဆိုတာကိုတော့ ယုံကြည်တယ်။

တစ်ချိန်က ပြည်သူတို့ရဲ့ မျက်စိနှင့်နား အသိတရားကို

သားသတ်သမားလို နဖားကြိုးတပ်

ကွပ်ညှပ်ခြင်း ခံခဲ့ကြရတယ်။

ဒါပေမဲ့ ယခုလက်ရှိ ပကတိ တိုင်းပြည်၏

ဂုဏ်သိက္ခာနှင့် ရွှေအိုရောင် အိပ်မက်များ

အရုဏ်ဦးရဲ့ ရောင်ခြည်လေးများ

အလကားဖြစ် အရည်ပျော်မသွားရအောင်

ဒို့အားလုံးမှာ တာဝန်ရှိကြတယ်။

တိုင်းပြည်၏ ကံကြမ္မာကို

သတိရှိရှိ ဇွဲသတ္တိဖြင့်

အချင်းချင်း လက်တွဲမပျက်

ရှေ့ဆက်လက်ကာ

အရုဏ်ဦးမှ နေ့သစ်ဆီသို့

အရောက်ပို့ ကြိုဆိုကြဖို့

ဒို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိကြတယ်။



မေ့သားလှ(ဇလဂ္ဂ)

၁၀-၀၂-၂၀၁၂

No comments:

Post a Comment