Sunday, June 17, 2012

လွပ်လပ်သောနိဗ္ဗာန်



စိတ်ကမကြောက်ဘဲနှင့် ခေါင်းကိုမတ်စွာ
ထားနိုင်သောအရပ်၌လည်းကောင်း၊
ပညာသည် လွပ်လပ်သောအရပ်၌လည်းကောင်း၊
ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့်
တောက်စိတ်ပိုင်းခြားမှု မရှိရာ၌လည်းကောင်း၊
စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှလာသော
အရပ်၌လည်းကောင်း၊
မနေမနားသော အားထုတ်မှုသည် နိဗ္ဗာန်သို့
လက်လှမ်းသောအရပ်၌လည်းကောင်း၊
ဆင်ခြင်မှုချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တာရတွင်
ခရီးလမ်းစ မပျောက်ရာ၌လည်းကောင်း၊
စိတ်ကို အစဉ်ပျံ့ပျူးသော တွေးဆပြုလုပ်မှုတို့သို့
အရှင်ရှေ့ဆောင်ရာ၌လည်းကောင်း၊
ထိုလွပ်လပ်သော နိဗ္ဗာန်၌ တပည့်တော်၏ တိုင်းပြည်သည်
နိုးကြားနိုင်ပါစေ အရှင်ဘုရား။ ။
                             ရာဝိန္ဒြာနတ်တဂိုး

No comments:

Post a Comment