လမင်းမှိတ်ဆဲ မိုးရိပ်ညများလည်း
လွမ်းစရာ ဆွေးစရာပါဘဲ။
ငါ့အိပ်မက်တွေဟာ မှုန်ဝါးရာက
ညမိုက်များကို ကျော်ဖြတ်တိုက်သွားတဲ့
ချစ်စရာ လေပြေလေညှင်းလေးများ ဖြစ်နေချိန်
အို အလန့်တကြား ဘာလို့များ
အပြုံးပန်း teaching ပန်းပွင့်လေးများ
ရနံ့မကြိုင်လှိုင်အောင် ဖန်တီးခံရတာပါလိမ့်။
အော်.. ငါသိပြီ။
ဒါကြောင့် ငါကြေကွဲ စိတ်မကောင်းဖြစ်မိပြီ။
အင်းလေ တန်ဘိုးထားတတ်သူအတွက်တော့
ဘယ်အရာမဆို တန်ဘိုးရှိပါတယ်။
မလွမ်းဘဲ မျက်ရည်မဝဲဘဲ ရှိပါ့မလား။
မနေ့ကပင် ပြုံးရွှင်ရွှင်နဲ့
စာသင်မနားတမ်း သင်းမြပန်းလွှာ
လှစ်ပွင့်အာဟန်နဲ့
ယနေ့မှာတော့
ကြေကွဲရောင်သန်း စိတ်ပင်ပန်းနှင့်
စန်းလမျက်နှာ စိုစွတ်လာခဲ့။
နွမ်းလျ မရွှင် စိတ်ဘဝင်တွင်
ကြေကွဲရပ်သွင် လွမ်းရိပ်ဆင်လျက်
ဝမ်းနည်းပက်လက် မျက်ရည်စက်နှင့်
ငိုလျက် ပြန်ရ အို…ဆရာမ။
လွမ်းလျက်တသ အို..ဆရာမ။။
၂၉-၀၄-၂၀၁၁ သောကြာနေ့ထိ သုံးလတိုင်တိုင် အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်မှာ အထူးသဖြင့် ပညာသင် မြန်မာရဟန်းတော်များအား ပညာဒါနအဖြစ် အင်္ဂလိပ်စာ Level အသီးသီး၌ သင်ပေးခဲ့သော အမေရိကန်ဆရာမ Ms. Monica Harvey ၏ သင်တန်းပြီး ပုံရိပ်ကို ညွှန်းဆိုပါသည်။
မေ့သားလှ-ဇလဂ္ဂ
၂၉-၀၄-၂၀၁၁
No comments:
Post a Comment