စိမ်းစိမ်းမြမြ ပွင့်လှညွန့်ရှင်
ထိုသစ်ပင်အား ကျည်စယ်ဟားတိုက်
လှောင်ရယ်ခိုက်တွင် အဖိုးထိုက်ပန်း
လေသရမ်းကြောင့် ကြွေနွမ်းမြေသက်
အလှပျက်သို့၊
ကလောင်ပေသွား ထက်ပေငြားလည်း
ချစ်အားပိုလျှင်း စိတ်နွံတွင်း၌
မထင်ရန်များ အဟန့်တားက
နောက်ကျောဓားထိုး တည့်တည့်ငြိုးကာ
ကလောင်ချိုးရိုက် ရင်မှာစိုက်သို့၊
လောင်စာရန်ငြိုး မီးထည့်ပျိုးလည်း
တသက်နောင်ခါ စိတ်မနာအား
ကြင်နာပွေ့ဖက် ရင်ခွင်ထက်မှာ
ဆင်းသက်လာသူ တုံ့မယူရက်
ရှုံးသူဘက်သို့၊
ပင့်သက်ခွင့်ပေး နှလုံးအေးဖို့
မနှေးမြန်စွာ ရှေးကံကြောင်းကုန်
ပေါင်းမဆုံလည်း လူ့ဘုံခဏ
ထိုဘဝတွင် စွဲမြဲရင်မှာ
ချစ်ခင်စိတ်ထား တတတ်တအား
မေတ္တာများကို ပွားများနေ့စဉ်
စိတ်ကောင်းဝင်လျက် ချစ်ခင်အလေးထား
ပေးဆပ်သွားနိုင်ကြပါစေကုန်သတည်း။
(မေ့သားလှ-ဇလဂ္ဂ)
၈-၁-၂၀၁၁
နောင်ကြီး ဒီကဗျာလေးကြိုက်တယ်
ReplyDeleteဘလော့ထဲမှာတင်လိုက်ပီနောင်ကြီး