လက်ကိုမမြှောက် ဒူးမထောက်ဘဲ
ကြောက်စိတ်မမွေး ရဲသွေးအပြည့်
အားမာန်ဖြည့်၍ ရှိသည့်ခွန်အား
စွမ်းပကားဖြင့် ဘုရားမြတ်စွာ
သာသနာကို ရှည်ကြာအဓွန့်
တည်တန့်ဖို့ရေး ကြံဆောင်တွေးရင်း
လုပ်ဆောင်ရင်းပင် သေမင်းခေါ်လျက်
အသက်ခန္ဓာ ပျက်ခဲ့ပါက
အောက်ရွာအဝီစိ ကျရောက်ဘိလည်း
ပီတိနှလုံး ရွှင်ကြည်ပြုံးလျက်
ဟုန်းဟုန်းလောင်ငြီး ငရဲမီး၏
ဓီးဓီးအလျှံ ပူသည့်ဒဏ်ကို
အာခံတုရင်း ငရဲမင်းအား
ထွန်းလင်းသာသနာ ပြုမည့်တာကြောင့်
ရောက်ရာဘဝ ဌာနဘုံတွင်
ရွှင်ပြပြုံးပျော် ခေါင်းကိုဖော်၍
"သေသော်မှတည့် သြော်ကောင်း၏"ဟု
မြတ်သည့်သေခြင်း ဓိဌာန်ရင်းတည့်
မယွင်းမှန်ဘိ မှန်းသည့်ပန်းတိုင်
လှမ်းကိုင်ရသူ တံခွန်ထူသည့်
ငါတမူကား
"ဇမ္မူတလွှား-ဘုရားသား"ဟု
ဝံ့ကြွားဂုဏ်တန် ဘဝဂ်ညံအောင်
အော်သံကျူးရင့် အောင်လံလွှင့်မည်
ငါသည် ဗုဒ္ဓသာသနာအတွက်။
(ဒေါက်တာ အရှင်ဂမ္ဘီရဗုဒ္ဓိ)
No comments:
Post a Comment