" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, February 5, 2011

တာရာမင်းဝေရဲ့ ကဗျာလေးပါ...

ငါကတော့မြက်ဖိနပ်နဲ့ 
ဒါပေမယ့်
မြင့်မိုရ်တောင်ကိုလဲ လိုက်တက်ခဲ့ မယ်
သွားနှင့်ကြပါ.....။

ဟိုးမှာ....
ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေဒူးထောက်လဲကျနေတဲ့ သူ
သူ့ ကိုကူပါရစေအုံး
ငါ့ရှင်တို့ ကဘာလဲ
ငါကဘာလဲ
နာမည်တွေမြေကြီးပေါ်ပစ်ချပြီး
လှလှပပပြိုင်ရဲပါတယ်..။

တနေ့ တော့တွေ့ ကြမယ်.။

နှစ်ဖက်သွားဓါးတစ်လက်လို
ပြိုးပြက်ဝင်းဖိတ်
သုညဂူမှာလည်းငါမှေးအိပ်ခဲ့ ပြီးပြီ..။

အိမ်အပြန်လမ်း
အမေနဲ့ တွေ့ မှနမ်းမယ့်
ငြိမ်းချမ်းရေးနှင်းဆီ
ငါ့ရင်ဘက်မှာသွေးတစ်စက်လိုနီနေတယ်...။

ချစ်သူကလေးရေ
မြို့ တံခါးကိုဖွင့်
မီးအိမ်တို့ နှင့်အတူကြိုပါ..
လရောင်စက်တဝေေ၀နဲ့ 
သင့်ရဲ့ နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ ကြယ်ကို
ခူးယူလာပေးမှာပေါ့ကွယ်................

No comments:

Post a Comment