" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, February 26, 2011

သက်ပြင်းတစ်ခု၏ အာသီသ

၁။ အမယ်ဘုတ်ရဲ့ သူ့ချည်ငင်
၂။ အဆုံးမဲ့ကျယ်ပြန့်တဲ့ ပင်လယ်ပြင်
၃။ ပုထုဇဉ်တို့ရဲ့ သံသရာစဉ်
၎။ ရေပုံးကြိုးကို ဆွဲငင်ရင်း
၅။ ချမိတဲ့ ငါ့သက်ပြင်း
၆။ အင်း..ကောင်းကင်တမျှ ရှည်လျားကျယ်ပြန့်ခြင်း
၇။ အတွေးအမျှင်တွေ ဆန့်ထုတ်ရင်း
၈။ ဟို့ဟိုအဝေး အဝေးတဖက်မှာ ငေးရင်း
၉။ ကုန်ဆုံးသွားတဲ့ ပြက္ခဒိန်တွေကို ဆွဲဆုတ်ရင်း
၁၀။ ထွက်ကျလာတဲ့ အချိန်တွေကို ဆွဲဆန့်ဖို့ ကြိုးစားရင်း
၁၁။ ယက်ကန်းသည်ရဲ့ လက်ခတ်သံကို နားဆင်ရင်း
၁၂။ ငြိမ်းချမ်းရေးဂျိုးငှက်ရဲ့ တောင်ပံခတ်သံ
ငြိမ်းချမ်းရေး စကားသံတွေကို နားထောင်ရင်း
၁၃။ ပွင့်နေတဲ့ (ပွင့်ခါနီး)တံခါးတွေ မပိတ်စေချင်
၁၄။ လင်းလက်နေတဲ့ အရုဏ်ဦးနေ့သစ်တွေကိုဘဲ မြင်ချင်
၁၅။ ညမနက်တိုင်း အမေ့ထမင်းဝိုင်းလေးမှာပဲ
အမြဲတန်းထိုင်ချင်မိတယ်လေ။

မေ့သားလှ (ဇလဂ္ဂ)
၂၆-၀၂-၂၀၁၀

No comments:

Post a Comment