၁။ သီရိမဟာ စတုရင်္ဂဗလအမတ်ကြီး (မြန်မာ ၆၇၅-ခန့် ၇၂၇-ခန့်)သည် လောကနီတိကျမ်းကို ဓမ္မပဒ၊ သံယုတ်၊ ဇာတ်၊ သုတ္တနိပါတ်စသော ဘုရားဟောကျမ်းဂန်များမှလည်းကောင်း၊ စာဏကျနီတိ၊ ဟိတောပဒေသ စသော သက္ကဋကျမ်းများမှ လည်းကောင်း ရွေးထုတ်၍ အပိုင်း(၇) ပိုင်းခွဲကာ ပြုစုခဲ့ပါသည်။ ယင်လောကနီတိကျမ်းကို ပင်းယခေတ်ကျမ်းစာ အဖြစ် သတ်မှတ်ရမည်ဖြစ်ပါသည်။
၂။ လောကနီတိကျမ်း၏ မှီရာနိဿယကို ဘကြီးတော်မင်းလက်ထက် သက္ကရာဇ် ၁၁၉၆ ခုနှစ်တွင် စက္ကိန္ဒာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မ ရာဇာဓိရာဇာ ဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးဗုဓ်က အနက်မြန်မာ ပြန်ဆိုထားပါသည်။
လောကနီတိကျမ်း၏ ဂုဏ်နှင့်အကျိုး
လေ့လာသင်ကြားသူအဖို့ လောကနီတိကျမ်းသည်
(၁) သာရော- အနှစ်သာရမည်၏။
(၂) မာတာပိတု- မိဘသဖွယ်ဖြစ်၏။
(၃) အာစရိယော- ဆရာသမားနှင့်တူ၏။
(၄) မိတ္တော- မိတ်ဆွေနှင့်တူ၏။
ဟူသော ကျမ်း၏ ဂုဏ်လေးမျိုးကို မှတ်သားရာ၏။
(၁) ဥာဏီ- ဥာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း။
(၂) မဟာ- ကြီးကျယ်မြင့်မြတ်သူ ဖြစ်နိုင်ခြင်း။
(၃) ဗဟုဿုတော- အကြားအမြင် ဗဟုသုတများနိုင်ခြင်း။
ဟူသော အကျိုးသုံးပါးကို ရနိုင်ပါဟည်။
*မရှိပညာ၊ ဤလူ့ရွာ၌၊ ကျမ်းစာနီတ၊ိ တတ်မသိက၊ မျက်စိစုံကန်း၊ လူဖြစ်ဆန်းမှ၊ျ ပေါက်ပန်းပမာ၊ မှတ်ဘို့ရာ၏။ (မဃဒေဝ)*
မေ့သားလှ-ဇလဂ္ဂ)
No comments:
Post a Comment