" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, April 2, 2011

ကိုရင်လေးပေ မို့ ပဲ

ကိုရင်လေးပေမို့

အထင်သေးလေရောသလားကွယ်

နှလုံးသာမှာ သံမဏိထည်မို့

မြူဆွယ်မယ် ပုံစံမျိုးရယ်နဲ့

ကြိုးစားနဲ့ကွယ်


တင်ပါးကျယ် ရင်သားထည်ထည်နှင့်

ဆင်ထားတယ် လည်ဟိုက်ဘလောက်တွေနဲ့

ဒေါက်ဖိနပ် လေဒီရှူး

ပလူးချင်သလို ပလူးပြပေမယ့်

“အရူးမ” လို့ပဲ တို့ထင်တယ်


နုနယ်ပျိုမြစ်

ကျောက်ဆစ်ရုပ် လက်ရာလို

ခြောက်ပစ်တောင် ကင်းရင်ကင်းပါဦး

လှတစ်မျက်နှာ ယဉ်တကိုယ်လုံးပေမယ့်

ဇရာဖုံးရင် အလှတုံးမှာမို့

လုံးလုံး စိတ်မချရ

သြော် …. အနိစ္စပါလားကွယ်

သွားညှက်ညှက် ပါးနှစ်ဖက်ဘယ်ညာ

တို့များ မက်လေမလားလို့

တို့ထားတဲ့ ပရိုဗီနာမ်

ခရင်(မ်)သုတ်သမျှဟာလည်း

ဩော်… ဒုက္ခပါပဲကွယ်


သမင်မျက်လုံး

မူယာတွေ သုံးကာသုံးကာနဲ့

ရှက်ပြုံးကလေးကြွ မျက်ခုံးလှလှနဲ့

မက်လုံးတွေ ပေးကာပြသော်လည်း

အသက်ဆုံးကာကြ

အလှဆို ရှာမရသည်မို့

အနတ္တပဲလို့ မြင်တယ်နော်


ဆင်ခြင်ပေါ့ ဒကာမလေးရယ်

အလှသွေးကြွယ်သော်လည်း

တို့မယ်လေ သုံးထွေသာသနာကို

ရှည်ကြာအောင် စွမ်းဆောင်ရမည်မို့


လွမ်းအောင်လေ မင်းတို့ချွဲသော်လည်း

ဩော်… ဆောရီးပါပဲ

အမည်မသိ ကလောင်ရှင်တဦး

From the forward mail

Friday, April 1, 2011

စိတ်ကူးယဉ် အိပ်မက်တစ်ခု ကြေကွဲမှုမှတ်တမ်း

ကြေကွဲရိပ်ဆင် လွမ်းရိပ်ထင်အောင်


မြင်ယောင်တမ်းတ လွမ်းရသက်ဆင်း


ဖန်ဆင်းတတ်စွ … အို ညီမ… ဟု


ဖွဖွကျွန်ုပ် ညွှန်းဆိုထုတ်၍


တစ်ပုဒ်ကဗျာ ရေးဖွဲ့ပါသော်…


ဆယ်ခါဆယ်မိုး လက်ကိုချိုးရေ


ကိုယ်လေတမ်းတ လွမ်းပါရသည့်


နှမသစ္စာ လှသူဇာကို


အိပ်မက်ဖြင့်ပင် မခွဲချင်ဘဲ


မပစ်ခါသွေ ချစ်ခါနေချင်


စူးဝင်စွဲလန်း ငါ့အသဲပန်းသည်


အော်…ခုမှာတော့ဖြင့်


ကြွေနွမ်းကျေလျက်


ချို့ယွင်းပျက်ခဲ့ရချေပြီ။


(ကြွေနွမ်းကျေလျက် ရင်မှဆင်းသက်ခဲ့လေပြီ)။


ချစ်သက်နှင်းစံ မထိုက်တန်ဟု


ဘဝကံတွေ ခြားခဲ့လေ၍


မိုးနွေဆယ်လီ ဆောင်းဆယ်လီခါ


ပြောင်းစေပါလည်း (ကြာစေပါလည်း)


ချစ်မိုးထန်သည်း အချစ်ချည်းမြင်


နှမခင်ကို


ကိုယ်လေ ဘယ်သောခါမှ

အပြစ်မမြင်


ကိုယ့်ရဲ့ဖြစ်အင် ကြောင်းစုံလင်ကို


ကိုယ်လေ ဘယ်သောခါမှ


မပြောပြချင်


ကိုယ့်ဘဝကိုသာ အပြစ်တင်


သက်ထားမြင်လှည့် ရှု့စေချင်။


…မပြည့်လေနိုး ပြည့်လေနိုးနှင့်


မျှော်ကိုးမိကြောင်း


ကိုယ့်ဆုတောင်းသည်


အော် … အိပ်မက်တစ်ခု

ကြေကွဲမှုပါတကား။


….ဝေးကွာခဲ့ရတဲ့ ရက်တွေ

ပန်းသက်သေ ရေလိုအေးပါစေ ဟု


ဆုတောင်းရင်း


မျက်ဝန်းထဲမှာ မိုးတွေရွာနေလျက်


(မေ့သားလှ-ဇလဂ္ဂ)

၀၁-၀၄-၂၀၁၁ နေ့


(ညီမလေး၏) မင်္ဂလာဆွမ်းကပ်

မြင်ယောင်မှုမှတ်တမ်း