" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, July 14, 2013

ပညာရိပ်သာ၏ ခံယူချက်

ရိုးရိုးနဲ့ ၊ ရဲရဲ
အမျိုးဘာသာ၊ သာသနာအတွက် အားခဲ၊
တဝမ်းနဲ့တစိတ်ထဲ၊ ရှေ့လျှောက်ဖို့ အမြဲ။





ပညာလည်းရှိ၊ ခေတ်လည်းကြည့်၊ ယုတ္တိရှာတတ်စေ။
သုတပညာ၊ အရာရာ၊ ဘယ်ခါမလပ်၊ ရှာဖွေအပ်။



ပညာရိပ်သာ ပဓာနနာယကဆရာတော်
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
(Triple Dip, Double M.A, Ph.D)
ပရိယတ္တိသာမဏေကျော်
ဝိနယမဟာသူရသာမဏေကျော်
သုဗောဓကသာမဏေကျော်
သုဗောဓကဓမ္မာစရိယ
သာသနဓဇဓမ္မာစရိယ
ဝိနယဝိဒူ
အင်္ဂုတ္တရနိကာယဝိဒူ

ပညာရိပ်သာကျောင်း
ယူအီးတိုးချဲ့(၁) ရပ်ကွက၊်(၅၀ ကွေ့အနီး)
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး
dr.sutacara@gmail.com
ဖုန်း ၀၉-၄၃၀၆၄၉၆၉

 


Thursday, September 20, 2012

စာပေအကျင့် စွယ်စုံတင့်(မွေးနေ့အမှတ်တရ)



အမျိုးဘာသာ သာသနာ
ကမ္ဘာအသိ စာအရှိမို့
ပီတိနှလုံး ရွှင်ကြည်ပြုံးလျက်
ပျက်သုဉ်းခန္ဓာ မငဲ့ညှာဘဲ
ရှည်ကြာမျှော်တွေး ရဲသွေးအပြည့်
အားမာန်ဖြည့်၍
 ရှိသည့်ခွန်အား စွမ်းပကားဖြင့်
ဘုရားမြတ်စွာ သာသနာ
 ဝေဖြာဆင့်ဆင့် မြင့်သထက်မြင့်ဖို့
မားမားလွင့်လွင့် တင့်သထက်တင့်ဖို့
ငွါးငွါးစွင့်စွင့် ပွင့်သထက်ပွင့်ဖို့
အကျင့်နှင့်စာပေ စာပေနှင့်အကျင့်
စွယ်စုံတင့်လော့၊
အားကြိုးမာန်ဆင့် လုပ်ဆောင်ကျင့်လော့၊

စိတ်ဇွဲသည်သာ အခရာမို့
စိတ်ဓာတ်ပျိုမြစ် စွမ်းအားသစ်ဖြင့်
ဖြစ်အောင်လုပ်မည် စိတ်သန်ရည်လျက်
စိတ်ယုံကြည်ချက် အားမာန်ဖက်၍
ထက်သန်စိတ်ဓာတ် မြင့်မြတ်နှလုံး
အစဉ်သုံးသော် နောက်ဆုံးပန်းတိုင်
သင်-လှမ်းကိုင်နိုင်လိမ့်။

အရှင်သုတာစာရာလင်္ကာရ( မေ့သားလှ-ဇလဂ္ဂ)
အသက် လေးဆယ်ပြည့် မွေးနေ့အမှတ်တရ
၂၁-၀၉-၂၀၁၂(သောကြာနေ့)။
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ကြည့်ပါစေ
မေတ္တာဖြင့်

Thursday, June 28, 2012

စိတ်အားသန် ဆရာတစ်ဖြစ်လဲ။


ရာဇဂြိုဟ် ပြည်ဌာန နာလန္ဒတက္ကသိုလ်
ပညာတွေ မချို့ရအောင်ပ
လှမ်းခဲ့သကို။
ဘဝတစ်သက်မှာလ
ပညာကို ဝေဖြာစေဖို့
ကြိုးစားကာ အားထုတ်သင့်တာကြောင့်
ညီးငြူရှာ ချောင်ခိုကာ
မနေအားနိုင်ပါဘု
အားခဲရသကို။
တက္ကသိုလ် ကျောင်းကနက်မှာလ
နှစ်လကို ရေကာတွက်ပြန်တော့
သုံးနှစ်ကယ် စွန်းစွန်းရယ်နဲ့
ဆက်လက်ရမြဲ။
တွေးပါသော်
ရှေးခါတော် ဟိုတစ်ခေတ်ဆီက
နာလန္ဒာ မြို့ဒေသကို ပြန်မျှော်ကြည့်ပြန်တော့
သာသနာဝေဖြာခဲ့သော်လည်း
ခုချိန်ခါ သာသနာ ကြမ္မာငင်ရော့ထင့်
အော် ယခုအခါ မိမိမှာ
စာသဘင်အထူး ပန်ဆင်ခူးဖို့
ရွှင်မြူးနေ့စဉ် စိတ်ကြည်လင်၍
သဒ္ဓါအမြစ်က စွဲပြန်ရသမို့
အလင်းတွေရောက် တော်တော်လေး ခရီးပေါက်ခဲ့ပြီပ
စိတ်အားသန် ဆရာတစ်ဖြစ်လဲ။
မှတ်ချက်။ မိမိ ပါရဂူဒေါက်တာတန်း အတွက် သုံးနှစ်ကျော်ကြာ ပညာသင်ရာ နာလန္ဒာတက္ကသိုလ်မှာ မိမိပညာသင်ယူနေရပုံ၊ မိမိစွမ်းနိုင်သမျှ ပြန်လည် ပညာဖြန့်ဖြူးခဲ့ပုံ၊ မိမိတတ်နိုင်သလောက် ပြန်လည် စာသင်ပေးပုံလေးများကို တက္ကသိုလ်ဘဝမှတ်တမ်းလေး အဖြစ် ရေးသားခြင်းဖြစ်ပါသည်။
အရှင်သုတာစာရာလင်္ကာရ (မေ့သားလှ-ဇလဂ္ဂ)
၁-၃-၂၀၁၂