" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, June 28, 2012

စိတ်အားသန် ဆရာတစ်ဖြစ်လဲ။


ရာဇဂြိုဟ် ပြည်ဌာန နာလန္ဒတက္ကသိုလ်
ပညာတွေ မချို့ရအောင်ပ
လှမ်းခဲ့သကို။
ဘဝတစ်သက်မှာလ
ပညာကို ဝေဖြာစေဖို့
ကြိုးစားကာ အားထုတ်သင့်တာကြောင့်
ညီးငြူရှာ ချောင်ခိုကာ
မနေအားနိုင်ပါဘု
အားခဲရသကို။
တက္ကသိုလ် ကျောင်းကနက်မှာလ
နှစ်လကို ရေကာတွက်ပြန်တော့
သုံးနှစ်ကယ် စွန်းစွန်းရယ်နဲ့
ဆက်လက်ရမြဲ။
တွေးပါသော်
ရှေးခါတော် ဟိုတစ်ခေတ်ဆီက
နာလန္ဒာ မြို့ဒေသကို ပြန်မျှော်ကြည့်ပြန်တော့
သာသနာဝေဖြာခဲ့သော်လည်း
ခုချိန်ခါ သာသနာ ကြမ္မာငင်ရော့ထင့်
အော် ယခုအခါ မိမိမှာ
စာသဘင်အထူး ပန်ဆင်ခူးဖို့
ရွှင်မြူးနေ့စဉ် စိတ်ကြည်လင်၍
သဒ္ဓါအမြစ်က စွဲပြန်ရသမို့
အလင်းတွေရောက် တော်တော်လေး ခရီးပေါက်ခဲ့ပြီပ
စိတ်အားသန် ဆရာတစ်ဖြစ်လဲ။
မှတ်ချက်။ မိမိ ပါရဂူဒေါက်တာတန်း အတွက် သုံးနှစ်ကျော်ကြာ ပညာသင်ရာ နာလန္ဒာတက္ကသိုလ်မှာ မိမိပညာသင်ယူနေရပုံ၊ မိမိစွမ်းနိုင်သမျှ ပြန်လည် ပညာဖြန့်ဖြူးခဲ့ပုံ၊ မိမိတတ်နိုင်သလောက် ပြန်လည် စာသင်ပေးပုံလေးများကို တက္ကသိုလ်ဘဝမှတ်တမ်းလေး အဖြစ် ရေးသားခြင်းဖြစ်ပါသည်။
အရှင်သုတာစာရာလင်္ကာရ (မေ့သားလှ-ဇလဂ္ဂ)
၁-၃-၂၀၁၂

No comments:

Post a Comment