" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, June 18, 2012

လောကစက္ခုသခင် မြတ်အရှင်


ကျေးဇူးတော်အရှင်...ဂုဏ်တော် အနန္တ
ကြီးများ မြင့်ခေါင်...ချုံ့ ချဲ့ မကုန်
ဂုဏ်ပေါင်းစုံတို့ ...ထူးခြားဆန်းထွေ
... ကြယ်နှယ်များပြား...ကရုဏာမျက်လုံး
တို့ ၏ အရှင်...

ကမ္ဘာအရှေ့ အနောက်..ပျံ့ နှံ့ တန်ခိုးတော်
ဘုန်းအာနုဘော်နှင့်...စောင့်ရှောက်များပြား
သတ္တ၀ါများကို...သနားညှာတာ
ဆောင်ကျဉ်းကာဖြင့်...တရားရေအေး
အမြိုက်ဆေးကို...ကြိုးစားတိုက်ကြွေး
ပီယစက္ကုတို့ ၏အရှင်...

တိုးတက်စေရာ...စေတနာဖြင့်
မြန်ပြည်တိုင်းသား...လူအများကို
နေ့ ညဥ့်မပြတ်...ကျိုးစားသာသနာ
ပြုနေရှာသော...မြင့်မြတ်လှစွာ
ဆရာသခင်...ထိုအရှင်အား
ငါ၏အသည်းနှလုံး ...ရွှေပန်းကုန်းသို့ 
ညွတ်နူးခ,ယ...သိမ်းကြုံးယူငင်
ခေါ်ဆိုချင်သည်....
လောကစက္ခုသခင်...မြတ်အရှင်...။

*************************
(ရှင်မိုး)

No comments:

Post a Comment