" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။
Showing posts with label နှစ်သက်မိသော အဆိုအမိန့်လေးများ. Show all posts
Showing posts with label နှစ်သက်မိသော အဆိုအမိန့်လေးများ. Show all posts

Thursday, February 16, 2012

စာပေနှင့်စပ် သိမှတ်စရာ


ကျမ်းစာဖတ်နည်း နိဿရည်း

၁။ မိမိနှင့် သင့်တော်သော ကျမ်းစာကိုရလျှင် နေ့စဉ်မှန်မှန် ကြည့်ရှု့ကာ နိဒါန်းမှ စ၍ နိဂုံးတိုင်အောင် ကြည့်ရှု့သင့်ပါသည်။ (နိဒါန်း၌ ကျမ်းစာ၏ ရည်ရွယ်ချက်များ ပါရှိတတ်၍ နိဂုံး၌ ကျမ်းဆရာ၏ အကြောင်း အတ္ထုပ္ပတ္တိ ဖြစ်စေ၊ အရေးကြီးသော အကြောင်းအရာ ဖြစ်စေ ပါရှိတတ်သည်)။

၂။ ထိုကျမ်းစာ၌ ကြည့်ရှု့ရင်းပင် မိမိ နှစ်သက်ဖွယ် အချက်များကို သို့မဟုတ် မိမိသဘောအားဖြင့် မသင့်ဟု မှတ်ထင်ရသော အချက်များကို သို့မဟုတ် မိမိချည်း မဆုံးဖြတ်နိုင်၍ ပညာရှိထံ မေးဖွယ်အချက်များကို အောက်ခြေက မင်သား၍သော်လည်း ထားပါ။ သို့မဟုတ် စာမျက်နှာနံပါတ်ကိုသော်လည်း မှတ်သားထားပါ။

၃။ အားလပ်ခွင့်ရသောအခါ ထိုမှတ်သားထားသော အချက်များကို သဘောကျလျှင် ထပ်ကာထပ်ကာ ကြည့် သို့မဟုတ် ကျက်ထားပါ။ သဘောမကျလျှင် ပညာရှိနှင့်တွေ့က (နားလည်သူနှင့်တွေ့က) မေးမြန်းပါ။

ဤကဲ့သို့လေ့လာကြမှသာ မိမိမှာ အကြားအမြင် ဗဟုသုတတိုးပွားသူဖြစ်၍ အရာရာ စဉ်းစားနှိုင်းချိန် လေ့ရှိကာ ကျမ်းစာကြည့်ရှု့ရကျိုး နပ်ပါလိမ့်မည်။

(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)။

ဟိတောပဒေသ။ ။ အကြင်သူမှာ မိမိကိုယ်ပိုင် ဥာဏ်မရှိ။ ထိုသူ့မှာ ကျမ်းစာသည် အသုံးမဝင်၊ မျက်စိမမြင်သူမှာ အဖိုးထိုက် အဖိုးတန် ကိုယ်လုံးပေါ် မှန်ကြီးကို ဘယ်လို အသုံးချမည်နည်း။ ။

ဖတ်ဖူးအုပ်ရေ နည်းသော်လည်း

တစ်သက်လုံး စာအုပ်အစိတ်၊ သုံးဆယ်သာ ဖတ်ဖူးသော်လည်း စာအုပ်ပေါင်း ငါးရာလောက် ဖတ်ဖူးသူထက် ပိုတော်သည့် ပုဂ္ဂိုလ်တွေကို တွေ့ဖူးသည်။ သူတို့က ဖတ်ရသလောက် သဘောပေါက်နားလည်အောင် စေ့စေ့စပ်စပ် ဖတ်ကြသူများ ဖြစ်ကြသည်။ ။ (ဆွိဒ်မာဒင်)။

စာကိုဘယ်လိုဖတ်ရမည်နည်း

စာကို ကလေးများဖတ်သလို စိတ်ပျော်ချင်လို့တော့ မဖတ်ပါနှင့်။ ကြီးမြင့်သူများကဲ့သို့ သူတစ်ပါးကို ဆရာလုပ်ရန် မဖတ်ပါနှင့်။ ကိုယ့်ဘဝတွင် လိုက်နာကျင့်ကြံနေထိုင်သွားရန်အတွက်သာ ဖတ်ပါ။ (ဂတ်စတေ့ဖလောဗတ်)။ ။

စာကပေးသည့် အားသစ်ခွန်သစ်

စာကိုဖတ်ခြင်းဖြင့် အသိပညာ၏အာဟာရကို တွေ့ရှိရလေ၏။ စာဖတ်ပြီးသောအခါ စာကိုစဉ်းစားတတ်မှသာ အသိပညာ၏ အာဟာရကို ရပေလိမ့်မည်။ ကျွန်ုပ်တို့က အသိပညာ၏ အာဟာရကို တွေ့ရုံမျှသာ စာကိုမဖတ်ဘဲ ထိုအာဟာရကို ကျွန်ုတို့အတွက် အားသစ်ခွန်သစ် ဖြစ်အောင် စဉ်းစားရပေ၏။ (ဂျွန်လောက်)။ ။

စာအုပ်အားလုံးကို မဖတ်နိုင်

စာအုပ်ကောင်းများကို အရင်ဖတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သင်သည် စာအုပ်အားလုံးကို ဖတ်ရန် အခွင့်အခါ သင့်မည် မဟုတ်ပေ။ (သိုရူး) ။

မေးမြန်းပါ

အကယ်၍ ကျွန်ုပ်တို့သည် တကယ့်ပညာရှင်တစ်ဦးနှင့် ဆုံးစည်းကြုံကြိုက်လျှင် ထိုပုဂ္ဂိုလ် မည်သည့်စာအုပ်များဖတ်သည်ကို မေးမြန်းသင့်ပေသည်။ (အီမာဆင်)။ ။

စကားပုံ။

စာတွေ့ကို ဥာဏ်ယှဉ်၍သုံး။ (အင်္ဂလိပ် စကားပုံ)။

တိုးတက်သောလူမျိုးသည် စာဖတ်ကြ၍ စာဖတ်သော လူမျိုးသည် တိုးတက်၏။ (တရုတ်စကားပုံ)။ ။

အဖိုးအနဂ္ဃ

သစ္စာတရား၊ ဥာဏ်ပညာ၊ အဆုံးမသြဝါဒ၊ အသိပညာတို့ကို ငွေကြေးအကုန်ကျခံ၍ လေ့လာဆည်းပူးလော့။ ယင်းတို့သည် အဖိုးအနဂ္ဃ ထိုက်သည်ဖြစ်၍ ငွေကြေးနှင့် မလဲနှင့်။ (ရှောလမုန်မင်းကြီး)

အသိနှင့် ကိုယ်ကျင့်

အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်း မကျင့် နိုင်လျှင် သိနေရုံဖြင့် အကျိုးမရ၊ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူများ၊ အဆုံးအမ များများ ခံရသူတို့သည် အသိမနည်းလှ။ သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ၊ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေ ပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။

(တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)

စာပေလည်းသင် အကျင့်ပြင်

စာပေလည်း သင်၊ အကျင့်ပြင်၊ မြှင့်တင် သာသနာ၊

စာပေတတ်သိ၊ စိတ်ကောင်းရှိ၊ လို၏ သာသနာ။

(မဟာသုဗောဓာရုံ ဆရာတော်ကြီး)



မေ့သားလှ(ဇလဂ္ဂ)

စုစည်းတင်ပြသည်။

Tuesday, January 17, 2012

မှတ်သားဖွယ် အဆိုအမိန့်လေးများ

စစ်မှန်သည့် အလှူဒါနဆိုသည်မှာ ပြန်လည်မျှော်ကိုးမှု အလျဉ်းမရှိဘဲ

အခြားသူများ အကျိုးရှိစေရန် စေတနာမှန်ပင် ဖြစ်သည်။

အိမာနုယယ် ဆွီဒန်ဘော့ဂ်ျ

True charity is the desire to be useful to others without though of recompense.

(Swedenbrog, Emmianuel)

အခြားလူများအတွက် အကျိုးရှိစေခြင်းသည်

ဤလောက၌ တခုတည်းသော ပျော်ရွှင်အားရစရာပင်ဖြစ်သည်။

ဟန်းစ်ခရစ်ရှန် အင်ဒါဆင်

To be use of in the world is the only way to be happy.

(Andersen, Hans Christian)

လူသားတို့ ကျူးလွန်သည့် အပြစ်များစွာအနက် ကျေးဇူးကန်းခြင်းလောက် ဆိုးဝါးကြီးမားသည့် အပြစ်သည် မရှိ။

(ရူးပတ် ဘရွတ်ခ်)

If there be a crime of deeper dye than all the guilty train of human vices, it is ingratitude.

(Brooke, Rupert)

စာအုပ်တအုပ်လုံးကို ကတိုက်ကရိုက် ဖတ်သည်ထက်

စာတမျက်နှာကို ကြေညက်အောင်ဖတ်ခြင်းက ပို၍ပင် ကောင်းသေးသည်။

(သောမတ် ဘာဘီတန် မက်ကောလေး)

A page digested is better than a book hurriedly read.

(Macaulay, Thomas Babington)

ကျွန်ုပ်သည် အသက်ကို မြတ်နိုးထားသလို၊ အမှန်တရားကိုလည်း မြတ်နိုးတွယ်တာသည်။

ကျွန်ုပ်သည် နှစ်ခုလုံးကို တပြိုင်နက် မရခဲ့လျှင် ကျွန်ုသည် အသက်ကို စွန့်လွှတ်၍

အမှန်တရားကိုသာ ရွေးချယ်မည်။

(မင်စီးယပ်စ်)

I like life, and I also like righteousness. If I cannot keep the two together, I will let life go and choose righteousness.

(Mencius)

ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ ယုတ်ညံ့တဲ့ အောင်ပွဲထက် စွမ်းအားပိုရှိပါတယ်။

၁၉၆၄-ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာတင်လူသာကင်း နိုဘယ်ဆုယူစဉ်က ပြောကြားသည့်မိန့်ခွန်း။

အနာဂတ်နှင့် ပတ်သက်၍ ကျွန်ုပ်တို့အား မည်သူမှ ဟန့်တား၍ မရ။

(လီယွန် ဂမ်ဘက်တား)

No one can forbid us the future.

(Gambetta, Leon)

ငြိမ်းချမ်းရေးသည် အရာအားလုံးထက်ပို၍ လိုလားတောင့်တစရာ ဖြစ်သော်လည်း

ငြိမ်းချမ်းရေးကို တန်းတူညီမျှသည့် အခြေခံပေါ် ရရှိနိုင်ရေးအတွက် သွေးမြေကျပေးရသည်မျိုး ရှိသည်။

(အင်ဒရူး ဂျက်ဆင်)

Peace, above all things, is to be desired, but blood must something it on equable and lasting terms. (Jackson Andrew)

အောင်မြင်သူ တဦးဖြစ်ရန်ထက် တန်ဖိုးရှိသူ တဦးဖြစ်ရန် ကြိုးစားပါ။

(အဲလ်ဘတ် အိုင်စတိုင်း)

Try not to become a man of success but rather try to become a man of value.

(Einstein, Albert)