" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, January 17, 2012

မှတ်သားဖွယ် အဆိုအမိန့်လေးများ

စစ်မှန်သည့် အလှူဒါနဆိုသည်မှာ ပြန်လည်မျှော်ကိုးမှု အလျဉ်းမရှိဘဲ

အခြားသူများ အကျိုးရှိစေရန် စေတနာမှန်ပင် ဖြစ်သည်။

အိမာနုယယ် ဆွီဒန်ဘော့ဂ်ျ

True charity is the desire to be useful to others without though of recompense.

(Swedenbrog, Emmianuel)

အခြားလူများအတွက် အကျိုးရှိစေခြင်းသည်

ဤလောက၌ တခုတည်းသော ပျော်ရွှင်အားရစရာပင်ဖြစ်သည်။

ဟန်းစ်ခရစ်ရှန် အင်ဒါဆင်

To be use of in the world is the only way to be happy.

(Andersen, Hans Christian)

လူသားတို့ ကျူးလွန်သည့် အပြစ်များစွာအနက် ကျေးဇူးကန်းခြင်းလောက် ဆိုးဝါးကြီးမားသည့် အပြစ်သည် မရှိ။

(ရူးပတ် ဘရွတ်ခ်)

If there be a crime of deeper dye than all the guilty train of human vices, it is ingratitude.

(Brooke, Rupert)

စာအုပ်တအုပ်လုံးကို ကတိုက်ကရိုက် ဖတ်သည်ထက်

စာတမျက်နှာကို ကြေညက်အောင်ဖတ်ခြင်းက ပို၍ပင် ကောင်းသေးသည်။

(သောမတ် ဘာဘီတန် မက်ကောလေး)

A page digested is better than a book hurriedly read.

(Macaulay, Thomas Babington)

ကျွန်ုပ်သည် အသက်ကို မြတ်နိုးထားသလို၊ အမှန်တရားကိုလည်း မြတ်နိုးတွယ်တာသည်။

ကျွန်ုပ်သည် နှစ်ခုလုံးကို တပြိုင်နက် မရခဲ့လျှင် ကျွန်ုသည် အသက်ကို စွန့်လွှတ်၍

အမှန်တရားကိုသာ ရွေးချယ်မည်။

(မင်စီးယပ်စ်)

I like life, and I also like righteousness. If I cannot keep the two together, I will let life go and choose righteousness.

(Mencius)

ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ ယုတ်ညံ့တဲ့ အောင်ပွဲထက် စွမ်းအားပိုရှိပါတယ်။

၁၉၆၄-ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာတင်လူသာကင်း နိုဘယ်ဆုယူစဉ်က ပြောကြားသည့်မိန့်ခွန်း။

အနာဂတ်နှင့် ပတ်သက်၍ ကျွန်ုပ်တို့အား မည်သူမှ ဟန့်တား၍ မရ။

(လီယွန် ဂမ်ဘက်တား)

No one can forbid us the future.

(Gambetta, Leon)

ငြိမ်းချမ်းရေးသည် အရာအားလုံးထက်ပို၍ လိုလားတောင့်တစရာ ဖြစ်သော်လည်း

ငြိမ်းချမ်းရေးကို တန်းတူညီမျှသည့် အခြေခံပေါ် ရရှိနိုင်ရေးအတွက် သွေးမြေကျပေးရသည်မျိုး ရှိသည်။

(အင်ဒရူး ဂျက်ဆင်)

Peace, above all things, is to be desired, but blood must something it on equable and lasting terms. (Jackson Andrew)

အောင်မြင်သူ တဦးဖြစ်ရန်ထက် တန်ဖိုးရှိသူ တဦးဖြစ်ရန် ကြိုးစားပါ။

(အဲလ်ဘတ် အိုင်စတိုင်း)

Try not to become a man of success but rather try to become a man of value.

(Einstein, Albert)

No comments:

Post a Comment