" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, January 14, 2012

အိုမိတ်ဆွေ

(မယိုင်စေနဲ့)

အစိုးမရတဲ့လောကမှာ

ယိုင်ချင်တာ တွေယိုင်သွားပါစေ..
ဒါပေမယ့် ဘ၀ရဲ့ခြေထောက်တွေဖြစ်တဲ့
ကိုယ်ကျင်တရားတော့ မယိုင်စေနဲ့..သူငယ်ချင်း..

(ဘဝရဲ့အသက်)

ကိုယ်ကျင့်သီလဆိုတာ ဘဝရဲ့အသက်ပါ…

အကျင့်သီလမရှိတဲ့ဘ၀ သေနေတာနဲ့

ဘာမှမထူးပါဘူး ....

(ရှိပါစေ)

အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို
ဝေဖန်ပိုင်းခြားနိုင်တဲ့နှလုံးသားအသိတွေ
လက်တွေ့ဘ၀ထဲရှိပါစေ...

(မဖြစ်ပါစေနဲ့ )

ပညာတတ်ကြီးဖြစ်ပါစေ ..
ပြင်ညာတတ်ကြီးတော့မဖြစ်စေနဲ့..

ပညာရှိကြီးဖြစ်ပါစေ ....
ပညာချိကြီးတော့မဖြစ်စေနဲ့..

(ဂုဏ်)

ဂုဏ်လိုချင်လို့အလုပ်မလုပ်ပါနဲ့...
အလုပ်လုပ်ပြီဆိုထဲက ဂုဏ်ကရှိပြီးသားပါ..
ကောင်းတာလေးလုပ်ရင်ကောင်းတဲ့ဂုဏ်လေးရှိမှာပေါ့

(သြော် ...ဒုက္ခ)

အတတ်ပညာမရှိရင် တစ်ဘ၀ပဲဆင်းရဲမယ်..
အသိပညာမရှိရင် ဘ၀သံသရာတစ်လျှောက်လုံး
ဆင်းရဲနေလိမ့်မယ်...

(မြတ်ဗုဒ္ဓ၏ သြ၀ါဒ)

မလေးစားသေးတဲ့လူတွေလည်း
လေးစားသွားအောင်နေပါ...
လေးစားပြီးသားလူတွေလည်း
ပိုလို့ ပိုလို့ လေးစားသွားအောင်နေလိုက်ပါ။

အိုမိတ်ဆွေ

လူရယ်ဖြစ်လာ ဤကမ္ဘာမှာ၊
စရိုက်မိုးစုံ တွေ့ လိုရယ်မကုန်၊
ကောင်းတာတွေ အတတ်သင်လို့ ၊
ဝမ်းစာအတွက် ရှာရခက်လည်း၊
ရိုးသားစိတ်ဓာတ် မွေးမြူတတ်စေ၊
အိုမိတ်ဆွေ....။

လောကပတ်ဝန်း လှဝန်းသစ်သို့ ၊
ဖန်းတီးတည်ဆောက်ရာတွင်
ပြဌန်းဥပဒေ မလွှဲမသေ၊
လိုက်နာစည်းကမ်း ရှိကြစမ်းလို့
မပြောပဲသိ စည်းကမ်း ရှိစေ၊
အိုမိတ်ဆွေ....။

နိင်ငံတကာ ယှဉ်လာအံ့ သော်၊
သူများနည်းတူ အတုယူလို့ 
ခက်ခဲနက်နဲ ပုစ္ဆာများလည်း
ရှင်းလင်းတတ်စေဖို့ 
ပညာ ကြိုးစားတတ်စေ၊

အိုမိတ်ဆွေ...။

စိတ်ဓာတ် စည်းကမ်း ပညာ
ဤသုးံဖြာကို လူမှန်သမျှ
သိမှတ်လိုက်နာ ကျင့်ကြံစေဖို့၊

မမေ့ မလျော့  သင့်ပေ

အိုမိတ်ဆွေ..။

တဆင့် ဖြန့် ဝေငှတာပါ။

These messages were sent while you were offline.

ဆရာလေး Rupa Singi

မှတ်ချက်။ မှတ်သားစရာ ကောင်း၍ မိမိဘလော့မှာ ထပ်ဆင့် မျှဝေလိုက်ပါသည်။

ခုတလော့ ကျန်းမာရေးသိပ်မကောင်းလှသဖြင့် စာမရေးဖြစ်သောကြောင့်လည်း ယခုကဲ့သို့ ကောင်းနိုးရာရာ စာတိုပေစလေးများကို ထပ်ဆင့် မျှဝေရပါကြောင်း။

မေ့သားလှ-(ဇလဂ္ဂ)

အားလုံးကျန်းမာကြပါစေ။

No comments:

Post a Comment