" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, January 14, 2012

**တဂိုး၏ကဗျာ ဆရာတင်မိုး၏ အတွေးပုံရိပ် **

အကြင် အရပ်၌ စိတ်ဓာတ်သည် ကြောက်ခြင်းကင်း၏ ။
ဦးခေါင်းကို မော့၍ မော်၍ ထား၏ ။
အကြင် အရပ်၌ အသိတရားရှာရာတွင် အတားအဆီးမရှိ ။
လွတ်လပ်၏ ။
အကြင် အရပ်၌ ကိုယ့်အချင်းချင်း မကြင်မနာ ကျဉ်းမြောင်းသေးသိမ်သော တံတိုင်းအကာတို့ဖြင့် ကမ္ဘာလောကကို အစိတ်စိတ် အမြွာမြွာ ဖြစ်မြောက်အောင် ခွဲခြားထားခြင်း မရှိ ။
အကြင် အရပ်၌ မှန်သောစကားတို့ကို ဆိုကြ၏ ။
အကြင်အရပ်၌ မလျှော့တက်ကြွ ၊ ဇွဲလုံးလသည် အပြီးအမြောက် အကောင်းအမွန်သို့ ရောက်အောင် ၊ လက်လှမ်းချီတက်လျက်ရှိ၏ ။
အကြင် အရပ်၌ သမ္ပဇဉ် စမ်းရေကြည်သည် ဓလေ့ကောင်းညှိုးမှိန်ရာ ခြောက်သွေ့သော သဲကန္တာရ၌ လမ်းမပျောက်ဘဲ ရှိနေသေး၏ ။
အကြင်အရပ်၌ အမြဲသဖြင့် တွေးခေါ်ကျယ်ပြန့် ၊ မျှတယူဆ ၊ ပြုမူကြအောင် ၊

အဖသခင် ကျေးဇူးရှင်သည် ၊ လူခပ်သိမ်းကို ဦးဆောင်လျက်ရှိ၏ ။
အဖသခင် ကျေးဇူရှင် ထိုအရပ်၌ အကျွန်ုပ်၏ နိုင်ငံသည် နိုးထ ပွင့်လန်းပါစေသတည် ။




**where the mind is without fear** by

(Rabindranath Tagore)

where the mind is without fear
and the head is held high,
Where knowledge is free:
Where the world has not been broken up
into fragments by narrow domestic walls,
Where words come out from the depth of truth;
Where tireless striving stretches its arms
towards perfection;
Where the clear stream of reason
has not lost its way into the dreary
desert sand of dead habit;
Where the mind is led forward by
thee into ever- widening thought and action
into the heaven of freedom,
My Father, let my country awake.

copy from = The Wondering Minstrels

— with Tin Moe Lwin.

No comments:

Post a Comment