" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, January 16, 2012

သီတဂူဆရာတော်ဘုရားကြီး၏သြ၀ါဒကထာ


သာသနာပြုတာဝန် ၂ ရပ် Missionary and Ministry"

လူသာလျင် အကြီးကျယ်ဆုံး

ရှေးဦးစွား သီတဂူဆရာတော်ကြီးကို ပူနေးကျောင်းသားများက အသံပြိုင်ကန်တော့ကြသည်။ ထိုနောက်ဆရာတော် အမိန့်ရှိသည်မှာ ငါအမြဲတမ်းကြော်ငြာထားတဲ့ ဆောင်ပုဒ်တစ်ပုဒ်ရှိတယ် မင်းတို့အားလုံး ရကြလိမ့်မည်ဟု မျော်လင့်တယ်။ There is nothing great in the world but man. ကမ္ဘာမှာ လူက လွဲလို့ ကြီးကျယ်တာ ဘာမှမရှိဘူး။ လူသည် ဘုရားလည်းဖြစ်နိုင်တယ်၊ ပစ္စေကဗုဒ္ဓါလည်း ဖြစ်နိုင်တယ်၊ ရဟန္တာလည်းဖြစ်နိုင်တယ်၊ စကြာဝတေးမင်းလဲဖြစ်နိုင်တယ်၊ ဘုရင်လဲဖြစ်နိုင်တယ်၊ ဗြဟ္မာလည်းဖြစ်နိုင်တယ်၊ နတ်လည်းဖြစ်နိုင်တယ်၊ သကြားလည်းဖြစ်နိုင်တယ်၊ အဲ--ယုတ်စွအဆုံး မစင်စားတဲ့ ခွေးလည်းဖြစ်နိုင်တယ်။ လူက အကုန်ဖြစ်နိုင်တဲ့ ဘ၀ပဒေသာကြီးပေါ့၊ အ၀ီစိသွားချင်လည်းရတယ်၊ လူ့ဘ၀ဟာ လမ်းဆုံးပဲ (junction of the world). အဲဒါကြောင့် မင်းတို့တစ်တွေ အထက်သွားမလား အောက်ဆင်းမလား၊ နှစ်ခြောင်းထောက်ကနေ လေးခြောင်းထောက် သွားခြင်သလား။

လူထဲက အကြီးကျယ်ဆုံးတရား

နောက်တစ်ခုက There is nothing in man but character and wisdom. လူမှာလည်း သီလနှင့်ပညာထက် ကြီးကျယ်တာ ဘာမှ မရှိဘူး၊ သီလနှင့်ပညာနုတ်လိုက်ရင် လူမှာ ဘာမှ မရှိတော့ဘူး။ လောကကြီးတခုလုံးသည် အထူးသဖြင့် သတ္တလောကကြီးတခုလုံးမှာ လူဟာ အကြီးကျယ်ဆုံးပဲ၊ Great ပဲ၊ လူ့သန္တာန်မှာလဲ ပညာနှင့် ကိုယ်ကျင့်တရားဟာ Great ပဲ၊ အကြီးအကျယ်ဆုံးပဲ၊ အဲဒီနှစ်ခု နုတ်လိုက်ရင် လူဟာ Meaningless ပဲ၊ အဓိပ္ပါယ်မရှိဘူးပေါ့၊ သူဋ္ဌေးပဲဖြစ်ဖြစ်၊ ဘုရင်ပဲဖြစ်ဖြစ်၊ ပညာမဲ့နေရင် အလကားပဲ။

ဘုရင်ဆိုတာ

ဘုရင်ဆိုတာ တိုင်းပြည်ရဲ့ service ပဲ၊ တိုင်းပြည်နှင့်လူမျိုးအတွက် service ပေးနိုင်ဘို့ရန် သူတို့ရဲ့ investment (အရင်းအနှီးက) က ကိုယ်ကျင့်တရားနှင့် ပညာပ ဒီနှစ်ခုပဲ။ King တို့ Government တို့ဆိုတာ တိုင်းပြည်ရဲ့ service အလုပ်အကြွေးပဲ။ service (အလုပ်ကြွေး) ဖြစ်ဘို့ရန် character (သီလ)နှင့် wisdom (ပညာ) လိုအပ်တယ်။ wisdom ဆိုတာကို ပြန်ပြောင်းပြောရင် education ပဲ။ အဲဒီနှစ်ခုကင်းမဲ့နေရင် အဲဒီဘုရင်ဟာ တိုင်းပြည်အတွက် အသုံးမကျဘူး၊ အဲဒီအစိုးရဟာလည်း အသုံးမ၀င်ဘူး။ အဲဒီတော့ မင်းတို့တတွေ အခု ပညာသင်နေကြတယ်၊ ကျောင်းတက်နေကြတယ်၊ ဘာလုပ်ဘို့လဲ။ Ph.D ဘွဲ့တွေချိတ့်ပီး ဘာလုပ်မလဲ။

သာသနာပြုတာဝန် ၂ ရပ်

စောစောက လောကအကြောင်းကို အတိုချုပ်ပြီးပြောခဲ့တယ်။ သာသနာမှာလည်း Ministry ရယ် Missionary ရယ် နှစ်ခုရှိတယ်။ အဲဒီ နှစ်ခုကို မင်းတို့တတွေ လုပ်ရမယ်။

Missionary ဆိုတာက

Missionary ဆိုတာက လူ့လောကကြီးမှာ moral (ကိုယ်ကျင့်သီလ)၊ mental, spiritual (စိတ်ဓာတ်)၊ နှင့် intellectual (အသိဥာဏ်) ဆိုပြီး အခြေခံသုံးခုရှိတယ်။ Missionary means doing and works on the development of morality, mentality and intellectuality. အဲဒီသုံးခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းသည်ပင် Missionary ခေါ်တာပဲ။

Mean why we must do service for the mission and country. Service ဆိုတာ humanity works ပဲ၊ Social works ပဲ၊ Material Life အတွက်ပဲ၊ ရုပ်လောကကြီးကို အကျင့်ကောင်းအောင် သင်ပေးတာ စိတ်ဓာတ်ကောင်းအောင် သင်ပေးတာ ပညာတက်အောင် သင်ပေးတာ၊ ဒါက Religious Leaders (ဘာသာရေး ခေါင်းဆောင်) တွေအတွက် ဒီနှစ်ခုဟာ မဖြစ်မနေလုပ်ရမယ်၊ အဲဒါဟာ Missionary ပဲ။

Ministry ဆိုတာကတော့

Ministry ဆိုတာကတော့ အကျင့်ကောင်းအောင် ဘယ်လိုပဲသင်ပေးပေး မထိရောက်ဘူး၊ သိပ်မွဲနေတဲ့သူတစ်ယောက် ဘယ်လိုပဲ အကျင့်ကောင်းအောင် သင်ပေးပေး မဖြစ်ဘူး၊ အဲဒါကြောင့် သူတို့ကို ထောက်ပံ့ရမည်၊ စိတ်ဓာတ်ကောင်းအောင် ဘယ်လိုပဲသင်ပေးပေး ပစ္စည်းဥစ္စာမွဲနေတဲ့ ဆင်းရဲသား တစ်ယောက်ဟာ စိတ်ဓာတ်တွေ ညံ့သွားတက်တယ်။ အဲဒီတော့ အဲဒီတော့ စိတ်ဓာတ်ရယ်၊ အကျင့်တရားရယ်၊ ပညာရယ် ဒီဥစ္စာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေပေမဲ့ တစ်ဖက်မှာက သူတို့ရဲ့စားဝတ်နေရေး ကျန်းမာရေးတွေအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်ဘို့လိုအပ်တယ်၊ ကျန်းမာရေးအတွက် education ဥပမာ- ငါ စာသင်ကျောင်းတွေ ဆေးရုံတွေ နေရာအနှံ့အပြား လိုက်ဆောက်နေတယ်ဆိုတာ Ministry ပဲကွ။

Ministry ဆိုတာ မင်းတို့က ၀န်ကြီးဌာနကြီးပဲလို့ အောင့်မေ့နေကြတယ်၊ Ministry ဆိုတဲ့စကားလုံးဟာ ခရစ်ယာန်သာသနာကစခဲ့တာ၊ အဲဒီတော့ မင်းတို့ Minister ဆိုရင် ၀န်ကြီးလို့ထင်နေကြတယ်၊ အဲဒါကို encyclopedia မှာ သေချာဖတ်ကြည့်။ Ministry is a service for the country. တိုင်းပြည်ရဲ့အလုပ်အကြွေးပဲ အခုတော့ အရှင်သခင်တွေဖြစ်ကုန်ပြီ။ အဲဒီတော့ မင်းတို့တတွေ ဘာလုပ်မလဲဆိုတော့ အဲဒီနှစ်ခုကိုလုပ်ရမည်။ Service moral, mental, intellectual development for the country, nations. အဲဒီနှစ်ခုကို တပြိုင်တည်းလုပ်ရမည်။

မြတ်ဗုဒ္ဓရဲ့ Mission and Ministry

မြတ်ဗုဒ္ဓ ၄၅နှစ်လုပ်သွားတာကြည့်လေ၊ အ၀ိဇ္ဇာလွှမ်းနေတဲ့ကမ္ဘာကို ဘာလုပ်ပေးသလဲ၊ အ၀ိဇ္ဇာ (အကန်းကမ္ဘာ)ကို မျက်လုံးပေးတယ်၊ အပင်းကမ္ဘာကို နားပေးတယ်၊ အိပ်နေတဲ့ကမ္ဘာကို စည်ရိုက်ပေးတယ်၊ ဓမ္မစက္ကံ ပ၀တ္တေတုံ ဂစ္ဆာမိ ကာသိနံ ပုရံ၊ ပြီးတော့ အာဟဉ္ဇံ အမတ ဒုန္ဒုဘိံ။ အပင်းကမ္ဘာကို စည်းရိုက်ပြီးနိုးတယ်။

အဲဒါကြောင့် အဲဒီကစပြီး ဗုဒ္ဓရဲ့ ၄၅ နှစ်ကိုကြည့်ရင်-- အဖွားအိုတစ်ယောက် သားသမီး ၁၁ ယောက်က ပစ်လိုက်တာ ဘုရားပဲ ကောက်မွေးထားတယ်၊ အဘိုးအိုတစ်ယောက် သားတွေ သမီးတွေကနှိပ်စက် မိန်းမကြီးက အိပ်ယာကထ ခြေထောက်နှင့်ကန်နိုး နွားတွေက ပျောက် လယ်တွေက ပျက်၊ အဲဒီ ပုဏ္ဏားကြီးကိုလည်း ဘုရားပဲကောက်မွေးထားတယ်။ ရာဓပုဏ္ဏားကြီးကို ကြည့်ပါဦး၊ သားတွေ သမီးတွေက စွန့်လိုက်တော့ သူတောင်းစာဖြစ်နေတဲ့ ရာဓပုဏ္ဏား ကျောင်းကပ်ပြီးနေရတယ်၊ ပုဂံဆေး ခွက်ဆေး အိမ်သာဆေး တံမျက်လဲပြီးနေရတာ အသက်ကြီးလာတော့ ရဟန်းဝတ်ချင်စိတ် ပေါက်လာတယ်၊ ဘယ်သူမှ ရဟန်းပြုမပေးချင်ကြဘူး၊ ဘုရားက အစည်းဝေးခေါ်ပြီး ဒီ ရာဓပုဏ္ဏားက ကျေးဇူးပြုဖူးသောသူရှိရင် ထပါဆိုတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးးထလာတယ်၊ သူ သူတောင်းစားဘ၀က သူ့ရှေ့ကဖြတ်သွားစဉ် ဆွမ်း အိန္ဒိယလိုပြောရင် ကျပါတီ တစ်ချက်နှစ်ချက်လောက် လောင်းဖူးတယ်၊ အဲလိုဆိုရင် မင်းတာဝန်ယူပြီး ရဟန်းပြုပေးလိုက်ဆိုတော့ အရှင်သာရိပုတ်တာဝန်ယူလိုက်တယ်၊ ရာဓပုဏ္ဏားလဲ အရှင်သာရိပုတ္တရာရဲ့ လမ်းညွန်မှုအောက်မှာပဲ ရဟန္တာဖြစ်သွားခဲ့တယ်။ ဒါဟာ ဗုဒ္ဓရဲ့ Ministry ပဲ။

သာသနာပြုနည်း (Missionary technique)

တစ်ခါ ကိုယ်လုံးကျွတ်ပြီး အရူးဖြစ်နေတဲ့ မိန်းမတစ်ယောက် ဗုဒ္ဓကခေါ်ပြီး သာသနာမှာ စောင့်ရှောက်ထားလိုက်တယ်၊ (ပဋာစာရီ)။ အမှိုက်ပုံကောက်စားနေတဲ့ ကလေးတစ်ယောက်ကို မြင်တော့ ဗုဒ္ဓက ဒီကလေး စောင့်ရှောက်ရမည်၊ အမှိုက်ပုံနား ဘုရားမသွားဘဲ အရှင်သာရိပုတ်မထေရ်ကို လွတ်လိုက်တယ်၊ အရှင်သာရိပုတ်မထေရ်က what are you looking for? ဟုမေးလိုက်တဲ့အခါ ကလေးက I am searching for some food here. အမိုက်ပုံးမှာ ကောက်စားနေတဲ့သူတွေဆိုတာ ဟိုတုန်းကလဲရှိတယ်၊ အခုလဲရှိနေတယ်၊ အများကြီးပဲ၊ အဲဒါတွေကို မင်းတို့ ဘာလုပ်ပေးမလဲ။

အဲဒီတော့ သာရိပုတ္တရာက ငါ့သပိတ်ထဲကြည့်ပါ၊ စားစရာတွေ အပြည့်ပဲ။ ကလေးဆိုတော့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ သွားမဟောနဲ့၊ အသေ၀နာ စ ဗာလာနံ သွားမဟောနဲ့၊ တခါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သွားမရွတ်ခိုင်းနဲ့ ဘယ်ရမလဲ။ ဘာပေးရမလဲ၊ အစာရှာနေတယ်၊ ဟောဒီမှာ သပိတ်ထဲမှာ အစာတွေ အများကြီးရှိတယ်၊ စားချင်လား၊ စားချင်ရင် ကျောင်းလိုက်ခဲ့၊ အရှင်သာရိပုတ္တရာလုပ်သွားတာနော်။

အဲဒီတော့ technique (နည်း)တွေ အများကြီးရှိပါတယ်။ chance (အခွင့်အရေး)ကို မင်းတို့ ထိုင်စောင့်မနေကြနဲ့။ အဲဒီလို Missionary နှင့် Ministry ရဲ့ chance (အခွင့်အရေး)ကို ထိုင်စောင့်မနေနဲ့၊ လိုက်ရှာ၊ အဲဒါ မင်းတို့ရဲ့ အလုပ်ပဲ (duty) ပဲ။

အဲဒီတော့ အရှင်သာရိပုတ္တရာ နောက်လိုက်သွားတဲ့ ကလေးကို ကျောင်းရောက်တော့ ရေမိုးချိုးပေးလိုက်တယ်။ ပြီးတော့ မင်းရဲ့ဘ၀ကလည်း ကြမ်းထမ်းလိုက်တာ ဒီကြမ်းထမ်းတဲ့ ဘ၀ကို ဇာတ်သိမ်းရမည်။ သင်္ကန်းဝတ်ပေးလိုက်တယ်၊ လောသကတိဿပဲ။ အဲဒီတော့ ဗုဒ္ဓရဲ့ Misionary နှင့် Ministry နှစ်ခုကို မင်းတို့ အားလုံး နားလည်ထားရမည်။

အဘယ့်ကြောင့် အိန္ဒိယမှာ ပညာသင်

ကြားညပ်ပြီးတော့ တစ်ခု ၀င်ပြောဦးမယ်၊ ငါ ကိုရီယားရောက်တော့ ဘိက္ခူနီမတစ်အုပ်လာပြီး မေးတယ်၊ သူတို့က အိန္ဒိယ တို့ သီရိလင်္ကာတို့ကိုရောက်ဖူးကြတယ်။ အိန္ဒိယမှာ ဘုရား မြန်မာနိုင်ငံက ဦးဇင်းတွေ ကျောင်းတက်နေကြတယ်၊ ဘာသွားသင်ကြလဲဘုရား။ အဲဒီတော့ မင်းတို့ သတိထားကြ၊ ဘာသွာသင်ကြလဲ၊ Ph.D တို့ M.A ဘွဲ့တို့ကို သွားယူကြတယ်။ အဲဒီတော့ ဘာ subjects (ဘာသာ)တွေ ယူကြလဲ၊ အများအားဖြင့်တော့ Buddhist study (ဗုဒ္ဓဘာသာဆိုင်ရာ)၊ History (သမိုင်း)၊ Philosophy (ဒဿနိကဗေဒ)တွေပဲ ယူကြတယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒနိုင်ငံတွေထဲမှာ ရှေ့တန်းကရှိတယ်ဆိုတာ သူတို့သိကြတယ်၊ ယုံလည်းယုံကြပါတယ်တဲ့။ Buddhist study (ဗုဒ္ဓစာပေ) လုပ်ချင်ရင် မြန်မာနိုင်ငံက ဆရာတော်ကြီးတွေဆီမှာ လုပ်ပါလားတဲ့၊ ဗမာပြည်မှာပဲ လုပ်ပါလားတဲ့၊ ဘာဖြစ်လို့ အိန္ဒိယမှာ သွားလုပ်နေကြတာလဲ။ ဒီမေးခွန်းကို မင်းတို့ ကောင်းကောင်း ဖြေနိုင်အောင် လုပ်ထားကြ။ ဘာသွားလုပ်တာလဲ ကုလားပြည်သွားပြီး ကုလားထံ တပည့်ခံပေါ့။ ဒါကကြားညပ်ပြီး မင်းတို့အတွက် remainder (သတိပေး) ပဲ။

အဲဒီတော့ ခုနက ငါပြောတာ In the world of beings there is nothing great but man. In man there is nothing great but character and wisdom. အဲဒီ ကိုယ်ကျင့်တရားနှင့် ပညာ နှစ်ခုဟာ ဘာလုပ်ဘို့လဲဆိုတော့ တာဝန် နှစ်ရပ်ကို ထမ်းဆောင်ဘို့ အရင်းအနှီးပဲ၊ (they are investment to do to the duties Missionary and Ministry). မင်းတို့တတွေ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာရမည်၊ (You must follow the foot-step of the Lord Buddha). မြတ်စွာဘုရား ၄၅ နှစ်အတွင်း ဘာတွေ လုပ်သွားသလဲ၊ (withing 45 years, what did he do?) မြတ်ဗုဒ္ဓသည် တာဝန်နှစ်ရပ်ပဲ လုပ်သွားခဲ့တယ်၊ (He did only Missionary and Ministry). အတိုချုပ်ပြောရမည်ဆိုရင် Missionary (သာသနာပြု) ဆိုတာ အ၀ိဇ္ဇာ အမှောင်ကမ္ဘာကနေ အလင်းကမ္ဘာအဖြစ် ပြောင်းလဲခြင်းကိုဆိုလိုတယ်၊ {Missionary means to convert from ignorance to enlightenment).

မှတ်ချက်။ ။ ဆရာတော်သည် နောက်ပိုင်း ထိုင်းနိုင်ငံ Ph.D ကျောင်းသားနှင့်အိန္ဒိယဒကာ ပါနေသဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြောသည်ကို မြန်မာဘာသာဖြင့် ပြန်ဆိုထည့်ပေးလိုက်ပါသည်။

Ministry ဖြင့်(သာသနာပြုနည်း)

Ministry means a service or contribute to service for the nations. သာသနာပြုနည်း တစ်ခုကတော့ Ministry ပဲ။ ဘာလဲဆိုတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်အကြွေးပြုခြင်းပဲ။ အဲဒီတော့ ဘ၀ရဲ့ ရည်ရွယ်ချက် ကောင်းကောင်းရှိရမည်၊ (you must effort your purpose in monkhood and then you must effort to investment character and wisdom or education). တချို့လူတွေက ကိုယ်ကျင့်တရားရှိပေမဲ့ အသိပညာ မရှိဘူး၊ (sometime someone has very good character but lake of wisdom or education. They have very good character, good hearted, full of love, full of compassion, full of sila, mettar, karuna but no education. They are blind because they are without education and lake of eduction. ကိုယ်ကျင့်တရား မေတ္တာ ကရုဏာ စတဲ့သူတော်ကောင်းတရားတွေရှိပေမဲ

့ ပညာမဲ့နေကြတယ်။ နှစ်လုံးလှ လူမိုက်ကြီးပေါ့။ ပညာမရှိတဲ့အတွက် တိုင်းပြည်နှင့်လူမျိုးအတွက် ဘာမှ လုပ်မပေးနိုင်ဘူး၊ (they can do nothing for the nations.

တချို့လူတွေကြတော့ ပညာတော့တက်ကြပါတယ်၊ အလွန်မြင့်မားတဲ့ဘွဲ့တွေ ဒီဂရီတွေနှင့် ကြီးကျယ်တဲ့ပညာတက်ဖြစ်ပေမဲ့ ကိုယ်ကျင့်တရား(သီလ) သို့မဟုတ် သူတော်ကောင်းတရား မရှိဘူး၊ ပညာတက်အကျင့်ပျက်ပေါ့၊ ပညာတက်လူမိုက်ကြီးပေါ့။ အဲဒီတော့ ပညာတက်အကျင့်ပျက်တွေ သိပ်ဒုက္ခပေးတာ မင်းတို့သိလား။

နိဂုံး (conclusion)

နိဂုံးပိုင်းမှာ ဆရာတော်သည် အင်္ဂလိပ်လိုပဲ သက်သက် ပြောသွားပါသည်၊ ဘာသာပြန်နှင့် တွဲဘက်၍ ထည့်ပေးလိုက်ပါသည်၊ အသံဖိုင်သည် တချို့နေရာတွေမှာ မရှင်းပါ၊ သို့ပါ၍ အမှားပါက နားလည်ပေးစေလိုပါသည်။ နောက်တစ်ခု နားလည်ပေးဘို့က မြန်မာဝေါဟာရ မကျွမ်းကျင်သဖြင့် ဘာသာပြန် မချောမွေ့ပါကလည်း နားလည်ပေးစေလိုပါသည်။

(1) နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်၊ မင်းတို့တတွေ လောကကြီးကို သီလနှင့်ပညာ ဟန်ချက်ညီညီနှင့် တိုင်းပြည်ကို အလှဆင်ရမယ်။ ပြီးတော့ မြတ်ဗုဒ္ဓသာသနာတော်မှာ သီလနှင့်ပညာဟန်ချက်ညီညီ Missionary နှင့် Ministry တာဝန် နှစ်ရပ်ကို ထမ်းဆောင်ရမည်။ ( I would like to conclude my speech. You must force the world peace with character and education and must be balance to do to the duty in the Buddha's dispensation Missionary and Ministry).

(2) အိန္ဒိယနိုင်ငံ တတိယ ဘီစီ (3rd BC) အချိန်တုန်းက အသောကမင်းကြီး (ဓမ္မာသောက) (သီရီဓမ္မာသောက) စတဲ့ အလွန်မြင့်မားတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေနှင့် မင်းကြီးသည် အိန္ဒိယအင်ပါယာရားတစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့သည်။ သူသည် ဓမ္မာသောက သီရိဓ္မာသောက ဆိုတဲ့ ဘွဲ့ထူးမရခင်က သူ၏နာမည်သည် အသောက ဆိုတဲ့နာမည်မျှသာဖြစ်၏။ သူ၏ ဖခမည်တော်ကြီးဆုံးသွားသည့် နောက်ပိုင်းမှာ အသောက သည် သူ၏ ညီအစ်ကို ၀မ်းကွဲ (ဖအေတူ မအေကွဲ) ၉၉ ယောက်သော မင်းသားများကို သုတ်သင် သတ်ဖျက်လိုက်သည်။ အဲဒီခေတ်အခါက အိန္ဒယနိုင်ငံကြီးမှာ များစွာသော ပဒေသရာဇ်မင်းတွေရှိခဲ့သည်။ ဒေသ ခရိုင်တစ်ခုမှာ မင်းတပါးရှိသည်၊ ဒါ့ကြောင့် တိပိဋကကျမ်းစာတွေထဲမှာ ရှစ်သောင်း လေးထောင်သော မင်းများရှိကြောင်း တွေ့နိုင်ပါသည်။ အထူးအားဖြင့် ဝေလာမသုတ်မှာ တွေ့နိုင်ပါသည်။In India, 3rd BC, King Empire Asoka, Dhammasoka, Siridhammasoka Oh! Very high titles! He banded the whole of the world. Before he became Dhammasoka and Siridhammasoka, his name was very simple just Asoka. When his father was death, he killed his cousin brothers 99. In those days, in India there were Padesa Rajas, countless numbers of Kings about one Desa (district) one King governed it. Therefore, in Tipitakas you have read eighty four thousands Kings in specially Velama Sutta.

(3) မြန်မာပြည်က ရှမ်းပြည်နယ်လိုပဲ။ ၁၉၆၂၊ မတိုင်မီက ၁၉၅၅ ခုနှစ်လောက်က ရှမ်းပြည်နယ်မှာ မဟာရာဇ (စော်ဖွား)တွေ များစွာရှိခဲ့သည်။ ၁၉၆၃ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်း တက်လာပြီး ပြည်နယ်အားလုံး စုစည်းပြီ တစ်နိုင်ငံတည်း ပေါင်းစည်းခဲ့တယ်။ ထိုနည်းတူစွာ အနော်ရထာမင်း၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်း တို့သည်လည်း တစ်နိုင်းငံတည်း စုစည်း ပေါင်းစည်းကာ organized လုပ်နိုင်ခဲ့သည်။ ယနေ့ခေတ်မှာလည်း မင်းတို့သိတဲ့အတိုင်းပဲ တချို့လူမျိုးစုတွေက ကိုယ်ပိုင် United ဖြစ်ဘို့ ကြိုးစားနေကြတယ်။ အလားတူပဲ ဘုရင်အသောကသည်လည်း များစွာသော ပဒေသရာဇ်မင်းနှင့် ၉၉ ယောက်သော ၀မ်းကွဲညီအစ်ကိုများကို သုတ်သင်ကာ အိန္ဒိယပြည်ကြီးတခုလုံး ဘုရင့်နိုင်ငံ တစ်နိုင်ငံတည်းဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဒါကြောင့် များစွားသော စာအုပ်တွေမှာ ရက်စက်သော မင်း (စဏ္ဍာသောက)ဟု ဖော်ပြကြသည်။ အာဏာကို အရူးအမူးဖြစ်နေသော စဏ္ဍာသောက သည် ပဒေသရာဇ်မင်း များစွာကို သတ်ဖျက်ကာ ကမ္ဘာမှာ ဘုရင်တစ်ဆူတည်းဖြစ်အောင် ကြိုးစားခဲ့သည်။ ဒါပေမဲ့ သူ့အဖေသည် ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့် သူသည် ဂျိန်းဘုန်းကြီးတွေကို ကိုးကွယ်နေရတယ်။

It is look like our country Shan State. Before 1962, 1955 General Naywin nationalized everything. He organized to be united. In the same way, King Anorathar, King Alaungbhaya, and General Aung San united all. Now a day, as you know some nations, some races try to unite. In similarly King Empire Asoka tried to kill all of Padesa Rajas and he organized the whole all India to be one Kingdom. Therefore, in many books about King was mentioned as cruel King because he killed many Padesa Rajas, Many Maharajas, Many Sawbhwars, 99 brothers were killed by Asoka due to the power, the craving of power. Later he became Ekaraja. He is only one King the entire world but he worshiped Jaina Monks because his father was Jainism.

(4) ဒါကြောင့် အသောကမင်းသည် အဖရဲ့အမွေကို လက်ခံလာခဲ့တဲ့အတွက်ကြောင့် နေ့စဉ် ဂျိန်းဘုန်းကြီး ခြောက်သော် (၆၀၀၀၀) ကို နေ့လည်စာ လှူနေရတယ်။ ယခုအချိန်မှာတော့ ဂျိန်းဘုန်းတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ မင်းတို့ အိန္ဒိယ မလာခင်က ဂျိန်းဘုန်းကြီးတွေကို မြင်းဖူးလား၊ ငါ နှစ်ကြိမ်တောင် မြင်ဖူးတယ်။ မင်းတို့ အိန္ဒိယမှာ ဘာတွေသင်နေတာလဲ၊ မင်းတို့တစ်တွေ စာအုပ်အသေးလေးတွေထဲကပဲ သင်နေကြတာပဲ။ လောကကြီးက မင်းတို့ရဲ့ဆရာပဲ။ နိုင်ငံကြီးတစ်ခုလုံးက မင်းတို့ရဲ့ ဆရာပဲ။ ငါ မင်းတို့ကို အနည်းငယ် တိုက်တွန်းလိုတယ်၊ လောကော သတ္တာန မာစေရော- လောကကြီးဟာ လူသားတွေရဲ့ ဆရာပဲ။ မင်းတို့တတွေက စာအုပ်ထဲကပဲ သင်ယူနေကြတယ်၊ အပြင်ထွက်ပြီးရှာ၊ အပြင်လောကကြီးဟာ မင်းတို့အတွက် စာအုပ်ကြီးပဲ။ ဒါကြောင့် ဂျိန်းဘုန်းကြီးတွေအများကြီးရှိခဲ့တယ်။

ဒါပေမဲ့ ယနေ့မှာတော့ အနည်းငယ်မျှသာ ကျန်တော့်တယ်။ မြတ်ဗုဒ္ဓလက်ထက်တော်က ဗုဒ္ဓနှင့်ခေတ်ပြိုင် မက္ခလိဂေါသာလ အစရှိသော ဘာသာရေးခေါင်းဆောင် ဆရာကြီး ၆ ထင်ရှားခဲ့ဖုးတယ်။ အဲဒီ ၆ ယောက်ထဲက ငါးယောက်သော ဆရာကြီးတွေရဲ့ အတွေးအခေါ်ဟာ ယနေ့ခေတ်မှာတော့ လုံးဝ ပျောက်သွားပြီ။ ဒါပေမဲ့ တစ်ခုပဲကျန်တော့တယ်။ အိန္ဒိယမှာ ယနေ့ခေတ် နိဂဏ္ဌနာဋပုတ္တ တည်ထောင်ခဲ့သော ဂျိန်းဘာသာတစ်ခုပဲကျန်တော့တယ်။ အိန္ဒိယပြည် အလယ်ပိုင်း အထူးအားဖြင့် တောင်ပိုင်း တောင်တန်းဒေသတွေမှာ တွေ့နိုင်တယ်။ တောင်နာမည်က ၀ိဇ္ဇျာဒေ၀ီ တောင်တန်းဖြစ်တယ် (နာမည်ကို အသံအတိုင်း မှန်းရေးထားသည်)။ မင်းတို့တတွေ သွားကြည့်ချင် ဥဇ္ဇေနီဒေသသို့ သွားသင့်တယ်၊ အသောမင်းကြီးရဲ့ မွေးရပ်မြေပဲ။ ငါနှစ်ကြိမ်တောင်ရောက်ဖူးတယ်၊ ဂျိန်းဘုန်းကြီးများကို တွေ့ဘို့ ဟိုတယ်တစ်ခုမှာ သုံးညလောက်အိပ်ပြီး စောင့်ခဲ့ရတယ်။

Therefore, the acceptance of father's heritage, he every day offered the lunch to the sixty thousand Jain Monks. Now a day, a few Jain Monks remain in India. Have you ever seen them? I have seen two times. HHH! What are you studying in India? You are studying only very small books. The whole world is your teacher. The whole country is your teacher. I just to encourage you "Lokosattana macero" the whole world is the teacher of the man. You are studying only in the books. You have to study outside many books. So Jain Priests or monks are many but now a day. At the time of the Buddha, six religious leaders such as Makkhaligosala etc appeared contemporary of the Buddha. The five views, perception, theories of five religious leaders totally disappeared but only one theory. Nigantthanataputta founded the Jainism. Only his theory exists now a day in India. You can see clergies, Jain Priests, middle of India especially south India mountain regions. What is name of it? Vaidhyadaivi Mountain. If you want to see, you should go to Ujjain (Ujjheni). It is the birth place of Asoka. I met two times. I stayed at one hotel for three nights to search for Jain Monks.

(1) စဏ္ဍာသောကမှ ဓမ္မာသောက

ငါ ဘာပြောလဲဆိုတော့ တစ်ခါတရံ တချို့လူတွေသည် ပညာတော့တက်ပါတယ်။ ဒါပေမဲ့ ကိုယ်ကျင့်သီလ မရှိဘူး၊ တချို့ကြပြန်တော့လည်း ကိုယ်ကျင့်သီလရှိပေမဲ့ ပညာမဲ့နေတယ်။ မင်းတို့တစ်တွေကတော့ နှစ်မျိုးလုံးရှိနေရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ခုလုံးဟာ သာသနာပြုတာဝန် နှစ်ရပ်ထမ်းဆောင်နိုင်ဘို့ရန် အရေးကြီးသည့် မင်းတို့အတွက် အရင်းအနှီးပဲ။ယနေ့ခေတ်မှာတော့ အိန္ဒိယနိုင်ငံမှာ ဂျိန်းဘုန်းကြီးတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ အသောမင်းကြီးအကြောင်းကို ဆက်ပြောဦးမယ်။ အသောက မင်းကြီးသည် သူ၏ဖခမည်းတော် နတ်ရွာစံပြီးနောက်ပိုင်း သူ၏ ၉၉ ယောက်သော ညီအစ်ကိုများ အပါဝင် များစွာသော လူတွေကို သတ်ဖျက်သုတ်သင်ခဲ့သည်. သူ၏ဖခမည်းတော်သည် မိဖုရားတစ်ရာကျော်ကို မိဖုရားအဖြစ်တင်မြောက်ခဲ့သည်အတွက် သူ့မှာ ညီအစ်ကို ၉၉ ယောက်ရှိခဲ့သည်။ အသောကမင်းသည် အဲဒီ ညီအစ်ကိုအားလုံးကို သုတ်သင်ပစ်လိုက်သည်။ ဒါ့ကြောင့် သူကို ရက်စက်ကြမ်းကြုတ်သောမင်း (စဏ္ဍာသောက) ဟုခေါ်သည်၊ သာရတ္တဒီပနီဋီကာ၌ တွေ့နိုင်ပါသည်။ ဒါပေမဲ့ ယခုအခါမှာတော့ သူဟာ ဓမ္မာသောက၊ သိရီဓမ္မာသောက ဟူ၍ ဂုဏ်ပြုလာကြသည်။ ရက်စက်သောမင်း (စဏ္ဍာသောက)မှ သူတော်ကောင်း မင်း (ဓမ္မာသောက)အဖြစ်သို့ ဘယ်လိုပြောင်းလဲလာတယ်ဆိုရင်။ Missionary သည် ကြမ်းတမ်းရက်စက်ခြင်းမှာ သိမ်မွေ့နုညံ့ပျော့ပြောင်းအောင်

ပြောင်းလွဲနိုင်တဲ့ အလွန်အရေပါသည့် စွမ်းအင်တစ်ခုဖြစ်ပါသည်။ သူ၏သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် အသောကမင်းကြီး၏တူတော်သူ အသက် ၇နှစ်မျှသာရှိသေးသော နိဂြောဓကိုရင် ရဟန္တာအရှင်မြတ်သည် နံနက် နေထွက်စပြုအချိန် ဘုရင်ကြီး၏နန်းတော်ရှေ့က ဖြတ်သွားစဉ် ရှင်ဘုရင်ကြီးကလည်း ပြတင်းပေါက်ဖွင့်ပြီးကြည့်လိုက်

စဉ် ဘုရင်ကြီး၏ နှလုံးသားမှာ ရှေးက မတွေ့ထိဘူး မကြားဘူး မခံစားဘူးသေးသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဘုရင်ကြီးသည် များစွာသော ပဒေသရာဇ်မင်း၊ ဆွေးတော်မျိုးတော်များနှင့် ညီအစ်ကိုများနှင့် သူ့ကိုဆန့်ကျင်သူအားလုံးကို သတ်ဖျက်ခဲ့သည့်အပြင် ဂျိန်းဘုန်းကြီးတွေကိုလည်း နေ့စဉ် ရှိခိုးနေခဲ့ရသည့် အတွက်ကြောင့် များစွာနောင်တ ပူပန်နေရပါသည်။

So, what I mean? Sometimes some people, they have only wisdom but they don't have character. Some people have only character but they don't have wisdom. You must have the both character and wisdom. These are your investments to do two tasks and duties Missionary and Ministry.

Now a day, how many Jain Monks priests exist in India? Very a few remain. I want to continue King Empire Asoka. After his father death, he killed many human beings as well as his 99 brothers because of his father who got marriage over hundred queens. Therefore he has 99 brothers and killed all. He is cruel King (candasoka). You must read about him Sarattadipanitika) but now a day he becomes Dhammasoka, Siridhammasoaka. How become Candasoka (Cruel King) to Dhammasoka (Honorable King)?Missionary is very powerful to convert from Candasoka (Cruel King) to become Dhammasoka. You know in history, in the morning his nephew, seven year ages, Samanera Niroja Arhan going through the in front of palace of King Empire, the King Empire Asoka felt unheard in his heart before because he has killed many Padesarajas, many relatives, many opposites people and he have worshiped Jain Monks. Therefore he felt sad.

(2) အသောကနှင့် ဂျိန်းဘုန်းကြီးများ

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး

နောက်ပိုင်းမှာ အိန္ဒိယပြည်ကြီးတွင် သိန်းပေါင်းများစွာသော ရဟန္တာအရှင်မြတ်များ ရှိခဲ့သေးပေမဲ့ ဖူးမျော်ခွင့်မရခဲ့သောကြောင့်လည်း မင်းကြီး စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကိုရင်လေးရဲ့ တည်ငြိမ်တဲ့အသွင်အပြင်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ထူးဆန်းစွာခံစားရသည်၊ များစွာသော ပြည်သူတွေကို သတ်ဖျတ်ခဲ့ခြင်းကြောင့်လည်း နောင်တ ပူဆွေးမှုများဖြစ်ခဲ့ရသည်။ ပြတင်းပေါက်မှ မြင်တွေ့လိုက်ရသော ကိုရင်လေး၏ တည်ငြိမ်းပြတ်သားသော အသွင်ကို ဖူးမြင်လိုက်ရသော မင်းကြီး၏စိတ်နှစ်လုံး အေးချမ်းပြီး တည်ငြိမ်မှုလည်း ဖြစ်ပေါ်လာခဲ့သည်။ ကိုရင်လေးကို ရွှေနန်းတော်သို့ ပင့်ဖိတ်ပြီး လျှောက်ထားလေသည်။ ရွှေနန်းတော်အတွင်း ကုလားထိုင်း ပလ္လင် စသည်တို့ဖြင့် နေရာမျိုးစုံ ပြင်ဆင်ထားပြီးဖြစ်ပါတယ် အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီး သတင်းသုံးရန် လျှောက်ထားလေသည်။ ကိုရင်လေးကို ရွှေနန်းတော်အတွင်း မပင့်မီကာလာမှာ အသောကမင်းကြီးသည် ဂျိန်းဘုန်းကြီးများစွာကို ပင့်ဖိတ်ခဲ့ဖူးသည်။ မင်းကြီးသည် ထိုနည်းတူစွာ ဂျိန်းဘုန်းကြီးများကိုလည်း လျှောက်ထားခဲ့ဖူးသည်၊ ရွှေနန်းတော်အတွင်းမှာ စားပွဲ ကုလားထိုင်နှင့် ပလ္လင်စသည့် နေရာထိုင်ခင်းအမျိုး ပြင်ဆင်ထားပြီးဖြစ်ကြောင်း အရှင်မြတ်များနှင့် သင့်တော်မည့် နေရာများကို ရွေးပြီး သတင်းကြပါရန် လျှောက်ထားသောအခါ။ ဂျိန်းဘုန်းကြီးတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဒို့ ဘယ်နေရာထိုင်ကြမလဲ၊ မင်းကော ဘယ်မှာထိုင်မလဲ ဆွေးနွေးကြလေသည်။ နောက်ဆုံး သူတို့အားလုံး နန်းတော်အပြင်ဘက်ထွက်ပြီး မြေကြီးပေါ်မှာပဲ ထိုင်ကြလေသည်။ သူတို့အားလုံး အလွန်ခမ်းနားထယ်ဝါသော ကုလားထိုင် ကော်ဇော်ကြီးတွေအပေါ် ထိုင်ရမှာ ကြောက်ရွံ့နေကြလေသည်။ အကြောင်းကတော့ သူတို့အားလုံးသည် လုံးဝ အ၀တ်အစား ၀တ်မထားပဲ မိမွေးတိုင်းဖမွေးတိုင်းပင် လာကြသည့်အပြင် ရေလည်းမချိုးကြသည့်အတွက် အလွန်ညစ်ပတ်နေကြသည်။ ဒါကြောင့် သူတို့တတွေသည် သူတို့နှင့် သင့်တော်သော မြေကြီးပေါ်ကို နေရာယူဘို့ သူတို့ကိုယ်တိုင်ပဲ ရွေးချယ်ကြလေသည်။

ထိုအချိန်မှာတော့ အသောကမင်းကြီးသည် ဒီဂျိန်းဘုန်းကြီးတွေ သန္တာန်မှာ ဘာတရားအနှစ်မှ မရှိကြောင်းကို စမ်းသပ် တွေ့ရှိ နားလည်လိုက်သည်။

After death of the Buddha, over millions of Arahantas exited in India but the King has no chance to worship Arahantas, he was so sad. Looking through the window he saw the Arhanta Samanera. As soon as he saw the Arahanta Samanera, he felt his in heart. When he saw Aranta Niroja Samaneara, his mind became peaceful and love also. And then he invited Samanera. When Samanera arrived at the Palace, the King asked him that you must choose your proper place. I prepared many places in my royal palace. Oh! Wonderful place! Before Samanera, the King invited Jain monks. Hey! I prepared many places for you in my royal palace. You must choose your proper place. All Jain monks are naked, never took shower and very dirty. They discussed where we want to sit and where you want to sit. Please choose where you want to sit but there were afraid to sit on the carpet in Royal Palace because they were totally naked, dirty and never tool shower. At the time, went out of palace and sat down on the ground. This place was proper for them.

At the time the King traced and tasted and understood that they don't have any essence of the light of dhamma in their heart because they were afraid to sit on the carpet in Royal Palace. In the Palace, there were many chairs and throne and so on.

(1) ကိုရင်လေး၏ သတ္တိ ဗျတ္တိ

ကိုရင်လေးဘက်ကို ကြည့်ကြစို့။ ကိုရင်လေး-- အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီးထိုင်ပါဆိုတော့ ကိုရင်လေးသည် ဘေးဘီကို ကြည့်လိုက်တော့ သူ့ထက်ကြီးကျယ်မြင့်မြတ်သော သူကို မတွေ့ရ (ဆိုလိုသည်မှာ-ရဟန်းတော်များ၊ ဆရာများဖြစ်သည်)။ ရှင်ဘုရင်ကြီး၏ ရွှေနန်းပလ္လင် (သီဟာသန ပလ္လင်)ပေါ်သို့ တက်ထိုင်လိုက်သောအခါ ရှင်ဘုရင်ကြီး ဒူးတွေတုန်လှုပ်ကာ ဦးညွန့် ဂါရ၀ပြုမိလေတော့သည်။ အဲဒီနောက် ကိုရင်လေးအား မေးခွန်းအချို့ မေးသည်။ ပထမ မေးခွန်းမှာ အရှင်ဘုရား မြတ်ဗုဒ္ဓ၏အဆုံးမတွေကို လေ့လာပြီးပါပြီလားဘုရား မေးသောအခါ မင်းကြီး ကျွန်ုပ် အာလုံးလေ့လာပြီးဖြစ်ပါတယ်။ အဲဒီတော့ မင်းတို့တတွေ ဒီလိုမေးခွန်းလာရင် ဖြေနိုင်အောင် အဆင်သင့်လုပ်ထားကြ။ ဒုတိယ မေးခွန်း အရှင်ဘုရား အားလုံးကို လေ့လားပြီးပေါ့၊ ဟုတ်ကဲ့မင်းကြီး အားလုံးလေ့လာ သင်ယူပြီးဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အရှင်ဘုရား ကျင့်ကြံအားထုတ်ပြီးပြီလားဘုရား

။ မင်းကြီး ကျွန်ုပ် မြတ်ဗုဒ္ဓရဲ့သာသနာမှာ အားလုံးအားထုတ်ပြီးဖြစ်ပါတယ်။ (ရဟန္တာဖြစ်ပြီးကို ရည်ရွယ်ပါသည်)။ လော့လာသင်ယူခြင်း၊ ကျင့်ကြံအားထုတ်ခြင်းများ ပြီးသောအခါ မြတ်ဗုဒ္ဓအဆင့်မြင့် တရားတော်များကို ထိုးထွင်းသိပြီးပါပြီလားဘုရား။ မင်းကြီး အားလုံးပြီးစီးပါပြီ။ ဒီတော့ ဆိုလိုတာက ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓပဲ။ အဲဒီလိုဆိုရင် အရှင်ဘုရား လေ့လာထားတာတွေ အနည်းငယ်မျှ တပည့်တော်အား ဟောပေးတော်မူပါဘုရားဆိုတော့ ကိုရင်လေးက အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ- သတိတရားသည် မသေရာ နိဗ္ဗာန်၏တစ်ခုတည်းသော လမ်းကြောင်းပဲ။ မေ့လျော့ပေါ့ဆခြင်းသည် သေဘို့ရာ သံသရာအတွက် လမ်းပဲ၊ (ဓမ္မပဒပါဠိတော်) မင်းကြီး သတိတရားဖြင့် စိတ်၏အမူအရာ လှုပ်ရှားမှုများ၊ ကိုယ်၏ပြုမူ လှုပ်ရှားမှုများနှင့် နုတ်၏အပြောအဆိုများကို ထိန်းရပါသည်။ သတိတရားသည် ထိုသုံးမျိုးသော ကိုယ်၊နုတ်၊ စိတ်တို့၏ အမူအကျင့်မှန်သမျှတို့၏ အထိန်းအကွပ်ဖြစ်ပါသည်ဟူ၍ ဟောလေသည်။ အရှင်ဘုရား ရပြီး ရပ်ပါတော့ဘုရား နောက်နေ့တွေလဲ ဆက်ဟောရဦးမယ်ဘုရား၊ ဒီနေ့ ဒီလောက်ဆို လုံလောက်ပါပြီဘုရား။ ရွှေနန်းတော်ကြီး၏ တံခါကြီးသည် ကိုရင်လေးအတွက် ၂၄ နာရီ ဖွင့်ထားလေတော့သည်။ ဒါ့ကြောင့် မျော်လင့်ချက်ကင်းမဲ့နေတဲ့ ရွှေနန်းတော်ကြီး မျော်လင့်ချက်တွေနှင့် ပြည့်လာတယ်။အဲဒီတော့ မင်းတို့တစ်တွေ ဘာရည်ရွယ်ထားလည်း ဘာတွေ မျော်လင့်ထားသလဲ။ အကယ်၍ missionary နှင့် ministry ဒီနှစ်ခုကို မလုပ်နိုင်ဘူးဆိုရင် မင်းတို့တတွေ မျော်လင့်ချက် ကင်းမဲ့သူတွေပဲ ဖြစ်မယ်။

On the other side, when Samanera! You have to choose your proper place, Samanera, Arahanta got up the lion throne (sihasanapalanga) and sat down in it. At the time the King Empire Asoka's knees were shaking and trembled and he said that great teacher came to the palace now. He paid a respect to him three times. And then the King asked him three questions. Firstly do you have any learning in the Buddha's dispensation? Yes, I have learned all. If someone asked you such a question, you must be ready to response it. And secondly have learned everything? Yes, I have done all. If so, did you have any practice or training in the Buddha's sasana? Yes, I have done.

After learning and training, did you have understanding or penetrating? Yes, I know everything what the Buddha taught. So learning, practicing and understanding are called respectively Pariyatti, Patipatti and Pativeda. If you learned, teach me please that requested by King to Samanera. Samanera on the lion throne taught that appamado amatam padam- mindfulness is the way to the deathlessness. Pamadado majjuno padam- headless is the way to death.

So, Oh! Maharaja, you must control your mind with mindfulness. You must control your bodily action with mindfulness. You must control your speech with mindfulness. Mind and mindfulness mean the controller of the bodily action, speech and mental action. Oh! Stop! Stop! Why did you say to stop? Because you have to teach also tomorrow. So the King Asoka opened his palace for Samanera. The palace which was hopeless became hopeful. What is your hope? What is your expectation? If you cannot do Missionary and Ministry, you will be hopeless.

(2) ကိုရင်လေး မနက်ဖြန်ခါလည်း ကြွပြီးတရားချီးမြင့်ပေးပါဘုရား

။ ဒီကနေ့ အရှင်ဘုရားရဲ့ တရားတော်အတွက် တပည့်တော် ဆွမ်း ၈ အုပ်လှူပါတယ်ဘုရား၊ အဲဒီ ၈အုပ်ကို ကိုရင်လေးက သူ၏ ဥပဇ္ဈာယ်အား လှူလိုက်လေသည်။ နောက် ၈ အုပ်ကိုတော့ ဆရာသမားများ အားလှူပြန်သည်၊ အဲဒီနည်းဖြင့် ဆွမ်းအုပ် ၃၂ အုပ်လှူလေသည်။ အသက် ၇နှစ်သာရှိသေးသော ကိုရင်လေးတစ်ပါးက ရှင်ဘုရင်ကြီး၏ ၃၂ ခုသော ဆွမ်းအုပ်များကို အလှူခံထိုက်၏။ ဘာကြောင့်လဲဆိုတော့ ကိုရင်လေးသည် missionary နှင့် ministry ကို လုပ်နိုင်ခဲ့လို့ပဲ။ ကြမ်းထမ်းခက်ထန်တဲ့ မင်းကြီး ယဉ်ကျေးပြီး ရတနာသုံးပါးကို ကိုင်းရှိုင်းလာတယ်။ စဏ္ဍာသောက မင်းကြီး ဓမ္မာသောက ဖြစ်လာတယ်။ ဒါ့ကြောင့် missionary သည် အလွန်အစွမ်းထက်ပါတယ်။ အကယ်၍ မင်းတို့တတွေ ဒီလိုလုပ်နိုင်မယ်ဆိုရင် လောကကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲပြစ်နိုင်တယ်။

ယနေ့ခေတ် အမေရိကန်သမ္မတ လူမည်းသည် သူသမ္မတမဖြစ်ခင်က (ရွေးကောက်ပွဲပြိုင်စဉ်က) အမြဲတမ်းကြေငြာလေ့ရှိတယ်။ ကျွန်ုပ်တို့ ပြောင်းလဲဘို့လိုပြီ ဆိုတာကို ထပ်ခါထပ်ခါ ကြေငြာလေ့ရှိတယ်။ သူလဲ ရွေးကောက်အောင်မြင်ပြီးလာတော့ လူဖြူသမ္မတကနေ လူမည်းသမ္မတပဲ ပြောင်းလာတယ်။ အပေါ်အယံပြောင်းလဲခြင်းသာ ဖြစ်တယ်။ အသောကမင်းကြီးကတော့ ရင်ထဲကကို ပြောင်းလဲသွားခဲ့တယ်။

Samanera! Tomorrow you have to teach. Ok today, because of your teaching I will offer eight alms bows. Ok Maharaja! I will donate them to my Upajjhayas. And then the King again donated next eight alms bows for his teachers etc. Oh! So many, 32 alms bows were donated by King Asoka were accepted by sever year age Samanera, great teacher. Samanera even years age did successful his missionary and ministry because the cruel King became the devoted King and Candasoka could be changed as Dhammasoka. Therefor, missionary is very powerful. If you can do it, you can change the world. The whole of the world needs to change.

Now the president of United State of America announced that we need to change, we need to change. It was a policy before his election but after he was elected as a president of US.A, there changed nothing. Only he could change from white to black. White president was changed the Black president. This changing was just surface of level. Dhammasoka changed heartedly.

(3) နိဂုံးချုပ်

ကောင်းပြီး နိဂုံးချုပ်ကြအောင်။ မင်းတို့တတွေ နိဂြောဓကိုရင်လေးလို ကိုယ့်ကိုယ်ကို လေ့ကျင့် အားထုတ် ပြုစုပျိုးထောင်ကြပေတော့။ အသောကမင်းကြီး ကိုရင်လေးကို မြင်လိုက်တဲ့ အချိန်မှာ နှလုံးသားတစ်ခုလုံး ငြိမ်းချမ်းသွားတယ်၊ စိတ်နှလုံးလဲ ကြည်လင်လာတယ်။ ဒါဟာ ကိုရင်လေး၏ အပြင်ဘန်း အသွင်သဏ္ဌာန် မြင်လိုက်ရရုံလေးနှင့် ဖြစ်သွားတဲ့ အကျိုးကျေးဇူးပဲ။

In my conclusion, you must train yourselves. You must practice yourselves. You must understand yourselves. You must treat yourselves like Nirogya Samanera. When the cruel King saw seven years age of Samanera, his heart became calm and clear. In this case, it was just seeing of outer appearance of Samanera Nirogya.အဲဒါပဲကွ၊ သင်္ကန်းခါးတောင်းကြိုက်ပြီး ဘော့ကန်နေရင် ဘုရင်ကြီး စိတ်ကြည်ပါ့မလား။ ဘုရင့်စိတ်ထဲမှာ ကြည်ညိုမှုမဖြစ်နိုင်ပါဘူး။ ဒါပဲ outer appearance (အပြင်ဘန်းအသွင်းအပြင်) တောင်မှ ဒီလောက် အရာရောက်ရင် inner appearance (အတွင်းသန္တာန်) ကို မင်းတို့တတွေ ကောင်းကောင်းပြနိုင်မယ်ဆိုရင် ဘယ်လောက် အကျိုးကျေးဇူးများမလဲနော်။ ဒီတော့ ချစ်ခြင်းနှင့် ကြည်ညိုခြင်း ဒီနှစ်ခုကို မရသေးသမျှ မင်းတို့ Missionary ရော Ministry ရော မအောင်မြင်နိုင်ဘူး။ အသေားမင်း ချစ်သွားတာ၊ ကြည်ညိုသွားတာ၊ ကိုရင်လေး ရှင့်ဘုရင့်ပလ္လင်ပေါ်တက်တာတွေကို

သတိထားကြည့်ပါ။ You must know your right place. Samanera Nirogya knew his right place. ရှင်ဘုရင်ကြီးက ကိုရင်လေးကို ပြောတယ်လေ။ ကိုရင်လေး အရှင်ဘုရားနှင့်သင့်တော်မယ့် နေရာ အရှင်ဘုရားသိပြီး သတင်းသုံးပါဆိုတော့ ကိုရင်လေးက သူနှင့်သင့်တော်တဲ့ သိလို့ ပလ္လင်ပေါ်တက်ထိုင်တယ်။ နန်းတော်ထဲမှာ သူ့ထက်ကြီးမြတ်တဲ့ တစ်ယောက်မှ မရှိဘူး။ Right person and right pace are very important. လူမှန် နေရာမှန်ဖြစ်ဘို့ဆိုတာ အလွန်ရေးကြီးတယ်။

Every morning after wake up, where do you sit, where do you go? မနက်မိုးလင်း အိပ်ယာထ မင်းတို့ ဘယ်မှာသွားမလဲ ဘယ်မှာထိုင်မလဲ။ teashop လဘက်ဆိုင်လား၊ roadside လမ်းဘေးလား။ In evening, where do you go and sit? ညနေပိုင်းရော ဘယ်သွားမလဲ ဘယ်မှာ ထိုင်မလဲ။ ခေါက်ဆွဲဆိုင်လား၊ လက်ဘက်ဆိုင်လား ဆိုတော့ (တပည့်များ အားလုံး ရယ်ကြသည်)။ ရေနွေးကြမ်းသောက်လိုက် တီဗွီကပြတဲ့ ဘော့လုံးပွဲလေးကြည့်လိုက်နဲ့။ အဲဒါ လူမှန် နေရာမှန်ဖြစ်ဘို့ဆိုတာ အရေးတယ်။ မင်းတို့အတွက် remainder ပဲ။Now a day, in India how many groups of Sadus, how many groups of Parivvajakas? And how many Jain Populations exist? The existence of Jain and Sadus are very few now. Some Parivvajakas and Sadus are begging now in around Buddhist temples in India. And also some Buddhist monks are like a begger. You should note yourselves.

ဒါကြောင့်စားဦးစားဖြားကနေ စားကြွင်းစားကျန်ဘ၀ မရောက်အောင် မင်းတို့တတွေ ထိမ်းထားရမှာ။ ဂျိန်းအုပ်စု၊ ဆာဒူးအုပ်စု ငါးရာ တစ်ထောင် အခုမတွေ့ရတော့ဘူး။ လူတွေက မကျွေးတော့ဘူး၊ ဗုဒ္ဓဘာသာလို ပြောရင်တော့ အလှူတော့ဘူး။ လူတွေရဲ့ စိတ်နှစ်လုံးဖွံ့ဖြိုးအောင်

ဘာမှ မလုပ်ပေးနိုင်ဘူးလေ။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အဲလိုတွေဖြစ်မှာ စိုးရိမ်ရတယ်။ မင်းတို့တတွေ ကောင်းကောင်းနေဘို့ အရေးကြီးတယ်။

Character and wisdom or character and education are your investments. သီလနှင်ပညာ ဒီနှစ်ခုဟာ မင်းတို့အတွက် အရင်းအနီးပဲ။ ဘ၀ရဲ့အရင်းအနှီး များများမြုတ်နှံပြီး များများ အလုပ်လုပ်ကြ။ မြတ်ဗုဒ္ဓရဲ့သာသနာမှာ Missionary နှင့် ministry ဒီတာဝန် နှစ်ရပ်ကို ထမ်းဆောင်နိုင်ဘို့ character (သီလ) နှင့် wisdom or education ပညာ ဒီအရင်အနှီး နှစ်ခုကို များများမြုပ်နှံပြီး အားထုတ်နိုင်ကြပါစေ။

သာဓု သာဓု သာဓု

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီတဂူစတား

၂၂-၁-၂၀၁၀

(ပူနေးကျောင်းသားများသို့)

No comments:

Post a Comment