


သန္ဓေသားဦး သားရွှေကျူးကို
ကြည်နူးအိမ်မှာ
မွေးဖွားပေးပါသော အိုမိခင်။
သင်မိခင်ဟာ သားပုတ္တာ၏
ငိုသံကဗျာ တေသးသံသာကို
သောတပန်ဆင် အိုမိခင်။
သင်မိခင်ဟာ သားပုတ္တာကို
ကျင်နာဖက်လို့ မေတ္တာနို့ရည်
တိုက်စို့စေသည့် အိုမိခင်။
သင်မိခင်ဟာ ပြုံးပန်းဝေဖြာ
သားပုခက်မှာ အနမ်းဖြာသော
စိမ့်စမ်းပမာ အိုမိခင်။
သင်မိခင်ဟာ
သားချော့သီချင်း အလင်းတစ်ပွင့်
ဂုဏ်ပေါင်းမြင့်လွင်
ကမ္ဘာကို ခါးစောင်းတင်ပြီး
ကမ္ဘာ့ပုခက်လွှဲသည့် လက်များပိုင်ရှင်
အိုမိခင်။။
သင်မိခင်အား ယုံကြည်ဦးခိုက်ရှိခိုးလိုက်၏
ယုယကြင်နာ ပိုးပမာလို ချော့မြူနွေးထွေး
မေတ္တာပေးခဲ့သော အိုမိခင်။
မေ့သားလှ(ဇလဂ္ဂ)
၁၆-၁၂-၂၀၁၁
No comments:
Post a Comment