မိုးပေါက်ကျ၍
ထသည့်ဂယက်၊ဝိုင်းစက်စက်သည်
ဝ ကွက် ခင်းနှီးနှယ်တကား။
ခဏချင်းတွင်၊ မိုးသက်ဆင်က
ရေပြင်လှိုင်းကြွ၊ ခုန်ပေါက်ကြလျက်
ကြက်ဖချင်းထိုး၊ ခေါင်ဖြူမိုး၍
ရေရိုးရှုတ်ပွေ၊ မိုးသီးကြွေသည်
စွေစွေ စောင်းစောင်း ရွာသွန်းလောင်း။
ဘယ်ယိမ်း ညာယိမ်း
တောခပ်သိမ်းလည်း
နတ်စိမ်းဝင်သို့ ကမ်းယံမို့တွင်
မှိုင်းညို့ မို့သား နောက်ခံထား။
မိုးဖျင်ဇာပါး၊ ဝတ်ရုံလွှားလျက်
မော်ကြွားသည့်ဟန်၊ ဤသည့်ကန်တွင်
မြင်ပြန်ဝိုးဝါး၊ ကျွန်းညိုကြား၌
လူးလာချင်လို၊ ငါတောင်းဆိုသည်
လှေကို ပြင်ပ ကူတို့မှုး ။
(ဆရာ မင်းသုဝဏ်)
ရေနီမြောင်း
ရေပြာ ရွှေကြာ ဝေဆာမွှေးသပ
ရွှေညာကျေးက တက္ကသိုလ်…။
ရတနာပုံ စာဆို အညာကို ပြုတော့
ရတနာပုံ မြို့က တက္ကသိုလ်…။
နံ့သာမွှေးမြ ပန်းတခက်လို
အညာကျေးက မန်းတက္ကသိုလ်…။
နေခြည်အဆောင်း၊ ရွှေရည်လောင်းတော့
ဆွေမဒီအပေါင်းက လမ်းလျှောက်လာ
ရေနီမြောင်းက လွမ်းလောက်စရာ…။
(ဆရာကြီးတင်မိုး)။
ဆရာကြီးတင်မိုးရဲ့ကဗျာကလည်း မန္တလေးတက္ကသိုလ်နှင့် အညာအငွေ့အသက်နဲ့ Very Romantic Scence အပြည့်ရှိတဲ့ ကဗျာပါဘဲ။ ဒီ ရေနီမြောင်းကဗျာလေးကို ဖတ်ပြီး ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ က လည်း မန္တလေး တက္ကသိုလ်ရဲ့ ရေနီမြောင်းမှာ Love Scence ရိုက်မယ်ဆိုပြီး ဇာတ်ညွန်းတွေရေး ပြီး မန္တလေးက ရေနီမြောင်းလေးကို ရုပ်ရှင် ရိုက်ကွင်းရှာပါသတဲ့။ သစ်ပင်လေးနဲ့ ရေနီမြောင်းလေးက စမ်းရေလို တသွင်သွင်စီးဆင်းနေမယ်လို့ထင်တယ်ပေါ့။ အဲဒီ သစ်ပင်ခြေရင်းမှာပဲ မင်းသားနဲ့ မင်းသမီး ချစ်တင်းနှီးနှောမယ်လို့ စိတ်ကူးယဉ်ထားတာ။ ကြည့်လိုက်တော့ ရေနီမြောင်းက ရေနီမြောင်းပဲ ဖြစ်နေပါသတဲ့။ နောက်တော့ မ ဖြစ်တော့ဘူး ဆိုပြီး ဇာတ်ညွှန်းပြောင်း ရေးရသတတ်။ (အော် စိတ်ကူးယဉ်များတော့ တော်တော်လေးလည်း စိတ်ကူးယဉ်တတ်တယ်ပေါ့။
No comments:
Post a Comment