(၁) ရာထောင်ကုဋေ သင်္ချေမက
အေးမြလှသည့် မိဘမေတ္တာ စန်းသီတာကြောင့်
ရင်မှာသောက ကင်းစင်ပလျှက်
ချမ်းမြနှလုံး ရွှင်ကြည်ပြုံး၏။
(၂) မိဘမေတ္တာ စန်းရေပြာကြောင့်
ရင်မှာဒေါသ ပြေလျော့ကျ၍
စန်းတလနှန်း ရွှင်ကြည်ပြုံး၏။
(၃) မိဘမေတ္တာ စန်းရေသာကြောင့်
ရင်နှစ်မျက်ရှု့ သားရွှေဥ
ဗဟုသုတ ပညာရ၍
ဘဝတန်ခွန် လူရည်ချွန်၏။
(၄) မိဘနှစ်ဖြာ ထူးမေတ္တာကြောင့်
မိဘချစ်သား ကျင့်ကြံပွား၍
ပညာပြည့်ဝ နှလုံးနှလျှက်
လောကအလယ် ဂုဏ်တင့်တယ်၏။
(၄) မိဘမေတ္တာ စေတနာကြောင့်
သည်းချာသားလှ ထက်တန်းကျ၍
လူဘုံအလယ် ဂုဏ်မြင့်ကြွယ်၏။
(၅) မိဘမေတ္တာ အကျင်နာကြောင့်
သည်းချာပုတ္တ စိတ်ထားလှ၍
ရွှင်ပြနှလှံး ပီတိဖုံး၏။
(၆) နှိင်းမဲ့ကမ္ဘာ မိဘနှစ်ဖြာ ရွှေမေတ္တာကြောင့်
အရိုင်းကြမ္မာ လှိုင်းပမာ
ဝိုင်းကာကြုံပြန် လောကဓံကို
တွန်းလှန်ကျော်လွှား ခေါင်းကားမငိုက်
စရိုက်မပြောင်း အကျင့်ကောင်းဖြင့်
ဘက်စုံဝိုင်းနှံ ဒေါသမာန်လည်း
သည်းခံခွင့်လွှတ်နိုင်ခဲ့ပါ၏။
(၇) သြော်…မိဘမေတ္တာ စန်းရေပြာက
တရွာတကျေး အနေဝေးလည်း
သားလေးကျန်းမာ စိတ်ချမ်းသာရေး
မေတ္တာထွေးယှက် ပေးပို့လျှက်ပင် ထာဝစဉ်။
(၈) သြော်… မိဘမေတ္တာ စန်းသီတာ
မိဘမေတ္တာ စန်းရေပြာ
မိဘမေတ္တာ အကျင်နာ
ဘယ်ခါခန်းခြောက်နိုင်ပါအံ့နည်း။
(၉) မိဘမေတ္တာ နှိုင်းဖွယ်ရာ
ဒီကမ္ဘာမှာ ဘယ်မှာ ရှိနိုင်ပါအံ့နည်း။
(၁၀) မိဘမေတ္တာ ရတနာ
ဒီကမ္ဘာမှာ ဘယ်မှာ အစားထိုးနိုင်ပါအံ့နည်း။
(၁၁) သြော်…မပြယ်ချစ်ကြွေး ရစ်နှောင်ထွေးဖက်
ပုခုံးထက်ဝယ် တင်လျှက်လုပ်ကျွေး
ပြုစုပေးလည်း တင်ခဲ့ကျေးဇူး
မြင့်မိုရ်ဦးကို အထူးပင်ဆပ်၍
မကုန်နိုင်ပါပေတကား။
(၁၂) ကြင်ကြင်နာနာ မေတ္တာထွေးဖက်
တွယ်တာယှက်သန်း မေတ္တာလမ်းသို့
ဖြောင့်တန်းမတ်စွာ လှမ်းလိုပါ၏။
စိတ်လက်ပျော်ရွှင် ရွှေရင်ခွင်ဖြင့်
နေ့စဉ်ဦးခိုက် ရှိခိုးလိုက်ပါ၏။
(မေ့သားလှ-ဇလဂ္ဂ)
17, November 2010
[မှတ်ချက်။ ဤကမ္ဘာလောကရှိ ကျေးဇူးရှင်မိဘတိုင်းသို့ ဦးခိုက်လျှက်။]
Thursday, December 2, 2010
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
မီးပမာလို လောင်ကျွမ်း
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းခိုက်
ကံကိလေသာ မကုန်ခန်းးလေသမျှ
ဖိစီးလာဝေဒနာတွေက
ခိုလှုံကာ ဝင်ရောက်လာကြ
ကြောက်စရာ့ ဒီရုပ်ဒီခန္ဓာ
အော်…ဇရပ်ပျက်ကြီးပမာပါတကား။
ထောက်ထားမညှာ ဖောက်ပြားကာ
ဖန်တီးလာလေသမျှ ကံကိလေသာ
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
ဝေဒနာအဆိုးတွေကြားက
ဒေသနာကိုကြိုးစား
ဘာဝနာအသိတရားနဲ့ နိုးကြား
ကျင့်တရားပွားများကာပင်
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
နောက်တစ်ခါ ရောက်မလာရလေအောင်
စိတ်မောစရာ ဒီဇရပ်အိုကြီးကို
တကယ့်အစစ် အမြိုက်လမ်းဆီသို့
ဆက်ချစ်အမိုက် မသန်းရလေအောင်
အိုကွယ် ဖျက်ပစ်လိုက်စမ်း။
မီးဆယ့်တစ်ဖြာ လောင်ကျွမ်းပါသော
မိမိရင်ထဲ အပူစွဲကို
မမြဲအနိစ္စ သင်္ခါရဟု
တရားရှု့မှတ် ပွားများလတ်သော်
ကင်းပြတ်ချုပ်ပျောက် ချမ်းသာရောက်မှာပါတကား။
(မေ့သားလှ-ဇလဂ္ဂ)
November 26- 2010
ဆည်းဆာညို အမှောင်မိုက်လမ်းမှာ
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းခိုက်
ကံကိလေသာ မကုန်ခန်းးလေသမျှ
ဖိစီးလာဝေဒနာတွေက
ခိုလှုံကာ ဝင်ရောက်လာကြ
ကြောက်စရာ့ ဒီရုပ်ဒီခန္ဓာ
အော်…ဇရပ်ပျက်ကြီးပမာပါတကား။
ထောက်ထားမညှာ ဖောက်ပြားကာ
ဖန်တီးလာလေသမျှ ကံကိလေသာ
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
ဝေဒနာအဆိုးတွေကြားက
ဒေသနာကိုကြိုးစား
ဘာဝနာအသိတရားနဲ့ နိုးကြား
ကျင့်တရားပွားများကာပင်
အပုပ်ခန္ဓာ ရုပ်နာမ်နှစ်ဖြာ
နောက်တစ်ခါ ရောက်မလာရလေအောင်
စိတ်မောစရာ ဒီဇရပ်အိုကြီးကို
တကယ့်အစစ် အမြိုက်လမ်းဆီသို့
ဆက်ချစ်အမိုက် မသန်းရလေအောင်
အိုကွယ် ဖျက်ပစ်လိုက်စမ်း။
မီးဆယ့်တစ်ဖြာ လောင်ကျွမ်းပါသော
မိမိရင်ထဲ အပူစွဲကို
မမြဲအနိစ္စ သင်္ခါရဟု
တရားရှု့မှတ် ပွားများလတ်သော်
ကင်းပြတ်ချုပ်ပျောက် ချမ်းသာရောက်မှာပါတကား။
(မေ့သားလှ-ဇလဂ္ဂ)
November 26- 2010
Subscribe to:
Posts (Atom)