ပုထုဇဉ်ကား ဆုံလည်နွားသို့
ငါးပါးအာရုံ ကာမဂုဏ်၌
သာယာစုံမက် ရုံးမထွက်ဘဲ
ဆက်လက်ကူးမြဲ သံသာဝဲတွ
င် နစ်ဆဲပေါ်တုံ ကာမဂုဏ်မှာ(လောကီဘုံမှာ)
စုပြုံတိုးဝှေ့ ငါပျော်မွေ့ခဲ့ (လွန်ပျော်မွေ့ခဲ့)။
လောကလူ့ရွာ ဒီကမ္ဘာဝယ်
ဖွှေရှာအလုပ် ဥာဏ်ဖြာထုတ်၍
အရှုပ်ကိလေ ၁၁ထွေမီး
အပြီးအပိုင်
ငါလေ ငြိမ်းမသတ်နိုင်သေး။
ကာမဂုဏ်ဒဏ် အဖျက်ရန်ကြောင့်
ရမ္မက်တွေဝေ စိတ်ရိုင်းတွေကို (စိတ်တေလေကို)
ထူးထွေပိုင်းဖြတ် ဥာဏ်ဖြင့်သတ်ဖို့
မပြတ်သတိ အမြဲရှိစို့။
ခွဲခြားမြင်သိ စိတ်ကောင်းရှိစို့။
(မေ့သားလှ-ဇလဂ္ဂ)
(၁၂-၁၀-၂၀၀၉)။
Thursday, December 9, 2010
ဆုတောင်းတိုင်းသာ ပြည့်စေချင်
မိုးလေဝသ ရာသီမျှစေ
လှပရွယ်လူး ပန်စုံဖူးစေ
မြေဆီလွှာထိမ်း တောလုံးစိမ်းစေ
ခပ်သိမ်းဝန်းကျင် အလှဆင်စေ
တာဝန်ပေးအပ် ခံယူတတ်စေ
ရင်ထဲအမြဲ ဝင်လျှက်စွဲစေ
ရှည်ကြာအသိ တည်ကာရှိစေ
စွမ်းအားစိတ်ဓာတ် ထင်မြင်ဟပ်စေ
ပြတ်ပြတ်ထင်ထင် ရှု့မြင်တတ်စေ
ရင်မှာအသိ ထာဝရရှိစေ
နိုးကြားရှင်သန် အမြင်မှန်စေ
ခန္တီနှလုံး အစဉ်သုံးစေ
မြင့်မြင့်မားမား ရည်မှန်းထားစေ
ရင့်ကျက်ဖွင့်ထွား နှလုံးသားလှစေ
မတ်မတ်တည်ငြိမ် ဂုဏ်ရှိန်ရှိစေ
စံထားဂုဏ်တင် ရှု့တိုင်းယဉ်စေ
ဩဇာကျယ်ပြန့် ထည်ဝါခန့်စေ
တိုင်းပြည်အတွက် ထမ်းပိုးရွက်စေ
ဘိုးဘွားမြန်မာ ဂုဏ်ဖြာတင့်စေ
သွေးသားနောင်ညီ ကူညီကြစေ
နဘံမိုးထက် လျှံဝေတက်စေ
သူတော်တရား ကမ္ဘာလွှားစေ တောင်းဆုခြွေ၏။
(မေ့သားလှ ဇလဂ္ဂ)။
(၁၁-၁၀-၂၀၀၉)
လှပရွယ်လူး ပန်စုံဖူးစေ
မြေဆီလွှာထိမ်း တောလုံးစိမ်းစေ
ခပ်သိမ်းဝန်းကျင် အလှဆင်စေ
တာဝန်ပေးအပ် ခံယူတတ်စေ
ရင်ထဲအမြဲ ဝင်လျှက်စွဲစေ
ရှည်ကြာအသိ တည်ကာရှိစေ
စွမ်းအားစိတ်ဓာတ် ထင်မြင်ဟပ်စေ
ပြတ်ပြတ်ထင်ထင် ရှု့မြင်တတ်စေ
ရင်မှာအသိ ထာဝရရှိစေ
နိုးကြားရှင်သန် အမြင်မှန်စေ
ခန္တီနှလုံး အစဉ်သုံးစေ
မြင့်မြင့်မားမား ရည်မှန်းထားစေ
ရင့်ကျက်ဖွင့်ထွား နှလုံးသားလှစေ
မတ်မတ်တည်ငြိမ် ဂုဏ်ရှိန်ရှိစေ
စံထားဂုဏ်တင် ရှု့တိုင်းယဉ်စေ
ဩဇာကျယ်ပြန့် ထည်ဝါခန့်စေ
တိုင်းပြည်အတွက် ထမ်းပိုးရွက်စေ
ဘိုးဘွားမြန်မာ ဂုဏ်ဖြာတင့်စေ
သွေးသားနောင်ညီ ကူညီကြစေ
နဘံမိုးထက် လျှံဝေတက်စေ
သူတော်တရား ကမ္ဘာလွှားစေ တောင်းဆုခြွေ၏။
(မေ့သားလှ ဇလဂ္ဂ)။
(၁၁-၁၀-၂၀၀၉)
Subscribe to:
Posts (Atom)