ဟို အနှစ် ၅၀-၆၀ ဝန်းကျင်ဆီသို့ ပြန်တွေးကြည့်သော်
(၁) ဆယ်ကျော်အသက် ပျော်မက်ဖွယ်ရာ
အချိုးအဆက် ညံ့သက်နုရွ အလှပနှင့်
ဘဝခုံမင် သံယောဇဉ်နှင့်
အကြင်အနာ အတွယ်အတာတို့
ကပ်ငြိဆွဲဆောင်တုတ်နှေင်ခိုင်စွ
ဆန္ဒရာဂ သမုဒယကြောင့်
ရူးမတတ် အသည်းအူ
လှိုက်ဆူရှိုက်တုန်
ရင်ခုန်စွာပင် သူမကို မြင်သော်…
စူးရှတောက်ပ သူမရဲ့ ရူပါရုံ ပြောမကုန်။
(၂) ဟော ခုတော့…
ဒီမှာကြည့် တရားအသိနဲ့
သူမ၏ လက်ရှိ-ပကတိ ယနေ့ရုပ်ပုံ
ပါးရေနားရေတွေ တွန့်လိမ်ကုန်
နှိုင်းယှဉ်ကြည့်တော့ သူမယုံ
သူ့မျက်ဝန်းတွေ တွေဝေမှုန်
အို….ခုတော့
သူ့နှလုံးသားတွေ နှေးစွာခုန်။
(၃) ကဲ ဒီတော့
သူငယ်ချင်း မေးပါရစေ…
ဟိုတုန်းက မင်းကြိုက်လှပါတယ်ဆိုတဲ့
မင်းသ္မီးချောချောပုံ
ပြစ်မျိုးကင်းပ နုနုရွရွ
စွဲမက်စရာ လှမျိုးစုံ
တကယ်ရရင် ယူမယ်ဆိုတဲ့
မင့်စကားတွေကုန်
ခုတော့ ဘာကြောင့် မင်းနှတ်ရေငုံ
ကဲ … ပြောစမ်းပါဦး ဒီလိုဖြစ်ရပုံ။
(၄) ဆုံလည်နွားပမာ သာယာစုံမက်
ရုံးမထွက်ဘဲ သံသာဝဲတွင်
နစ်ဆဲပေါ်တုံ ကာမဂုဏ်မှာ
စုပြုံတိုးဝှေ့ မွေ့ကြပျော်ရွှင်
ပုထုဇဉ်…လို့ဘဲ
မင်းဆင်ခြေတွေ ပေးနိုင်ဦးမလား
သူငယ်ချင်း….။
မေ့သားလှ (ဇလဂ္ဂ)
14-09-2010)
Wednesday, December 8, 2010
ခဏတာ အရသာ
တဏှာမာန ပူးဝင်ကြသော်
လောက၌တွင် ပုထုဇဉ်ကား
လိုအင်များစွာ ဆွဲဆောင်ရာသို့
လိုက်ပါသွားရင်း ရှင်သန်ရင်းဖြင့်
သေခြင်းမရောက် သက်မပျောက်ခင်
ဘဝင်ရွှင်လျှက်
ရမ္မက်ကိလေသာ အားကြီးစွာသား
ငါးပါးအာရုံ ကာမဂုဏ်၌
စုပြုံတိုးဝှေ့ လွန်ပျော်မွေ့လျှက်
ဓလေ့စရိုက် အချိုကြိုက်ကြ။
အလိုလိုက်ကာ ဒီဘဝမှာ
အကျနာ မဖြစ်ကြစေဖို့
ခဏတာ အရသာ အချစ်ကိုကွယ်
ယောင်ရမ်းကာ မတိုးကြပါလေနဲ့
ညစ်ကျိုးတွေက ထပ်ဆင့်တိုးဖို့သာပင်
ကြမ္မာရိုင်း မုန်တိုင်းပမာ
ကံဇာတာ ညှိုးရှာခြေရင်ဖြင့်
ကဆုန်စိုင်းလာ မြန်မကြာ
ရောက်လာလိမ့်မယ် စိုးထိတ်စရာ။
တွယ်ငြိကာ ဆွဲဆောင်
တုတ်နှောင်ကာခိုင်မြဲ
တဏှာ မာန စတဲ့ ကြိုးတွေကိုကွယ်
မငြိချင်ကြစမ်းပါနဲ့
နောက်တစ်ခါ ဖောက်ပြားကာ
ထပ်မမှားကြစေဖို့
အရာရာတိုင်းမှာ ဝေဖန်ပိုင်းဖြတ်ကာ
အထပ်ထပ် သတိယှဉ်
တကယ်ပင် ဥာဏ်ဖြင့်ရှူ့
ဘယ်သူမပြု မိမိမှု
အမှားအမှန် ဝေဖန်ရှု့။
မေ့သားလှ (ဇလဂ္ဂ)
12-09-2010)
လောက၌တွင် ပုထုဇဉ်ကား
လိုအင်များစွာ ဆွဲဆောင်ရာသို့
လိုက်ပါသွားရင်း ရှင်သန်ရင်းဖြင့်
သေခြင်းမရောက် သက်မပျောက်ခင်
ဘဝင်ရွှင်လျှက်
ရမ္မက်ကိလေသာ အားကြီးစွာသား
ငါးပါးအာရုံ ကာမဂုဏ်၌
စုပြုံတိုးဝှေ့ လွန်ပျော်မွေ့လျှက်
ဓလေ့စရိုက် အချိုကြိုက်ကြ။
အလိုလိုက်ကာ ဒီဘဝမှာ
အကျနာ မဖြစ်ကြစေဖို့
ခဏတာ အရသာ အချစ်ကိုကွယ်
ယောင်ရမ်းကာ မတိုးကြပါလေနဲ့
ညစ်ကျိုးတွေက ထပ်ဆင့်တိုးဖို့သာပင်
ကြမ္မာရိုင်း မုန်တိုင်းပမာ
ကံဇာတာ ညှိုးရှာခြေရင်ဖြင့်
ကဆုန်စိုင်းလာ မြန်မကြာ
ရောက်လာလိမ့်မယ် စိုးထိတ်စရာ။
တွယ်ငြိကာ ဆွဲဆောင်
တုတ်နှောင်ကာခိုင်မြဲ
တဏှာ မာန စတဲ့ ကြိုးတွေကိုကွယ်
မငြိချင်ကြစမ်းပါနဲ့
နောက်တစ်ခါ ဖောက်ပြားကာ
ထပ်မမှားကြစေဖို့
အရာရာတိုင်းမှာ ဝေဖန်ပိုင်းဖြတ်ကာ
အထပ်ထပ် သတိယှဉ်
တကယ်ပင် ဥာဏ်ဖြင့်ရှူ့
ဘယ်သူမပြု မိမိမှု
အမှားအမှန် ဝေဖန်ရှု့။
မေ့သားလှ (ဇလဂ္ဂ)
12-09-2010)
Subscribe to:
Posts (Atom)