ဖုထစ်ရွတ်တွ ၊ ဌက်လင်းတသို့
ပျဉ်းမငုတ်တို ၊ သက်ကြားအိုသည်
ကုန်မိုထက်တွင် ၊ တစ်ပင်တည်း ။
ခွဆုံအကွေး ၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လှာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ၊ ခြအိမ်ပျက် ။
ကုန်းမိုကမ်းပါး ၊ မြေပပ်ကြားတွင်
စစ်သားခမောက် ၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း ၊ လက်ပြညွှန်း ။
ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျှက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော် ................
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင်ယောကျာင်္း ကောင်းတကား ။ ။ ။
( မင်းသုဝဏ် )
Wednesday, March 23, 2011
ပျဉ်းမငုတ်တို
Tuesday, March 22, 2011
လောကနီတိ 9
တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။
- A good harpist may lose skill after separation of five days from harp.
- A good archer may lose skill after separation of seven days from bow.
- A good wife may lose in the haviour after separation of one month from her husband.
- Pupils may lose in qualification after separation of about half a month from teacher.
- ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
- ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
- မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
- ရဟန်းသည် တရား၌သာ မွေ့လျော်၏။
- Buffalo delights in mud.
- Duck delights in pond.
- Woman delights in man.
- Priest delights in virtue. (Dhamma)
- ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
- မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
- စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
- ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။
- One should praise meal after being digested.
- One should praise wife after she is over age.
- One should praise solider after winning battle.
- One should praise paddy after being harvest and stored in ware-house.
အားလုံးကိုချစ်ခင်လေးစားလျှက်... - လောကနီတိ 10
- စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
- ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
- Scriptures and mantras not recited get lost.
- Wealth, without being industrious may diminished and perish.
- အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
- တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
- Laziness is a taint to good appearance.
- Forgetfulness is a taint to the ascetic.
- လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
- လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
- The property of the non-industrious will inevitably get into the hands of the in dustrious.
- The lazy and stupid usually say that previous fate alone is enough to rely on without making any effort.
- လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
- ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။
- The good and diligent put their energies into what ever they do.
- If all endeavours arrive at not fruitful end, no blame or anger is placed on the outcome.
Subscribe to:
Posts (Atom)