" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, March 22, 2011

လောကနီတိ 9

တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။

တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။

အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။

တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။

  • A good harpist may lose skill after separation of five days from harp.
  • A good archer may lose skill after separation of seven days from bow.
  • A good wife may lose in the haviour after separation of one month from her husband.
  • Pupils may lose in qualification after separation of about half a month from teacher.

  • ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
  • ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
  • မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
  • ရဟန်းသည် တရား၌သာ မွေ့လျော်၏။

  • Buffalo delights in mud.
  • Duck delights in pond.
  • Woman delights in man.
  • Priest delights in virtue. (Dhamma)

  • ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
  • မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
  • စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
  • ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။

  • One should praise meal after being digested.
  • One should praise wife after she is over age.
  • One should praise solider after winning battle.
  • One should praise paddy after being harvest and stored in ware-house.
    အားလုံးကိုချစ်ခင်လေးစားလျှက်...
  • လောကနီတိ 10
  • စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
  • ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
  • Scriptures and mantras not recited get lost.
  • Wealth, without being industrious may diminished and perish.

  • အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
  • တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
  • Laziness is a taint to good appearance.
  • Forgetfulness is a taint to the ascetic.
  • လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
  • လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
  • The property of the non-industrious will inevitably get into the hands of the in dustrious.
  • The lazy and stupid usually say that previous fate alone is enough to rely on without making any effort.
  • လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
  • ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။

  • The good and diligent put their energies into what ever they do.
  • If all endeavours arrive at not fruitful end, no blame or anger is placed on the outcome.

No comments:

Post a Comment