" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, March 10, 2011

''လောကနီတိ''5

ဥစ္စာမရှိဘဲ အစားမကြူးရာ။
ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
ပညာမရှိဘဲ စကားများစွာ မဆိုရာ။

Without wealth, be not excessive in eating.
Without strength, love not fighting.
Without learning, speak not too much.

မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
သူမမေးဘဲ များစွာ မပြောရာ။
မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)

Don't visit another's house frequently without being invited.
Don't talk too much without being asked.
Don't extol and boast of oneself.
(Don't blow one's own trumpet.)

ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။

A half-empty vessel makes more sound.
A person not fully educated tends to show off.

သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။

The ocean is not contented in receiving water.
The eye is not contented in seeing the beloved.
The wise is not contented in good speech.
အင်အားကြီးမားသော အမိုက်ရင် အပေါင်းကို တစ်ယောက်အားဖြင့် မအောင်နိုင်သော်လည်း ပေါင်းစုခိုင်ကျည် ညီညွတ်သည်ရှိသော် အောင်နိုင်ရာ၏
မြက်တစ်ပင်တည်း အချည်းနှီးဖြစ်သော်လည်း စုပေါင်း၍ ကျစ်အပ်သည်ရှိသော် ထိုမြက်လွန်ကြိုးသည် ခွန်အားကြီးသော ဆင်ပြောင်ကြီးကိုပင် ချည်နိုင်စွမ်း သကဲ့သို့တည်း။
Strong, bad elements cannot be overcome single-handed but by united action.
A blade of garss is unsubstantial, but many blades made into a rope can bring the strength to tie an elephant.
လေကွယ်ထောင့်ရာ အရပ်၌ မီးတောက်သည် ကြီးထွားမရှိ ငြိမ်းလေဘိသကဲ့သို့ သစ္စစောင့်မြဲ သူရဲဗိုလ်ပါတို့၏ အားပေး ထောက်ကူမရခဲ့မူ ပြည့်ရှင်မင်း၏ တန်ခိုးသြဇာ အရှိန်အ၀ါသည် အဘယ်မှာလျှင် ကြီးထွားအောင်မြင် ရန်ကင်းစင်အောင် ပြုနိုင်ပါမည်နည်း။
Just as a flame cannot thrive but die in a place deprived of wind, a ruler without the backing of faithful retinue cannot cause success and prosperity.
အရှင်သခင်ကိုတု၍ မည်သည့်အမှုကိုမျှ ဂုဏ်တုဂုဏ်ပြိုင် မပြုအပ်
ဝတ်စားဆင်ယင် အလှပြင်ခြင်း၌ လည်းကောင်း ၊ စည်းအိမ်ချမ်းသာ ခံစားရာ၌ လည်းကောင်း အတူမပြုရာ။

No Competition in pride with a master should be attempted.
No similarity or equality of attire and wealth should be attempted.
သူယုတ်မာကို အချစ်မလွန်ရာ။
သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။
Do not love the unvirtuous too much.
Even though praised highly, the wicked may act impolitely and boisterously.

မြွေသည် အမျက်လွန်၏။
မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။
The snake is extreme in anger.
The wicked is more furious than the snake.
Though the snake can be subdued by charm and drugs, there is no remedy for subduing of the wicked.

မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
One who knows himself of his foolishness, may be said to be the wise.
One who thinks of himself as the wise even though he is foolish may be said to be the foolish.

သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင်တတ်၏။
သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။
The foolish thinks his evil deeds as honey so long as there occurs no due results for his evil deeds.
When bad results occured due to his evil deeds, then he gets into trouble.

လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။
The fool, if he is stronger, may plunder others possessions by force.
After death that fool of less knowledge lands in hell.
အိမ်ယာထောင်ထား အကြင်ယောကျာ်းသည် ပျင်းရိမူမကောင်း။
ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်းမရှိမူ မကောင်း။
မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိလျှင်မကောင်း။
ပညာရှိသည် အမျက်ထွက်တတ်မူမကောင်း။

A family man who is lazy is not good.
A monk who does not control thought, world and deed in unvirtuous.
An authority who acts wantonly is not good.
A sage, given anger is not good.
အကြင်အရပ်၌-
နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့။
နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့။
နှိမ့်ချသူမရှိ၊ အကြီးအမြတ် ဖြစ်လိုကြသူများသာဖြစ်အံ့။

-ထိုသူတို့ လုပ်သမျှ ကိစ္စအ၀၀ သည် ပျက်စီးရတတ်၏။

A place,
Where there are no followers but all are leaders.
Who want to act wise with no listener,
To be great with no one humble is bound to see the ruin of whatever is done.
မင်းအစိုးရမည်သည် -
တိုင်းပြည်၏ အခွန်အတုတ်ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏.
အမှုထမ်းများ တာဝန်ကျေအောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင်ပြုရာ၏။
နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှောက်စားထိုက်သူများကို ချီးမြှောက်စားရာ၏။

Government must be directly in the know-
If revenue is received or not and if seeds and food supplies are sufficient or not.
If those in service are dutiful or not.
If those on whom action must be taken is taken and those worthy of reward are reward.
စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
လှို့ဝှက်သော ကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲ ခြင်း ပြုလို၏။

On the Battlefield the brave are wanted.
In secret matters one who keeps his tongue is wanted.
At a feast , one loved is wanted.
In difficult and profound matters one learned is wanted.
The wicked on seeing the virtuous wants to oppress and persecute him.

အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလို ပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။
ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။

Nothing should be done in haste. If it is done hastily one could worry later.
Staying in a narrow place full of faeces is suffering.
More so is staying together with one hated.
Still more so is staying together with the ungrateful.
ဆုံးမသင့်သည်ကို အမြဲ ဆိုဆုံးမရာ၏
ယုတ်မာသော အကျင့်ကိုလည်း တားမြစ်ရာ၏
ထိုသို့ ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြာ၏ ။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။

Always admonish where it is due.
Deter wicked ways.
One who does so is liked by the virtuous, but disliked by the wicked.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ရန်သူကိုဖြစ်စေ၊ မိတ်ဆွေကိုဖြစ်စေ အလွန်အမင်း အကျွမ်းမ၀င်ရာ။
- မိတ်ဆွေပင်ဖြစ်လင့်ကစား အမျက်ထွက်သည်ရှိသော် သင့်အပြစ်မှန်သမျှကို
ထုတ်ဖော်ပြတတ်၏။


- One Should not love either enemy or friend too much.
- Even though a friend, when one becomes angry, one may reveal all of
your faults.


- မီးကိုလည်း အကြွင်းမထားရာ။
- ကြွေးမြီကိုလည်း အကြွင်းမထားရာ။
- ရောဂါကိုလည်း အကြွင်းမထားရား
- ထိုသည်တို့ကား အဖန်တလဲလဲတိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။


- Do not leave remnants of fire.
- Do not leave remnants of debt.
- Do not leave remnants disease.
- As those may increase times no remnants should be left.


- မျက်နှာမူကား ပဒုမ္မာကြာ။
- နှုတ်ထွက်စကားက စန္ဒကူးနံ့သာ။
- စိတ်နှလုံးကား အဆိပ်ပမာ။
- ထိုသို့သဘောရှိသူကို မပေါင်းအပ်ရာ။


- Whose face is like lotus lily.
- Whose words are as cool as sandal-wood.
- Whose heart is full of poison.
- One should not associate with such a person of that nature.


- ရက်စက်ကြမ်းကြုတ်သော ။
- မနာလိုဝန်တိုသော။
- မချီးမြှောက်မထောက်ပံ့တတ်သော။
- ဖိနှိပ်ချုပ်ချယ်သော အရှင်သခင်မျိုးကို လုပ်ကျွေးမှီခိုခြင်း မပြုရာ။


- Who is severe.
- Who is niggardly.
- Who is uncharitable.
- Who is oppressive, One should not serve and rely on such a master.



အားလုံးကိုချစ်ခင်လေးစားလျှက်...
နှစ်လင်သုံးလင်ပြောင်းသော မိန်းမ၊
နှစ်ကျောင်းသုံးကျောင်းပြောင်းသော ရဟန်း၊
နှစ်ကြိမ်သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊
ဤသူတို့ကား မာယာများတတ်၏။
The woman , who changes two or three husbands,
The priest, who changes tow or three monasteries,
The bird which escapes from traps twice or thrice,
These may have many deceits.
ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ်ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံ မပြုလုပ်ဘဲနေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
မကောင်းသော မားကို ငွေကြေးဥစ္စာမအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
အစားအစာ တပ်မက်လွန်ကျူးသူကို အစားလျှော့၍ ကျွေးခြင်းဖြင့် ယဉ်ပါးစေနိုင်၏။

The wicked may be tamed by beating,
The bad friend by quitting,
The bad wife by not giving wealth,
The greedy by reduction of food.

လရောင်မှ ကင်းသော ညသည် မတင့်တယ်။
လှိုင်းတံပိုးမှ ကင်းသော သမုဒ္ဒရာသည် မတင့်တယ်။
ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။
လင်မှကင်းသော သတို့သမီးသည် မတင့်တယ်။

The night without moon is disgraceful.
The ocean without waves is disgraceful.
The pond without ducks (Hamza) is disgraceful.
The maiden without husband is disgraceful.


အားလုံးကိုချစ်ခင်လေးစားလျှက်...

No comments:

Post a Comment