" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, March 1, 2011

လောကနီတိ1

''နီတိ'' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ် ၍ ''လမ်းညွှန်''

ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။

တောင်တိုင်းတွင်ပတ္တမြားမရှိ။

ဆင်တိုင်းတွင် အမြုတေမရှိ။
တောတိုင်းတွင် စန္ဒကူးမရှိ။
အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန်မရှိ။

There is no ruby in every mountain.
There is no pearl in every elephant.
There is no sandalwood in every forest.
There is no sage in every place.


ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံအရောက်သွားပြီး ပညာကိုကြိုးစား၍ဆည်းပူး

သင်ယူရာ၏။

စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိ သည်လည်း သူမေးလာသောအခါမှသာဖြေကြား

ပြောဆိုလေ့ ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟော တတ်ပေသည်။

One who wants knowledge should get to the wise and learn seriously.

As a drum emits sound when struck the learned responds only when asked.
Asked or not, the uneducated speaks too much.

ပေပုရပိုက်စာရွက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟုမမှတ်ယူ

ကောင်း။
ထို့အတူသူတစ်ပါးလက်ဝယ်၌ ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။

Chronicled knowledge shall not be regraded as one's own.
Property in the hands of other shall not be regarded as one's own.

လိမ္မာယဉ်ကျေးရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။

Being cultured or not can be known by behavior.
Being learned or not can be known by speech.

www. ayeyarwaddylibrary.blogspot.com/ မှကူးယူဖော်ပြပါသည်..။

လောကနီတိလေးတွေကိုကူးယူဖော်ခွင့်ပြုတဲ့ဧရာဝတီစာကြည့်တိုက်မှflowerpoem ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ...

စာရေးသူ၌လည်း ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာ အုပ်လေးရှိပါသည်။ ယင်းစာအုပ်ထဲ၌ ပြည့်သူ့နီတိ လောကနီတိများ အပြည့်စုံပါရှိပါသည်။ သို့သော် စာရေးသူအနေနဲ့ အချိန်မအားလပ်သေး၍ ဧရာဝတီစာကြည့်တိုက်မှ ကူးယူဖော်ပြလိုက်ပါသည်။ နောက်များလည်း ဆက်လက်ဖော်ပြသွားမည်။ ကျေးဇူးတင်ပါတယ်။

(မေ့သားလှ-ဇလဂ္ဂ)

No comments:

Post a Comment