" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, March 1, 2011

ငြိမ်းချမ်းရေးပန်း ဒို့လမ်းမြေ (တေးထပ်)

ကမ္ဘာတွင် ခေါင်ဆောင်တစ်ပါး
သတင်းတောက်ကြွား ဂုဏ်ထည်ဝါ
မကြောက်တရား ယုံကြည်စွာရယ်
မဖြုန်သည်သာ ရန်စွယ်များ
မြန်ပြည်တလွှား ဒီမိုကရေစီကိုကွယ်
အပီရေးမည် ခိုင်တဲ့ စိတ်ထား။

ဇာတိမာန်ဝင့် ပြည်ချစ်သူ
ဤဇမ္ဗူ လျှမ်းရှိန်
စမ်းမမှိန် လွန်ထင်ရှား
ကမ္ဘာတလွှား ဒီမိုကရေစီ
မြန်ပြည်တွင် လွှမ်းစေဖို့
မြန်မာ့အစွမ်း ပြကြစို့နော်။

ငြိမ်းချမ်းရေး အောင်လံတော်
ခုချိန်သော် လွှင့်ရန်ရောက်ပြီမို့
ဇွဲမာန်လှောက် လုလ္လခိုင်ကြည်
မုချအောင်မည်
ခါတော်မြတ် ခွင့်ခါကြုံလျှင်
ပွဲသိမ်းပြီ မှတ်ကြစို့လေး။
(ငြိမ်းချမ်းရေးပန်း ဒို့လမ်းမြေမှာ
တင့်ဆန်းဝေဆာ ဖူးပွင့်မှာပေါ့လေး)
(ဒို့မှန်းတဲ့ ဒို့နန်းရဝေသာ
ဒို့လှမ်းသွေမကွာ ချီတက်ကြပါစို့လေး။)

(မေ့သားလှ-ဇလဂ္ဂ)
၀၁-၀၃-၂၀၁၁

No comments:

Post a Comment