" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, March 5, 2011

ကျောက်ဆောင်အိုရှင်

မြစ်ကမ်းပါးထိပ် အလျားအိပ်သည့်
တိမ်ရိပ်ဘောင်ခတ် မတ်မတ်တည်ငြိမ်
နေသူရန်၏ ပူရှိန်ပြင်းသော
ဓာတ်တေဇောကြောင့် အလှမဆောင်လို
ကျောက်ဆောင်အိုရှင်။
သူ့ကိုဝိုင်းနှံ ရေလှိုင်းဒဏ်ကြောင့်
ပြင်းထန်အက်ကွဲ အရောင်မွဲလျက်
ညိုမဲအဆင်း ပျိခြင်းလွင့်စင်
အိုမင်းရင့်သွင် အို…ကျောက်ဆောင်ရှင်။
အလှမရှိ သဘာဝအသိနှင့်
ခိုင်၏စိတ်ထား မြင့်မားဂုဏ်သိန်
တန်ခိုးရှိန်ကို ပိုင်စိုးသခင်
အိုအရှင်….
အသင့်ထံမှာ ညှိုးမှိန်ကြမ္မာ
လောကဓံဟာ လှိုင်းသို့ပမာ
ဘယ်လိုလာစေ၊
မုန်တိုင်းပမာ ကဆုန်ဆိုင်းကာ
ဘယ်လိုလာစေ၊
ခေါင်းကိုမငိုက် မပြောင်းစရိုက်နှင့်
အရှုံမခံ ရဲရင့်မာန်ဖြင့်
အသွင်ကျောက်ဆောင်အို ပမာသို့နှယ်
မထောင်မလွှား မဝါကြွားဘဲ
စိတ်ရဲမာန်ဆင့် ဇွဲနှင့်ဥာဏ်ဖြိုး
အသိတိုးအောင်
ကြိုးစားတည်လော့ အားမန်သော့။
နိုးကြားအဟုန်မလျှော့ ကြွားဟန်လျှော့။

မေ့သားလှ-ဇလဂ္ဂ)
၀၅-၀၃-၂၀၁၁

No comments:

Post a Comment