" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, March 13, 2011

လောကနီတိ 6

ဖုန်းတောင်းယာစကာများအဖို့ နေ့ရောညပါ အိပ်စက်ကြစေကာမူ ၊

သာမန် ရပ်သူရွာသားများ အဖို့ ညဥ့်သုံးယာမ်စလုံး အိပ်စက်ကြစေကာမူ၊

မှူးမတ် ပညာရှိများသည်ကား ညဥ့်သုံးယာမ်တွင် နှစ်ယာမ်သာလျှင် အိပ်စက်ရာ၏၊

ပြည့်ရှင်မင်းသည်ကား ညဥ့်သုံးယာမ်တွင် တစ်ယာမ်သာလျှင် အိပ်စက်ရာ၏

Though beggars sleep day and night,

The commons sleep the entire night,

The ministers and the wise may sleep two watches,

And the king but one.

ပစ္စည်း ဥစ္စာကြွယ်ဝချမ်းသာသူလည်း မရှိသော၊

အကြားအမြင်နှင့် ပြည့်စုံသူ ပညာရှိသူလည်း မရှိသော၊

အုပ်စိုးသူမင်းအစိုးရလည်းမရှိသော၊

မြစ်ကြောင်းကန်ချောင်းလည်းမရှိသော၊

ဆေးဝါးသမားလည်းမရှိသော၊

ဤအရပ်ဒေသမျိုးတွင် တစ်နေ့တစ်ရက်မျှ အခြေချမနေအပ်။

One should not live even a day in a place-

Without the wealthy,

Without the learned,

Without government,

Without rivers,

Without medicines and physicians.

မြတ်နိုးသူမရှိသော အရပ်၊

ချစ်ခင်သူမရှိသောအရပ်၊

အဆွေခင်ပွန်းမရှိသောအရပ်၊

အတတ်ပညာ သင်ကြားပေးသူ မရှိသောအရပ်၊

ထိုအရပ်မျိုး၌ တစ်နေ့တစ်ရက်မျှ မနေအပ်။

One should not stay even a day in a place.

Without person adored,

Without person attached,

Without relative,

Without teacher.

အားလုံးကိုချစ်ခင်လေးစားလျှက်...

No comments:

Post a Comment