" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, March 15, 2011

လောကနီတိ 8

သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှရသော ရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏ ။

မသူတော်တို့ ဥစ္စာသည်ကား များပင်များငြားသော်လည်း သမုဒ္ဒရာ ရေကဲ့သို့ သောက်၊ သုံး မှီခိုရာမရနိုင်.။

Little as the wealth of the virtuous may be, it can be used as good water from a well.

But much as the wealth of the nonvirtuous can be not useful as water from the ocean.

မြစ်တို့သည် ရေကို မသောက်ကုန်။

သစ်ပင်တို့သည် အသီးကို မစားကုန်။

သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့၏ အကျိုးအတွက် ဖြစ်၏။

Rivers do not drink water.

Trees do not eat fruit.

The wealth of the virtuous is for the benefit of others.

မတောင့်တအပ်သည်ကို မတောင့်တရာ။

မကြံစည်အပ်သည်ကို မကြံစည်ရာ။

တရားသဖြင့်သာလျှင် ကောင်းစွာ ကြံစည်ရာ၏။

အချိန်ကို အချည်းနှီးအလဟသာ မကုန်ဆုံးစေရာ။

Crave not for what should not.

Think not for what should not.

Think well in just way.

Do not pass away the time in futility.
အားလုံးကိုချစ်ခင်လေးစားလျှက်...

သစ်ပင်၏အရိပ်သည် အေးချမ်း၏

ထိုထက် ဆွေမျိုးမိဘအရိပ်က ပို၍ အေးချမ်း၏

ထိုထက် ဆရာသမားအရိပ်က ပို၍ အေးချမ်း၏

ထိုထက် မြတ်စွာဘုရား အရိပ်က အဆများစွာသာလွန် အေးချမ်း၏

The refuge of the tree is cool.

Even more is the refuge of parents and relatives.

Even more is the refuge of the teacher.

Far more is the refuge of Buddha.

ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏

သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏

ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏

သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏

Bees want flowers.

The virtuous want virtue.

Flies want the putrid.

The wicked want anger.

အမိအဘတို့၏ အဆုံးအမကို မရမူ ကိုနှုတ်အမူအရာ ကြမ်းတမ်း၏

အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာယဉ်ကျေး၏

Deprives of parental teachings, one tends to be harsh in words and deeds.

Benefited by parental teachings one is gentle in words and deeds.

အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏

သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏

ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏

Dissolving anger frees one from worry.

Expressing one's gratitude is praised by the virtuous.

Tolerating rude words is virtuous.

အားလုံးကိုချစ်ခင်လေးစားလျှက်...

မိန်းမ၌ တပ်မက်လွန်ကြူးမူသိက္ခာ သီလမရှိနိုင်။

သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။

အရက်သေစာ အသောက်အစားလွန်ကြူးမူ စကားမမှန်နိုင်။

လောဘရမ္မက် ကြီးလွန်းမူ အရှက် မရှိနိုင်။

အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။

The over-sexed has no honour.

The over-carnivorous has no pity.

The over-imbibed has no truthful world.

The over-avariced has no shame.

The over-lazy has no education


ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -

အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။

အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။

သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။

အလောင်းအစား ကစားများခြင်း ။

မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။

ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။

- တို့ပေတည်း။

The causes of ruin are-

Over-intoxication.

Over- indulgence in untimely visits.

Over-enjoyment of entertaining pleasure.

Over-gambling.

Over-association with the bad.

Over-procrastination and laziness.

အားလုံးကိုချစ်ခင်လေးစားလျှက်...

No comments:

Post a Comment