ထွန်းဦးနှင့် ထွန်းလှ၊ လွမ်းစရာ့ နှစ်လူ၊
ကျမ်းဓမ္မ အဆူဆူမှာ၊ သူမတူ ဥာဏ်သွား။
ဟောပြောမှု ထွေအလာ၊ ပဒေသာ နှတ်လျှာက ပါး။
အလုပ်နှင့် အဟုတ်တယ်လျှင်၊ ဆုတ်ပြယ်ပြယ်လူစား။
တကယ်ဆို ရှောင်သမား ၊ ပြောင်ကြွားကြွား ဟန်ပို။
ဟောပြောဥာဏ် စာအရေးမှာတော့၊
လျှာကလေး သွက်ကြသကို။
သိလျက်သားနှင့် အမှားခို၊ စကားထိုထို ယမယ်ဖွဲ့လို့၊
ဘယ်တဲ့ညာတဲ့ ယောင်ယောင်ပေါပေါင်၊ ပြောကြဟန်ဆောင်။
နစ်မြဲ နစ်ဖို့ အလွတ်ရှောင်လျှင်၊
အကျွတ် ဟိုနောင် ကွာလှမ်းရှာလိမ့်လေး။
၁၂၆၄ ခုနှစ် ရွှေတောင်ဦးတောရ၌ သီတင်းသုံး နေတော်မူစဉ်အခါ အလုံမြို့နေ အဘိဓမ္မာဆရာ ဦးထွန်းဦးနှင့် ဦးထွန်းလှတို့ စာပေ အဟောအပြောကိုသာ အားကျ၍ ကမ္မဌာန်းဘာဝနာ ဝိပဿနာ အလုပ်ကို အားမထုတ်ကြည့်အတွက် ရေးသားဆုံးမတော်မူအပ်သော
သြဝါဒတေးထပ်ဖြစ်ပါသည်။
No comments:
Post a Comment