ရှိုက်သံ
ဆံဖြူတချောင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော…။
ဤနှစ်များ
ပျားတို့သည်မချို
မှိုတို့သည် မပေါက်
ယာတို့သည် ခြောက်ကုန်…။။
မြူတွေက ဆိုင်းဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုံတွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်ခြစ်
ဆူးရစ်ပွင့်ကာ
မိုးမရွာသည်
ရွာပါသော်လည်း မိုးမသဲ…။
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံမကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံ နတ္ထိ
ကပ္ပိယအို
ခေါင်းတုံးတိုသာ
တိုင်ကြိုတိုင်ကြား လဲလျက်…။
မြေကြီးလည်း မသီးဝံ့
အသီးဆွံ့၍
ရှက်ရွံ့အားနာသော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏…။
ရှိုက်သံပြောင်း၍
ခေါင်းလောင်းဘယ်ခါချိုမည်နည်း…။
(ဆရာကြီးတင်မိုး)
မိမိနှစ်သိမိသောကဗျာများမှ တစ်ပုဒ်
မေ့သားလှ(ဇလဂ္ဂ)
No comments:
Post a Comment