" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, March 23, 2011

ပန်းပန်လျှက်ပါ

ညိုပြာပြာ ၊ လတာပြင်ခြေရင်း

လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာ ... ဆင်း

ဆင်းရလဲမသက်သာ....

အုန်းလက်ကြွေ ရေဗောလော ၊ မျောစုန်လို့လာ

အဆင်း နဲ့ အလာ ၊ ဗေဒါမ အထွေး

အုန်းလက်ကြွေ သူ့ နံဘေး ၊ စောင့်ခဲ့ရသေး

စောင့်ရင်လဲ မသက်သာ ၊ နောက်တစ်ချီ ဒီတစ်လုံးက

ဖုံးလိုက်ပြန်ရာ ၊ မြုပ်လေပေါ့ ပေါ်မလာ

မဗေဒါအလှ တစ်လံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ

ပေါ်ပြန်လည်း မသက်သာ.......


ချောင်းအစွယ် မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ

အယက်အကန်ခံလို့ ၊ ဗေဒါပျံ အံကိုခဲ


ပန်း.........ပန်လျှက် ....ပဲ.... ။ ။ ။

( ဆရာဇေါ်ဂျီ )


သူ့မှာတမ်း

သူတို့အဆုတ်၊ထားခဲ့မြှုတ်သည့်
ဗုံးငုတ်တိုက်မှား၊မောင်ပြောက်ကျားကို
ရွာသားရွာသူ၊မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

အမောင်ပြောက်ကျား၊ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း"..။
"ငယ်ကကြင်မြတ်၊မိသက်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်းပြောပါလေ"။

"အမောင်ပြောက်ကျား၊မိဘအားကို
ဘာများမှာခဲ့လိုသနည်း"။
"မွေးသည့်မိခင်၊မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ"။

"အမောင်ပြောက်ကျား၊တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း"။
"ခရီးမတ်တတ်၊လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ"။

ယမ်းငွေ့အူအူ၊တလူလူနှင့်
မေးမြူကြတုန်း၊အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား..။ ။


မင်းသုဝဏ်