" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, March 21, 2011

သဘင်ဂီတ တေးအလင်္ကာဓား

အနုပညာဆန် ကလောင်ဟန်သွား
ကဗျာအလင်္ကာဓားဖြင့်
အစဉ်မျှော်တွေး ငြိမ်းချမ်းရေးနှင့် လွပ်လပ်ရေးကို
မင်းနှင့်ပြည်သူ လက်တွဲကြည်ဖြူ
ဘယ်သူပြောပြော သာယာဝပြော
မြန်ပြည်တစ်ကြောမှာ
ကုန်းဘောင်မှစ ကျွန်ခေတ်ကြအောင်
တည်ဆောက်ခဲ့ကြသည်တကား။

သဘင်ဂီတ တေးလင်္ကာဓား လက်နက်အားဖြင့်
ခေတ်အဆက်ဆက်မှာ ပြည်အရေးကြုံ
မဖြုန်စတမ်း ရဲသတ္တိအစွမ်းကို
ယုံကြည်ခိုင်မာ ကျဝန်တာဖြင့်
ပြသနိုင်ခဲ့ကြသည်တကား။

လက်နက်မဟာ ကလောင်ပေသွား
ဤသည့်ဓားဖြင့်
အမျိုးသားပန်းတို့ ပွင့်လန်းပြည်ခွင်
ပီပြင်ချစ်ကြည် နောင်ညီရင်းများ
တိုင်းရင်းသားတို့
ခေတ်မီနိုင်ငံ တည်ဆောက်ဖန်သော်
ဧကန်မုချ မနက်ဖြန်တိုင်း
အလှရှိုင်းမှာပါတကား။

(မေ့သားလှ-ဇလဂ္ဂ)
၂၁-၀၃-၂၀၁၁
နေ့တွင်ကျရောက်သည့်
ကမ္ဘာ့ ကဗျာနေ့အထိမ်းအမှတ်အဖြစ် မြန်မာနှင့်နိုင်ငံတကာမှ
ကဗျာ အလင်္ကာ ဆရာများ အနုပညာရှင်များကို ဦးခိုက်လျှက်

World Poetry Day
From Wikipedia, the free encyclopedia
World Poetry Day is on 21 March, and was declared by UNESCO (the United Nations Educational, Scientific and Cultural Organization) in 1999. The purpose of the day is to promote the reading, writing, publishing and teaching of poetry throughout THE WORLD and, as the UNESCO session declaring the day says, to "give fresh recognition and impetus to national, regional and international poetry movements".
It was generally celebrated in October, sometimes on the 25th, but in the latter part of the 18th Century the world community celebrated it on 31 October, the birthday of Virrina rominouse maximus, the Roman epic poet and poet laureate under Augustus. The tradition to keep an October date for national or international poetry day celebrations still holds in many countries.[1][2] Alternately, a different October or even November date is celebrated.

No comments:

Post a Comment