" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, May 10, 2011

(တစ်မျက်နှာစာ ၀ီရရသ)

(၁)
သူက…
နှင်းခိုးတွေရဲ့ပိတ်ဆို့သတ်ဖြတ်ခြင်းထဲမှာ
တိမ်လွှာတိမ်ချပ်တွေကိုခွဲပြီး
ရဲရဲရင့်ရင့်ပွင့်ကြလာတဲ့
မိုးစက်တစ်ပွင့်လိုမျိုး…

သူက….
နေဒဏ်လေဒဏ်ရဲ့ ကလူကြည်စယ်ချင်းထဲမှာ
အခံွံကိုဖောက်ထွင်းပြီး
မာမာထင်ထင်ကြီးပြင်းခဲ့ရတဲ့ ထန်းတစ်ပင်လိုမျိုး…..

သူက….
ရာသီဥတုရဲ့ ရိုက်ပုတ်ဒေါက်ဖြုတ်ခြင်းထဲမှာ
ကိုယ့်ကိုယ်ကိုအားယူပြီးလုံးဝန်းခဲ့ရတဲ့
နေတစ်စင်းလိုမျိုး
မွေးဖွားလာခဲ့….
ကြီးထွားလာခဲ့….
တကယ်တော့…
အကိုင်းအခတ်တွေကြွားရရွားနဲ့
ငှက်အသောင်းတို့ရဲ့ ဒီကနေ့ ခိုနားရာသစ်ပင်ကြီးဆိုတာ….
ခုရေတွင်းတူး
ခုရေကြည်သောက်ပြီး
မိုးထိအောင်ပေါက်မြောက်ခဲ့ရတာမျိုးမှ မဟုတ်တာ…

(နှစ်)
ရေတစ်ပေါက်ကစခဲ့ရတဲ့
ပင်လယ်လိုလူတစ်ယောက်ရဲ့ စီးဆင်းခြင်းထဲမှာ
ဒိုက်သရောမှော်စာတွေ…..
စွန့်ပစ်မိလ္လာတွေ…
ယုတ္တိမတန်တဲ့ မျက်စချီဟန်တွေ…
လူသေကိုတောင် တွန့်တွန့်လူးသွားစေနိုင်တဲ့လက်ညှိုးတွေ
အပြည့်
အမောက်
စီးဆင်းခဲ့ရာတစ်လျှောက်မှာ ညစ်နောက်လို့ ….။

ဒါပေမဲ့…..
ဧရာဝတီကို တံတွေးနဲ့ပေါက်တော့ရော ဘာထူးမှာတဲ့လဲ
မြွှေဟောက်ဆိုတာ အဆိပ်မကြောက်ဘူး….။
လကွယ်ညအတွတ်
အမှောင်ဟာသွေးပျက်ဖွယ်ရန်သူ မဟုတ်ဘူး……။
အဲဒီလိုနဲ့……
လူငယ်တစ်ယောက်ရဲ့ ဥယျာဉ်တော်တည်ဆောက်ရေးဟာ
မီးအိမ်သေးသေးလေးနဲ့
တစ်ခြမ်းပဲ့တေးတို့ကြား
စုန်ရင်း ဆန်ရင်း ကြီးထွားလာခဲ့ရ…..။

(၃)
ခုံဖိနပ်နဲ့ ကပွဲတက်ဖို့
ဘယ်သူအိမ်မက် မက်ချင်ပါသတဲ့လဲ
မဆုံးနိုင်တဲ့မျော်လင့်ချက်တွေထံ ချဉ်းကပ်ကြရတဲ့
ဘ၀ရဲ့မာရသွန်ပြေးလမ်းမထက်မှာ
သူကတော့…..
ခုံဖိနပ်သံ တခွပ်ခွပ်နဲ့…။
ဘယ်လိုပဲဖြစ်ဖြစ်
သူဆက်တက်တယ်
သူဆက်ထွက်တယ်….။

(၄)
လူတွေကလည်းခတ်တယ်
သူများရပိုင်ခွင့်တွေကို စွတ်ဖက်ပြမှ
ကိုယ့်အတ္တတွေ ထောင်မတ်ခွင့်ရမယ်ထင်ကြတယ်
ကိုယ် အမြင့်ရောက်ဖို့အတွတ်
သူများခေါင်းတွေကို နင်းသက်ချင်ကြတယ်….။
အသင်နှင့်အသိ
တွဲမညှိနိုင်တော့
ဒီလောကထဲမှာ အမဲရိုးလုပွဲ ဆိုတာရှိလာရော…..။

(၅)
ထား…..
ဒါက မာယာတွေနဲ့ သပွတ်အူဆန်နေတဲ့
လောကထုံးစံလို့ပဲထား
သွား…..
အဲဒီမနက်ခင်းမှာ စိမ်းလန်းခြင်းတွေကြီးထွား
ဘီလူးမျက်လုံးတွေ ဆီးတားလည်း
သူရဲကောင်းဆိုတာ ရောက်အောင်သွားရမှာပဲ……။
အား…
ယုံကြည်ချက်နဲ့ထောက်ကန်ထားတဲ့
ခိုင်သန်တဲ့ စိတ်ထားတွေက အားပဲ….။

(၆)
သူ….ထားခဲ့တယ်
သူ….သွားခဲ့တယ်
လောကဓံရဲ့ လက်ရှစ်ဖတ်ပေါ်မှာ
သူ “အား”ထည့်ခဲ့တယ်…..။

(၇)
ရွှံညွှန်ထဲက ဖောက်ထွက်ပြမယ့်
ကြာတစ်ပွင့်ဆိုတာ
ရုန်းအားကောင်းရသတဲ့….။
ဆိုတော့…….
လူငယ်တစ်ယောက်ရဲ့ ဥယျာဉ်တော်တည်ဆောက်ရေး
သွေးနဲ့ရေးတဲ့ကဗျာ
ဒါ……
ပထမအသက်အရွယ်နဲ့ ဒုတိယစစ်မျက်နှာ
ဟာ…..ကွာ
ရပ်တည်ခွင့်အတွတ် ရုန်းကန်နေရတဲ့ ကမ္ဘာ့ရွာမှာ
အသဲနာစရာရှိရင်လဲ ခွင့်လွှတ်
လရောင်နဲ့နေခြည်ကိုခူးဆွတ်ဖို့
သူ….
တက်ကုန်ဖွင့်
ရွတ်ကုန်လွှင့်
ဟိုဘတ်ခြံမှာ ပန်းတွေပွင့်တော့
သူ့အလံတော်ကို အမြင့်ဆုံးထိ လွှင့်လိုက်တယ်…..

(၈)
မနေ့ကလိုပဲ
ဟောဒီဘောလုံးကွင်းလေးက ဗွက်ထနေခဲ့ရင်တောင်
သူကတော့…..
အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူး…..။
ရေကို လွှမ်းပြီး
လေကို နမ်းတဲ့ကြာ…..။

(၉)
တကယ်တော့…..
အကိုင်းအခက်တွေကြွားရရွားနဲ့
ငှက်အသောင်းတို့ရဲ့ ဒီကနေ့ ခိုနားရာသစ်ပင်ကြီးဆိုတာ
ခုရေတွင်းတူး
ခုရေကြည်သောက်ပြီး
မိုးထိအောင် ပေါက်မြောက်ခဲ့ရတာမျိုးမှ မဟုတ်တာ….။
(ကြည်သရာ)

အတ္တသားကောင်)

မြစ်တွေနဲ့ လောင်းထည့်ပေးနေတာတောင်
ပင်လယ်လို ဆာလောင်မွတ်သိပ်နေကြသူတွေ
မနက်ခင်း တစ်ခုလုံးကို
နံနက်စာအဖြစ် ခူးခပ်ကြွေးမွေးပြီးပြီ
နောက်ထပ် ညနေခင်းတစ်ခုစာ နေထိုင်ခွင့်
ဇွတ်အတင်းတောင်းဆိုနေလေရဲ့။

ငါပိုင်တဲ့ ဆောင်းရာသီတစ်ခုလုံးနဲ့
ယပ်ခက်ပေးနေသော်လည်း
နွေရာသီကို
အနွေးထည် ချုပ်ဝတ်ချင်ပြန်သေးသတဲ့။

ခတ်ပါဘိတော့
အမွန်တမြတ်
ငါ့နိုင်ငံတော်တစ်ခုလုံးကို
ထိုးအပ်ပေးထားပါလျက်
ခြံစည်းရိုးခတ်ချင်တဲ့စိတ်
သူတို့မှာရှိနေတုန်း။ ။

(သားဆိုး)

No comments:

Post a Comment