" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, May 13, 2011

နာလန္ဒာတက္ကသိုလ်

နာလန္ဒာတက္ကသိုလ်(အသစ်)
ဗီဟာပြည်နယ်
အိန္ဒိယနိုင်ငံ

မိတ်ဆက်လွှာ
နာလန္ဒာတက္ကသိုလ်သည် ရှေးယခင်ကာလကတည်းက ကမ္ဘာကျော် တက္ကသိုလ်ကြီးဖြစ်ခဲ့ပါသည်။ နာလန္ဒာတက္ကသိုလ်သည် ပထမဦးဆုံးသော ကမ္ဘာ့ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးဖြစ်ပါသည်။ အေဒီငါးရာစုမှ ၁၂ ရာစု လောက်အထိ နှစ်ပေါင်း ခုနှစ်ရာနီးပါး ဗုဒ္ဓစာပေများကို ဤတက္ကသိုလ်ကြီးမှကမ္ဘာအနှံ့ ဖြန့်ချိခဲ့ပါသည်။ နာလန္ဒာ ဟူသောပုဒ်သည် "နာလ" ပုဒ်နှင့် "ဒါ" ပုဒ် နှစ်ခုတို့ ပေါင်းစပ်ထားသော ပါဠိစကားလုံးဖြစ်ပါသည်။ ဤနေရာ၌ နာလ ပုဒ်သည် ကြာပန်းဟု တိုက်ရိုက်အဓိပ္ပါယ်ရှိပြီး ယင်းကြာပန်းသည် ပညာကို သင်္ကေတပြုပါသည်။ ဒါ ဟူသည်ကား ပေးသည်၊ ဖြန့်ဖြူးသည်ဟု အဓိပ္ပါယ်ရှိပါသည်။ ထို့ကြောင့် နာလန္ဒာဆိုသည်မှာ ပညာတွေ ပေးရာ ဖြန့်ဖြူးရာ နေရာ ဒေသ ဟု အဓိပ္ပါယ်ရှိပါသည်။ တချိန်တုန်းက နာလန္ဒာတက္ကသိုလ်ကြီး၌ ကျောင်းသားပေါင်း တစ်သောင်းနှင့် ဆရာပေါင်း တစ်ထောင်ငါးရာ ရှိခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါသည်။
ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီး ပျက်သုဉ်းပြီးနောက် ယခုလက်ရှိ နာလန္ဒာတက္ကသိုလ်အသစ်ကို ခရာဇ်နှစ် ၁၉၅၁၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီးကိုယ်စား အိန္ဒယနိုင်ငံသား ရဟန်းတော် ဇာဂရိယ ကဿပ မဟာထေရ်မြတ်က အုဌ်မြစ်ချ တည်ထောင်ခဲ့ပါသည်။ အုဌ်မြစ်ချ အခန်းအနားကို အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော သမတကြီး ဒေါက်တာ ရာဇိန္ဒြာပရာဆတ် ကိုယ်တိုင်တက်ရောက်၍ အုပ်မြစ်ချပေးခဲ့သည်။ ယခုအခါ၌ နာလန္ဒာတက္ကသိုလ်အသစ်သည် အိန္ဒယဗဟိုအစိုးရ ယဉ်ကျေးမှုဝန်းကြီးဌာန လက်အောင်တွင်ရှိပါသည်။ အိန္ဒိယနိုင်ငံတွင် တစ်ခုတည်းသော ဗုဒ္ဓဘာသာတက္ကသိုလ်လည်းဖြစ်ပါသည်။
နာလန္ဒတက္ကသိုလ်မှာ မြန်မာ ထိုင်း ကမ္ဗောဒီးယား ဘင်္ဂလားဒေ့ရှ် အစရှိသော ရဟန်းတော်များ ပညာသင်ကြားလျှက်ရှိပါသည်။ ဤတက္ကသိုလ်၌ ပါဠိ Certificate တန်းမှစ၍ ဒီပလိုမာတန်း ဘီအေတန်း အမ်အေတန်း ပါရဂူ(ဒေါက်တာ)တန်းများအထိ တက်ရောက်နိုင်ပါသည်။ အိန္ဒိယ အစိုးရ UGC အက်ဥပဒေ Section (သုံး) အောက်၌ ပညာရေးကိစ္စများ ဆောင်ရွက်လျှက်ရှိသည့် နာလန္ဒာတက္ကသိုလ်၌ အောက်ပါ အတန်းအသီးသီးမှာ ပညာသင်ကြားနိုင်ပါသည်။
(၁) ပါဠိ Certificate တန်း
အိန္ဒိယနိုင်ငံမှဖြစ်စေ နိုင်ငံခြားတိုင်းပြည်မှဖြစ်စေ အစိုးရသတ်မှတ်ထားသည့် ဆယ်တန်း အောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများ တက်ရောက်ပညာသင်ယူနိုင်သည်။
ပညာသင်နှစ် သင်တန်းကာလ= တစ်နှစ်
သင်တန်းကြေး= အိန္ဒိယရူပီးငွေ= တစ်ထောင်(၁၀၀၀)
(၂) ပါဠိ ဒီပလိုမာတန်း
နာလန္ဒာတက္ကသိုလ်မှ ပါဠိ Certificate တန်း အောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများ တက်ရောက်ပညာသင်ယူနိုင်သည်။
ပညာသင်နှစ် သင်တန်းကာလ= နှစ် နှစ်
သင်တန်းကြေး= အိန္ဒိယရူပီးငွေ= တစ်ထောင်ငါးရာ(၁၅၀၀)
(၃) ပါဠိ ဘီအေ (ဂုဏ်ထူး) တန်း
နာလန္ဒာတက္ကသိုလ်မှ ပါဠိ ဒီပလိုမာတန်း အောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများ ဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည်မှ အစိုးရသတ်မှတ်ထားသည့် ဆယ့်နှစ်တန်း(10+2) အောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများ ဖြစ်စေ၊ (မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများ ဖြစ်စေ) တက်ရောက်ပညာသင်ယူနိုင်သည်။
ပညာသင်နှစ် သင်တန်းကာလ= သုံးနှစ်
သင်တန်းကြေး= အိန္ဒိယရူပီးငွေ= နှစ်ထောင့်ငါးရာ(၂၅၀၀)
(၄) အမ်အေ(M.A) တန်းများအတွက်
အမ်အေ ပါဠိ၊ အမ်အေ ဒဿနိကဗေဒ၊ အမ်အေ ရှေးဟောင်းသမိုင်း ယဉ်ကျေးမှုနှင့်သုတေသန၊ အမ်အေ သက္ကဋ၊ အမ်အေ ဟိန္ဒီ၊ အမ်အေ အင်္ဂလိပ်၊ အမ်အေ ဗုဒ္ဓဘာသာကိုလေ့လာခြင်း (Buddhist Studies) သို့မဟုတ် (အမ်အေ Buddhism)၊ အမ်အေ တိဘက်ဘာသာကို လေ့လာခြင်း (Tibetan Studies)၊
အရည်အချင်းပြည့်မီသော(Eligibility) စည်းမျဉ်းစည်းကမ်များနှင့်အညီ သတ်မှတ်ထားသော အိန္ဒယနိုင်ငံရှိ မည်သည့်တက္ကသိုလ်များမှဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည်များမှ မည်သည့်တက္ကသိုလ်များမှ ဖြစ်စေ၊ သုံးနှစ်သင် ဘီအေတန်းအောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများ တက်ရောက်ပညာသင်ယူနိုင်သည်။
ပညာသင်နှစ် သင်တန်းကာလ= နှစ်-နှစ် (Four Semesters)
သင်တန်းကြေး= အိန္ဒိယရူပီးငွေ= နှစ်ထောင် (၂၀၀၀)
(၅) (Preparatory Course in Tibetan Studies) အကြို တိဘက်ဘာသာကိုလေ့လာခြင်း သင်တန်း
စည်းမျဉ်းစည်းကမ်များနှင့်အညီ သတ်မှတ်ထားသော အိန္ဒိယနိုင်ငံရှိ မည်သည့်တက္ကသိုလ်များမှဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည်များမှ မည်သည့်တက္ကသိုလ်များမှ ဖြစ်စေ၊ သုံးနှစ်သင် ဘွဲ့လက်မှတ်ရရှိပြီးသော ကျောင်းသူကျောင်းသားများ တက်ရောက်ပညာသင်ယူနိုင်သည်။
ပညာသင်နှစ် သင်တန်းကာလ= တစ်နှစ်
သင်တန်းကြေး= အိန္ဒိယရူပီးငွေ= တစ်ထောင် (၁၀၀၀)
(၆) Ph.D (ပါရဂူ)တန်း
စည်းမျဉ်းစည်းကမ်များနှင့်အညီ သတ်မှတ်ထားသော အိန္ဒိယနိုင်ငံရှိ မည်သည့်တက္ကသိုလ်များမှဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည်များမှ မည်သည့်တက္ကသိုလ်များမှ ဖြစ်စေ သက်ဆိုင်ရာဘာသာရပ်တိုင်း၌ အမ်အေ(M.A) တန်းကိုအနည်းဆုံး Second Class နှင့် အောင်မြင်ပြီး အောင်မှတ် ၅၀ ရာခိုင်နှုံး ရရှိသော ကျောင်းသူကျောင်းသားများ တက်ရောက်ပညာသင်ယူနိုင်သည်။
ပညာသင်နှစ် သင်တန်းကာလ= အနည်းဆုံး သုံးနှစ်
သင်တန်းကြေး= အိန္ဒိယရူပီးငွေ= ခုနှစ်ထောင် (၇၀၀၀)
မှတ်ချက်။ Ph.D(ပါရဂူ)တန်း တက်ရောက်လိုသူများ ရေးဖြေ ဝင်ခွင့်စာမေးပွဲဖြေဆိုကြရမည်။ သို့သော် အိန္ဒိယနိုင်ငံ UGC က သတ်မှတ်ထားသည့် NET/ JRF ပြီးမြောက်အောင်မြင်သည့် Post Graduates ကျောင်းသူကျောင်းသားများ၊ သို့မဟုတ် Lectureship အတွက် UGC Eligibility test အောင်မြင်ပြီးသူများ၊ M.Phil Degree ရရှိပြီးသူများ၊ Foreign National ငါးနှစ် teaching အတွေ့ကြုံရှိသည့် ဆရာဆရာမများ၊ အိန္ဒိယနှင့် နိုင်ငံခြားသားဖြစ်စေကာမူ ရေးဖြေ ဝင်ခွင့်စာမေးပွဲ ဖြေဆိုစရာမလိုပါ။ အထက်ပါ သတ်မှတ်ထားသည့် အရည်အချင်း မပြည့်မီသေးသော အိန္ဒိယနှင့် နိုင်ငံခြားကျောင်းသား ကျောင်းသူများ ရေးဖြေဝင်ခွင့်စာမေးပွဲ ဖြေဆိုကြရမည်။

Note: Traders Hotel, Yangon, မှာ မေ ၂၁ ရက် ၂၀၁၁ ခုနှစ်တွင် မြန်မာ-အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များအသင်း (Myanmar India Business Chamber) က ဦးစီးကျင်းပသော Indian Education Expo အစည်းဝေးပွဲတွင် စာရေးသူသည် The Vice- Chancellor of Nalanda University ၏ ကိုယ်စားတက်ရောက်၍ ဤ နာလန္ဒာတက္ကသိုလ် မိတ်ဆက်လွှာကို ဝေငှပါမည်။ ထိုပြင်တက္ကသိုလ်မှ ထုတ်ဝေထားသည့် ပန်းပလက် အင်္ဂလိပ် လက်ကမ်း စာစောင်များကိုလည်း ဝေငှပေးသွားမည်ဖြစ်ပါသည်။

စုစည်းတင်ပြသူ
အရှင်သုတာစာရာလင်္ကာရ
နာလန္ဒာတက္ကသိုလ်
ဗီဟာပြည်နယ်
အိန္ဒိယနိုင်ငံ

အသေးစိပ်သိလိုပါက
www.navanalandamahavihara.org သို့ ဝင်ရောက်လေ့လာဖတ်ရှုနိင်ပါသည်။

ဆက်သွယ်ရန် လိပ်စာ
Nava Nalanda Mahavihara
Deemed University
Under Ministry of Culture, Govt. of India
Nalanda-803111, (Bihar) India
Web; www.navanalandamahavihara.org

No comments:

Post a Comment