" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, May 13, 2011

အိမ်

အိမ်ကလေးကသေးတယ်
သဘောထာကြီးပါ ငါ့မိန်းမ။

ခြံကလေးကကျဉ်းတယ်
အမြင်ကျယ်ပါ ငါ့သမီး။

ခေါင်မိုးကနိမ့်တယ်
စိတ်ထားမြင့်ပါ ငါ့သား။

ဒုက္ခကများတယ်
အလိုနည်းပါ ငါ့ညီမ။

လူတွေကသေတယ်
သတ္တိမွေးပါ ငါ့ညီ။

ဘ၀ကတိုတယ်
စိတ်ရှည်ပါ ငါ့သူငယ်ချင်း။

သိပ်အထာမကျတဲ့
ကဗျာညမှာ
လိပ်ပြာလှအောင်နေကြစို့။

(မိုဃ်းဇော်)

No comments:

Post a Comment