" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, December 9, 2011

စလေ ဦးပုည၏ ဝါးကျောင်းပျက် သရုပ်သဏ္ဍာန်




ကျောင်းဓာတ်ကို သိလိုလျှင်၊

ဂဏှာဟိ မှတ်လေ။ ။

ဤဝေဠုဝိဟာသည် အရံအကာ ဗရချာမိုး

နွေခါမူ ဖုန်ထ၊ မိုးကျလျှင် ရွှဲရွှဲစို၊

ဆောင်းကိုဆိုလျှင်၊ ကောက်ရိုးစင်မယွင်း၊

နှင်းရောဆီးရော၊ ဆန်ကောရာမျှ မလုံ၊

ဤယခုကြုံချက်မှာ၊ ကဆုန်လ

မိုးကောင်းဝယ်၊ ကျောင်းကလည်း ဟာလာဟင်း၊

သိကြားမင်းကလည်း၊ အလျှင်းမှ အားမနာ၊

မန်ကျည်းတော တိုက်တာမှာ၊

ကံကြမ္မာ နွမ်းပါး၊

ဝါးကျောင်းပျက်တစ်ခု ရှိ၏ ဟု အသိ၊

စွေချင်တိုင်း စွေဘိ၍ ။ ။

(ဦးပုည)၏ ဝါးကျောင်းပျက် ပြင်ရန် မေတ္တာစာ မှ

မှတ်ချက်။ ။ (ဦးပုည)၏ ဝါးကျောင်းပျက် ပြင်ရန် မေတ္တာစာ ကို ဖတ်ရင်း စာရေးသူ၏

ပညာရိပ်သာကျောင်း

ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်

ယူအီး တိုးချဲ့(၁) ရက်ကွက်

မှာ ရှိသည့် အထက်ဖော်ပြပါ ထရံကာကျောင်းလေးကို ပြန်လည် မြင်ယောင်မိပါသည်။

အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)

သာသနဓဇဓမ္မာစရိယ၊ သာသနာလင်္ကာရသာမဏေကျော်

M.A (Ph.D Thesis)

ခေတ္တ အိန္ဒိယနိုင်ငံ

နာလန္ဒာတက္ကသိုလ်



No comments:

Post a Comment