" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, August 20, 2011

ဘယ်မှာ သာရ အနှစ်ရှိကြပါမည်နည်း။

လောကဌာနီ၊ လူတို့ပြည်ဝယ်၊

နေခြည်မိုးသောက်၊ အလင်းရောက်က၊

ထမြောက်လှုပ်ရှား၊ မနေအားဘဲ၊

ရှာငြားရုန်းကန်၊ ရဖို့မှန်လျှင်၊

ဝေဖန်ပိုင်းသိ၊ ဥာဏ်မရှိဘူး။

မသိတရား၊ မှောက်မှောက်မှားကြောင့်၊

မယားဇနီး၊ သားသမီးနှင့်၊

ပွားစီးဥစ္စာ၊ ချိန်တိုင်းသာလျှင်၊

ဖွေရှာသမျှ၊ မှုကိစ္စ၌၊

လောဘဒေါသ၊ မိုက်မောဟနှင့်၊

ပါပဆိုးညစ်၊ နေ့တိုင်းဖြစ်လျက်၊

ကြုံဖြစ်ရောက်လာ၊ တနေ့တာတွင်၊

မရှာဒါန၊ မြတ်သီလနှင့်၊

ဘဝတွက်တာ၊ ဘာဝနာပွား၊

ကျင့်တရားကို၊ ဒို့များခုခါ၊

မလုပ်ပါလျှင်၊ ခန္ဓာပျက်ကြွေ၊

သေရလေသော်၊ မသွေရလာ၊

ဘဝဟာ ဘယ်မှာ လူဖြစ်ကျိုးနပ်ကြပါမည်နည်း။

ဘယ်မှာ သာရ အနှစ်ရှိကြပါမည်နည်း။


မေ့သားလှ-(ဇလဂ္ဂ)
၂၈-၀၆-၂၀၁၁ နံနက်၁၁ နာရီ

No comments:

Post a Comment