" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, August 21, 2011

ရှမ်းဖက်ရိပ်သာသို့

ဘုရား နှင့် သိမ် တန်ဆောင်း

ဆေးရုံနှင့် ကျောင်းကန်

သာလာယံ ဇရပ် အထပ်ထပ်

ရဟန်းမှတ်မှတ် ပဉ္စင်းခံ

ခြိမ့်ခြိမ့်ညံ အလှူပေး

ရှမ်းပွဲရပ်က ရှမ်းဖက်ရိပ်သာ မိသားစုလေး။

မန္တလာမြေမှာပျော် မန္တလာရေကိုသောက်

မန္တလာလေကို ရှူရှိုက်

မန္တလာရိုးရာကို မြတ်နိုး

ရိုးရိုးလေး နေထိုင်ကြတဲ့ ရှမ်းဖက်။

စေတနာတောက်ပ

ဟိုရှေးဘဝ အတိတ် အဆက်ဆက်က

အလှူဒါန ပြုခဲ့ကြ၍ အသက်ရှည်ကြာ

ဥစ္စာဓန ပြည့်ကြွယ်ဝလျှက်

ပစ္စက္ခပင် ကြည်လင်သဒ္ဓါ

မြတ်နိုးစွာနှင့် သုံးဖြာရတနာ

ဦးထိပ်မှာပန်ဆင် ကြည်ရွှင် ဟဒယ

နေထိုင်ကြသည့် ရှမ်းဖက်ရိပ်သာ။

ငါ၏စိတ်မှာ ဤရိပ်သာအကြာင်း

ငါ့ဦးခေါင်း ငါ့အာရုံ ငါ့အင်တာနက်ဝက်ဆိုက်မှာ

သတိရတိုင်း ငါဖွင့်ဖွင့်ကြည့်မိတော့

အော် ဟို မိဘဘိုးဘွား လက်ထက်များမှ

ယနေ့ကျအောင် လက်ဆင့်ကမ်း ထိမ်းသိမ်းလာတဲ့

လောကီ လောကုတ္တရာနှင့်စပ်

ကောင်းမြတ်တဲ့ အစဉ်လာ

ဂုဏ်သတင်းအဖြာဖြာကတော့

ဟိုအဝေးပျံ ငှက်တစ်ကောင်လို

နောက်နောင် နှစ်ပေါင်းများစွာအထိ

အတောင်ပံခတ်သံ တဖျတ်ဖျတ်

ကြားနေရဦးမှာပါလို့

ငါဆက်ဆက်ယုံကြည်နေတယ်။

မေ့သားလှ(ဇလဂ္ဂ)
၀၅-၀၆-၂၀၁၁ ည ၉ နာရီ

No comments:

Post a Comment