" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Friday, April 8, 2011

လူတိုင်းအတွက် နှစ်ဆယ့်လေး

စက္ကန့်ခြောက်ဆယ် တစ်မိနစ်၊ မိနစ်ခြောက်ဆယ် တစ်နာရီ
နှစ်ဆယ့်လေးနာရီ တစ်ရက်၊ မူလတန်းစာမျက်နှာပေါ်မှာ
ဆရာမရဲ့ သင်ကြားမှု၊ ခုထိမှတ်မိနေတယ်။
ဟုတ်ကဲ့…
ဗိုလ်ဆန်ဆန် ပြောကြည့်ရရင်ပေါ့ဗျာ
တွမ်တီဖိုး အာဝါတဲ့
ဒါလူတိုင်း အခမဲ့ရရှိတဲ့အချိန်
အဲဒီအချိန်ပေါ် လေးစား
တန်ဖိုးထား အသုံးပြုသူတွေဟာ
လူများစွာပေါ် ခေါင်းတစ်လုံးဖြင့်
ပွဲလယ်တင့်တာ မငြင်းနိုင်ဘူး
အမေရိကန်သမ္မတ လင်ကွန်းဟာ
နှစ်ဆယ့်လေးနာရီကို အသုံးချ
သမ္မတဖြစ်လာခဲ့တယ်။
သောမတ်အက်ဒီဆင်ဟာ
နှစ်ဆယ့်လေးနာရီကို အသုံးပြု
အောင်မြင်မှုရခဲ့တယ်။
ရှိတ်စပီးယားဟာ
နှစ်ဆယ့်လေးနာရီကို အလေးထား
အောင်မြင်ကျော်ကြားခဲ့တယ်။
နှစ်ဆယ့်လေးနာရီကို ပိုင်နိုင်စွာ ရယူချင်းအတူတူ
ကြိုးစားသူက ထိပ်ဆုံး
မကြိုးစားသူက အောက်ဆုံး
နှစ်ဆယ့်လေးနာရီ အဆုံးအဖြတ်ဟာ
မျက်နှာမလိုက်ပါဘူး။
ကိုယ့်ကိုကိုယ် အောင်မြင်လိုသူတစ်ယောက်
သေချာပေါက် ဖြစ်ဖို့ရာ
နှစ်ဆယ့်လေးနာရီကို ရွှေရောင်တင်
ဖြစ်ချင်တာကို ကြိုးစား
ပစ်မှတ်ကို ထိသွားမှာ မလွဲဘူး
ကဲ အချိန်တွေ မဖြုန်းနဲ့
နှစ်ဆယ့်လေးနာရီကို အသုံးပြု
အောင်မြင်မှု သရဖူဆောင်း
ကမ္ဘာကို ခါးစောင်းတင်ရအောင်။
(မောင်နှင်းပန်း- ရေနံချောင်း)။

No comments:

Post a Comment