" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, April 10, 2011

မန္တလေးနှင့် နှစ်သစ်ကူးသင်္ကြန်

မန္တလာ အံမခန်း

ရေသဘင်နန်း ဈေးချိုတော်

လေးရက်ကြာ ရေသဘင်ခင်း

ရောင်းရင်းတို့ပျော်။

ပိတောက်နှင့် ငုဝါပေါ်

တစ်နှစ်သော်တစ်ခါမှ

သင်္ကြန်တော် အခါသမယ

မြူးကြရွှင်ကြ

မန္တလာမြေ မန္တလာအလှ

မန္တလာအက ယဉ်သနော်

သာသနာ လွန်ကြည်မွေ့

မန္တလာဓလေ့ သူတို့ပျော်။

မဟာမုနိနှင့် မန္တလာတောင်တော်

ရွှေနန်းတော် ကျုံးရေခင်း

ကုသိုလ်တော်နှင့် အိမ်တော်ရာဝင်း။

အများတကာလည်း လွန်ကြည်နူး

ငြိမ်းချမ်းခြင်းအထူး

နှစ်သစ်ကူးနှင့် မြို့မအသင်း

ဝန်မတို စောင့်သီတင်း

သူတော်အချင်းချင်း သီတင်းလွေ့တယ်

မန္တလာသူမန္တလာသား စေတနာထား

ဝေမျှလို့သာ စားကြတယ်

အကြင်နာတရားတွေနှင့် သဒ္ဓါတရား

ရင်မှာပွား အခါခါကွယ်

အရာရာဝယ် တင်းတိမ်ကြ

တစ်မူးရ တစ်ပဲ လှူကြတယ်

မနောဖြူ သဘောတူ

မန္တလာသူ ကောင်းမှုယူကြပါသတဲ့

မန္တလာသားတို့ရဲ့ အလှ။

(မေ့သားလှ-ဇလဂ္ဂ)

၁၁-၀၄-၂၀၁၁

နံနက် ၂ နာရီ မိနစ် ၃၀

မှတ်ချက်။ ကျွန်တော်မန္တလာသားမဟုတ်ပါ။

သို့သော် မန္တလာသည် မိမိအတွက် အထူးကျေးဇူးကြီးလှ၏။

ရင်းတွင်းဖြစ် ရေးသားခြင်းပင်ဖြစ်ပါသည်။

1 comment:

  1. အားပေးသွားလျှက်ပါ ...
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete