" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, April 28, 2011

ထာဝရ လရောင် အသေကြီးနဲ့တော့ ပင်လယ်ကို မမျှားပါနဲ့။

နယ်စည်းမခြား ယနေ့ကမ္ဘာကြီးမှာ

သူကဟိုဘက် ငါကဒီဘက်

သူကတစ်နိုင်ငံ ငါကတစ်နိုင်ငံ

သူကတစ်နေရာ ငါကတစ်နေရာ

နိုင်ငံခြင်းကလည်း မတူ

အရပ်ဒေသချင်းကလည်း မတူ

အချိန်ရာသီကလည်း မတူ

အပေါင်းသင်း မိတ်ဆွေကလည်း မတူ

ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း မတူ

ယဉ်ကျေးမှု နောက်ခံ သမိုင်းကလည်း မတူ

မတူ မတူ မတူ .

သို့သော်

တူနှစ်ကိုယ် မည်မျှဝေးနေပါစေ

နှလုံးသားချင်း ရင်ခုံသံချင်း

သံယောဇဉ်ချင်း ကြည်နူးမှုချင်း

ခံစားမှုချင်း နားလည်မှုချင်း

စာနာမှုချင်း အလိုက်သိမှုချင်း

ထာဝရ မညှိုးမှိန် မေတ္တာစံချိန်ချင်း

နှစ်ကိုယ့်တစ်စိတ် နှစ်အိမ်တစ်အိမ်ချင်း

ချင်းချင်းချင်း ပေါင်းများစွာ

တူနိုင်ပါတယ်။

ဒါပေမဲ့လေ

Online သူငယ်ချင်းတို့ရေ

ညမှောင်မှောင် သန်းခေါင်အချိန်မှာ

ထာဝရ လရောင် အသေကြီးနဲ့တော့

Online ပင်လယ်ကို မမျှားပါနဲ့။

မေ့သားလှ-ဇလဂ္ဂ

၂၉-၀၄-၂၀၁၁

No comments:

Post a Comment