ဒီစာကတော့ ကျွန်တော့် အကြိုက်ဆုံးကဗျာလေးကို ခံစားကြည့်ခြင်း သာ ဖြစ်ပါသည် ။ တခြားလူတွေနဲ့  အသိ အမြင် ခံစားပုံချင်းက တူချင်မှတော့ တူမှာပေါ့လေ...သို့ သော် အများကြီး ကွာခြားလိမ့်မယ်လို့ တော့ မထင်ပါ.။ကျွန်တော်ခံစားမယ့် ကဗျာကတော့ အင်းဝခေတ် ပျို့ ကဗျာကျော် အရှင် ရှင်မဟာရဌသာရ ၏ နာမည်ကျော် နှမလက်လျှော့ နေလေတော့ သာဖြစ်ပါတယ်.။ဒီနေရာမှာ မင်းက ဒီကဗျာကြီးကို ခံစားပြရအောင် ဘာကောင်လဲလို့  မေးလာလျှင်တော့ ကျွန်တော် ဘာကောင်မှ မဟုတ်ပါလေ။ မြင်းခံ ငပြည့် က ယောမင်းကြီး ဦးဖိုးလှိုင် ရေးတဲ့  ဥတုဘောဇန ကျမ်းကို ချီးမွမ်းခန်း ဖွင့်သလို ဖြစ်မှာလဲ သိပါတယ်..။ပြောလဲ ခံရတော့မှာပဲ..ကျွန်တော်က ရေးချင်လာတာကိုး..။ဒီကဗျာကိုက နှိပ်စက်နေတာ ကြာပါပေါ့လား.။မရေးရဲတာနဲ့  ငြိမ်နေတာ..။အခုတော့ မတတ်နိုင်တော့ဘူး..ရေးလိုက်ပြီ...အမှားပါရင် ပြင်ပြ ထောက်ပြကြပါတော့..ကျွန်တော်ကတော့ ရေးလိုက်မိပါပြီ...
ကဗျာအကြောင်းမပြောခင် ဆရာတော် အရှင် ရှင်မဟာရဌသာရ ရဲ့  အကြောင်းကို အနည်းငယ်ပြောလိုပါတယ်..လွန်ခဲ့ သော အနှစ်(၅၀၀)ကျော်က အင်းဝခေတ် မှာ ကျော်ကြားခဲ့ တဲ့  ပညာရှင် ဖြစ်ပါတယ်...မှုးမတ်မျိုးနွယ်ဖြစ်ပြီး ငယ်စဉ်ကတည်းက စာပေကဗျာများကို အကျွမ်းတဝင် ရှိတယ်လို့  မှတ်သားရပါတယ်..ကျွန်တော်တို့  ငယ်ငယ်က သင်ကြားခဲ့ ဘူးတဲ့  စာဆိုတော် မောင်မောက် ဆိုသူမှာ အရှင် အလောင်းလျာပဲ ဖြစ်ပါတယ်...အဲဒီလိုဗျ..မင်းဖြစ်မယ့်ကလေး လျောင်ကလေး နဲ့  ဆိုတာပေါ့..အတိအကျဖတ်ချင်ရင်တော့ဖြင့် ဘုန်းဘုန်း မေ့သားလှ(ဇလဂ္ဂ) ရေးထားပါတယ်..ဒီနေရာမှာ http://www.facebook.com/note.php?note_id=2782596487026 သာ သွားဖတ်ကြပေတော့...ကျွန်တော်ကတော့ ဆရာတော်ရဲ့  နေရာမှာဝင်ပြီး ခံစားရခြင်းကိုသာ ရေးပါမည်..
အဝခေတ် မင်းနေပြည်တော်က နန်းတွင်းစာဆိုကြီးတစ်ယောက်ရဲ့ သား ၊ ကဗျာရေးတော်လို့  ငယ်ငယ်ကတည်းက ဘုရင်က ချီးမြှောက်ခံရလေသူ...ဒီတော့ ဘဝက ပြည့်စုံတယ်ဆိုတာထက် ပိုနေခဲ့ မှာပါလေ..လောကီအာရုံ ကာမဂုဏ်တွေကလည်း အဖုံဖုံ အပြားပြားနဲ့  လူ့ ဘောင်လောကမှာ နေပျော်လွန်းလှမှာပါ...သို့ သော် ပါရမီရှင်တို့  သဘာဝ အချိန်ဆိုတာ ရောက်လာခဲ့ ရင် အရာရာကို စွန့် ခွာသွားကြရရိုး မဟုတ်ပါလား...ဆရာတော်ဟာ ငယ်ငယ်ကတည်းက ချစ်ခင်ရသူ ရှိပြီး ဖြစ်ခဲ့ ပုံရပါတယ်...
'အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊
ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့် '
လို့ ရေးထားပါတယ်...ဆံပင်တွေကို စုစည်းပြီး ထုံးနှောင်တတ်စ အရွယ် ပညာသင်စ အရွယ်ကတည်းက ကံအကြောင်းက ပါလာလေတော့ ဝဏ္ဏပဘာ ဟု ဆိုလေသူ မိန်းမပျိုနဲ့  ချစ်ကျွမ်းဝင်မိကြလေမည်...ဘဝက နုသစ်လေတော့ ဒီအချစ်ဆိုတာကို စမ်းကြည့်ချင်စိတ်ကလည်း ရှိခဲ့ ပေလိမ့်မည်.. ပုထုဇဉ်တို့ ရဲ့  သဘာဝမှာ ဒီအချိန် ဒီအရွယ်မှာ မချစ်တတ်ခဲ့ ဘူး ဆိုသည့်တိုင် ရင်ခုန်လှိုက်မောခဲ့ ကြဖူးသည်မှာတော့ သူသူ ကိုယ်ကိုယ် ငြင်းနိုင်မည် မဟုတ်ပါလေ..ဆရာတော်သည်လည်း ငယ်စဉ်ကတော့ ဤကဲ့ သို့  ကြုံခဲ့ ရပါလေသည်..ငယ်ရွယ်သူ ချစ်စ ခင်စ သူတို့ ၏ သဘာဝ အလျှောက် မိဘ ဆရာတို့ ၏ ဆုံးမစကားကို နားဝယ်မထင် မဆင်ခြင်ဖြစ်မိတတ်ကြသည်..ချစ်ရသူထံ ညကြီးသန်းခေါင် တောကြီးမျက်မဲထဲမှာ သက်စွန့် ဆံဖျား သွားရောက်၍ မိမိ၏ အချစ်စနှင့် သူမ၏ အချစ်စ ကို ထုံးနှောင်ပြီးလျှင် အပျော်ကြီး ပျော်ပါးခဲ့ ကြရပုံများဟာ လည်း ဘယ်ခေတ်ကာလ ဘယ်နေရာရောက်ရောက် မပြောင်းလဲတဲ့  ငယ်ရွယ်ရဲရင့်သူ တို့  ဘာဝဖြစ်ပါလေသည်..သို့ သော် အရှင်ကား သာမာန် မဟုတ်ရပါလား...ပါရမီရှင် ဖြစ်ပါသည်..သို့ ကြောင့် သင်္ခန်းရုံ၍ ကျမ်းဂန်များကို ထိတွေ့ တယ် ဆိုမှ ၊ သီလ ပညာ နိုးကြားလာပြီ ဆိုမှ ယခင်က လူတို့ လောကသို့  ပြန်မဝင်ချင်တော့သည် ဖြစ်ရပါလေပြီ...ဒီတဝါ ကုန်ရင်တော့ ပြန်ခဲ့ မယ်ကွဲ့ လေး လို့ များ နှုတ်ကတိ ထားခဲ့ ချင် ထားခဲ့ ပါလိမ့်ဦးမည်...သို့ သော် မဖြစ်နိုင်တော့ချေ...တရားသံဝေဂ နဲ့  ဆင်ခြင်ကြည့်လေတော့ မိမိနှင့် ချစ်ရသူဟာ ဘယ်လိုမှ ဆက်စပ်ဖို့ ရာ မဖြစ်နိုင်တော့ သည်ကို သိရပြီမို့  ဥပမာပေး ခိုင်းနှိုင်းပုံကတော့ဖြင့် ရာဇဝင်မှာ တင်ကျန်ခဲ့ ရလောက်သော စကား..'
ကြေးငွေဂဟေ၊ မစပ်လေသို့'
....ကြေးနဲ့  ငွေကို ဂဟေစပ်လို့  မဆက်နိုင်တော့ သလို မင်း နဲ့ ကိုယ်ဟာ ဘဝ ၊ အသိ ကွားခြားခဲ့ ပြီမို့  မဖြစ်နိုင်တော့ပါဘူးကွယ် ဆိုတဲ့  နှုတ်ဆက်စကားဟာ နှစ်ပေါင်းများစွာ ကိုးကားနေရဦးမယ့် စကားပါပဲဗျာ...ပညာ၊သတိ ပြည့်စုံလာတော့မှ အရင်လို အချစ်အတွက် ရူးမိုက်တဲ့  အပြုအမူတွေကို ဘယ်လို ပြုနိုင်ဦးမှာတဲ့ လဲ လို့ လဲ သံဝေဂတရား ဆိုပါသေးတော့သည်...ဘာပညာ ဘာသတိမှ ပြည့်စုံကုံလုံမှု မရှိကြသေးလေသော ကျွန်တော်တို့ သာ ဤအချစ်သံသရာထဲ ရုန်းထွက်ခက်ခဲနေကြရဦးမှာ မဟုတ်ပါလားဗျာ..။
၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊
ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံး
နှောင်၊ ပျော်ရအောင်ဟု၊ သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊
ဝေးဓွန့်ခရီး၊ ချုံကြီးတောစုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေး
စားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးငွေဂဟေ၊ မစပ်လေသို့၊ စာပေ
တတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်ဂန်သိမြောက်၊ ပဉ္စင်းရောက်က၊ ထပ်လောက်ကျင့်ဖွယ်၊ ကြိုးသောနယ်ကို ၊ အဘယ်ကြိုးစားရှာ လေတော့မည်။
လူ့ သဘာဝက ကိုယ့်ချစ်သူဟာ လောကမှာ အလှဆုံးပဲ မဟုတ်ပါလား..အချစ်ရဆုံး အလှဆုံးဖြစ်လေသူ ဝဏ္ဏပဘာ က ရဟန်းဝတ်သွားလေသူ အရှင့်အား စာခွေပါးပါသတဲ့ ..."ကိုယ်ရင် ဘယ်နှဝါ ဝတ်မှာလဲ..နှမတော့ လွမ်းလှပါပေါ့...ဒီဝါကုန်ရင် လူထွက်ခဲ့ တော့နော် "ရယ်လို့ များအမှာပါးလေမလားပဲ...သို့ သော်အရှင်ကား တရားရပြီး ဖြစ်လေသည်..သန့် စင်အောင် ဆေးကြောပြီးလေသူသည် ရွံ့ နွံသို့  တဖန်ပြန်ဆင်းရန် မဖြစ်နိုင်သကဲ့ သို့  အမြင့်သို့  တက်လှမ်းခဲ့ ပြီဖြစ်သော အရှင်သည်လည်း ချစ်သူထံ ပြန်ဖို့  စိုးစဉ်းမျှ မစဉ်းစားတော့...ရဟန်းတို့ စောင့်ရှောက်အပ်သော ဝိနည်း ၊သိက္ခာ အဖြာဖြာကို အပ်ရဲ့ အသွား ၊ ဆံပင်ရဲ့ အဖျားလောက်တောင်မှ အမှားမခံတော့ချေ.။ပညာရှိပေမယ့် သတိလွတ်ခဲ့ လို့  သံသရာ ရှည်ခဲ့ ပြီးလေပြီ..အဖန်ဖန် အထပ်ထပ် လည်ပတ်နေခဲ့ ရပြီးပြီ...အနိစ္စ၊ဒုက္ခ၊အနတ္တ ဆိုတဲ့  လက္ခဏာရေး သုံးပါးကို ရှု၍ နေရစ်ပါလေ..ဒီဘဝတော့ နှမလေးရယ် လက်လျှော့လိုက်ပါတော့ ဟု ဆိုကာ လမ်းခွဲမှာ မျက်ရည် မပါခဲ့ သော နှုတ်ဆက်စကားကို ပိုင်ပိုင် ဆိုနိုင်လေသူ ဖြစ်ပါသည်.။သတိတရားက အစဉ်စောင့်ကျပ်နေလေသော စိတ်မှာ အချစ်၊လောဘ၊ဒေါသ ရမ္မက်အညစ်အကြေးတွေဟာ ကင်းစင်နေခဲ့ုပြီမို့  ဘယ်သူကမှ ထပ်မံပေကြံအောင်စွမ်းနိုင်တော့မည်မဟုတ်ပါလေလို့ သတိပေးနိုင်ခဲ့ ပါလေသည်..သတိတရားလွတ် နေထိုင်တတ်ကြသူ ကျွန်တော်တို့ မှာသာ ချစ်ခြင်း မုန်းခြင်းသံသရာမှာ လူးလာခေါက်တုန် ဆုန်ဆန်ကူးခပ် အလွမ်းဇာတ်ကိုမှ ပီပြင်အောင် ဖန်ဆင်း အသက်သွင်းပြီး လွမ်းပြီးရင်း လွမ်းနေရလေတော့သည် တကား....
၂။ လူ့မြေထိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရေး၊
မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောင်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊
မွေးမက်ရက်သည်၊ အသက်တို့က၊ဆက်လှာရလည်း၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာ
ဝိနည်း၊ စောင့်စည်း ပညတ်၊ အပ်တိတသွား၊ ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊
မမြုံရချေ၊ သတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊
ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ္တဒုက္ခ၊ အနိစ္စ
လည်း၊ နှလုံးပူစွ၊ ပေးလှူ စွန့်ကြ၊ သည်ဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊
ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံစွ၊ ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်
မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာလေ
တော့မည်။
ချစ်သူနှင့်အတူ သံသရာရှည်သမျှ အတူတူလျှောက်လှမ်းချင်ကြသည်မှာ ဓမ္မတာပဲ မဟုတ်ပါလားဗျာ..သံသရာရှည်သမျှ အကြောင်းဆက် ပေါင်းဖက်ချင်တယ်ရယ်လို့  ဘုရားကို အပူကပ်ဖူးကြမှာပါ..အနောက်က လူတွေမှာတော့ ချစ်သူနဲ့  တစ်ဘဝလုံး အတူတူပေါင်းကြရစေကြောင်းရယ်လို့  ရည်ရွယ်ကာ သော့တစ်လုံးမှာ နှစ်ယောက်သားရဲ့  နာမည်ကိုရေးပြီး တံတား ၊ မျှော်စင် စသည့်နေရာမျိုးတွေမှာ သော့ကိုခတ်လိုက်ပြီး သော့တံကိုတော့ ပြန်ရှာဖွေလို့ မရနိုင်တဲ့  မြစ် ၊ ကန် စသည့်နေရာမျိုးတွေထဲ လွှင့်ပစ်ကြလေ့ရှိပါတယ်..ကျွန်တော့်တို့ တိုင်းပြည်မှာတော့ ဘုရားမှာသက်သေတည်ဆုတောင်းပြီးကတိသစ္စာ ပြုတတ်ကြသည်.. နာမည်ကြီး ဗေဒင်ဆရာဆီမှာ အစီအမံတွေ လုပ်ပြီး ယတြာချေတတ်ကြသည်..ဟိုးအနှစ် ငါးရာကျော်က ချစ်သူနှစ်ဦးဟာလည်း ထို့ သို့ ပြုခဲ့ ဖူးပါလေသည်...အဝရွှေမြို့ တော်ကြီးရဲ့  အရှေ့ အရပ်က ညောင်ပင်ကြီးမှာ အင်မတန် ဆုတောင်းပြည့်တဲ့  ရုက္ခစိုးကြီး ရှိ၏....ဤရုက္ခစိုးထံမှာ ချစ်သူနှစ်ဦး အရှည်သဖြင့် ပေါင်းဖက်နိုင်စေကြောင်းရယ် အဝတ်ပုဆိုးများ လှူဒါန်းဆုတောင်းခဲ့ ကြလေသည်...ဘယ်ခေတ် ဘယ်ကာလ ရောက်ရောက် ချစ်သူတို့ ရဲ့  သဘာဝဓမ္မကတော့ဖြင့် မပြောင်းလဲနိုင်ပါလားလေ...ရုက္ခစိုးထံမှာ ပြုထားခဲ့ တဲ့  သစ္စာကတိစကားကြောင့် တစ်နေ့ တော့ မောင် ပြန်လာမလားရယ်လို့  အတွေးတွေနဲ့  လူကြီးတွေ အိပ်လို့  နာရီမောင်းချသံကို ကြားနေရပေမင့် မျက်လုံးရယ် မမှိတ်နိုင်ပဲ အလွမ်းတွေ ပူနေမှာတဲ့ လား...မောင်ပြန်လာမယ့်ရက် ၊ မောင်နဲ့  တွေ့ ရမယ့် ရက်ကို တိတ်တခိုး မျှော်လင့်နေဦးလေမလား လို့  အရှင်က နှမလေးအပေါ် သနားကရုဏာ ဖြစ်ရလေသေးတော့သည်...
၃။ ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည်သများ၊
မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊ ပုဆိုးကြာညွန့်၊ ပိတ်လျှပ်တွန့်ကို၊ ဖြန့်၍တံ့
ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊ ခက်မတစ်ထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊
တိုင်မှတ်သက်သေ၊ ပြုမိပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊သနးဖွယ်ဘိ၊
ရှေးနှယ်ကြိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြှပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနမိတ်၊ သက်ကြီး
ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်၊
ဖူးချိန်သင့်ကို၊ မျှော်လင့်ခိုးရှာ လေတော့သည်။
နာမည်ကျော် အဆိုတော်ကြီး တွံတေးသိန်းတန် ရဲ့  " ဒီဘဝအတွက်တော့ နှမလက်လျှော့ နေလေဦးတော့ကွယ် " ဆိုတဲ့  သီချင်းလေး နားထောင်ဖူးကြမှာပါ..နှုတ်ဆက်မှုမျိုးစုံမှာ ကျွန်တော်တို့  ဘယ်လိုနှုတ်ဆက်ခဲ့ ကြသည်လည်း..အပြုံးနဲ့ လား...အမုန်းနဲ့ လား...
အရှင်ကတော့ အမုန်းမပါ မျက်ရည်မပါ အပြုံးလေးနှင့်  နှုတ်ဆက်လိုက်သည်ဟု မြင်မိသည်..မဆုံနိုင်တော့မှ မုန်းကြမှာလား..
မဆုံနိုင်ခြင်းဟူသမျှသည် ဝေးကွာခြင်း မမည်ပါလေ..ခွဲခွာရခြင်းဟူသမျှသည်ကလည်း မဆုံစည်းနိုင်မှု သက်သေ မဟုတ်ပါပေ.။
(ကဗျာအား ဘုန်းဘုန်း Ashin Sutacara ၏ http://www.facebook.com/note.php?note_id=2782596487026 မှ ကူးယူဖော်ပြပါသည်...)
Ashin Sutacara ပျိုမြစ်နုနယ်၊ လှမျိုးကြွယ်ကို(လှသွေးကြွယ်ကို)၊ ချစ်လျှက်သာ၊ ခွဲရပါသည်၊ ကမ္မဝါထမ်း၊ ရွှေစာကျမ်းနှင့်၊ မောင်မှာ ရဟန်းဖြစ်သောကြောင့်။ တဲ့
by ဆရာလေး ကိုကြည်နိုင် on Sunday, November 27, 2011 at 4:12am