" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, January 28, 2012

ရဲရဲတောက်နှင်းဆီ(ဒေါ်အောင်ဆန်းစုကြည်)




စိမ့်ယိုပေါက်ကွဲ

အဟုန်ပြင်းသွက် လွင့်စင်ထွက်

အနီရောင် အပွင့်အခက်

သွေးအစက်စက်…

ဟောင်းအိုဆွေးမြေ့ နံရံများ

ပတ်ကြားကွဲအက် ပြိုကာပျက်၏။

သူသည်…

ပါးစပ်ရာဇဝင်၊ ပုံပြင် မဟုတ်

ကောလဟာလ၊ ဒဏ္ဍာရီ မဟုတ်

နှင်းဆီပွင့်ချပ် ပွင့်ဖတ်တစင်း၏

တိုက်ပွဲဝင်မှု မုန်တိုင်းတစ်ခု။

မိုးခြိမ်းသံတို့ တဖြောင်းဖြောင်းထွက်

လျှပ်ပန်းနွယ်တို့ ပြိုးပြိုးပြက်

ရုန်းကြွထိုးတက်၊ မို့မောက်ချွန်ထက်

စူးသွားတစ်လက်…

မိုးတိမ်လွှာ ကမ်းပါးရံနှင့်

အာကာပြင်ထက် ထိုးခွဲတက်၏။

သူသည်…

သားကောင်နှင့် ထောင်ခြောက် မဟုတ်

တည်ကြက်နှင့် ညွတ်ကိုင်း မဟုတ်

နှင်းဆီစူးသွား၏ ထူးခြားသည့်

ရိုးရိုး ရှင်းရှင်း အခင်းအကျင်း။

လေဒဏ် ရေဆန် လောကဓံ

ကြံ့ကြံ့လည်းခံ အားမာန်မလျှော့

မွှေးကြော့သန့်စင် ကမ္ဘာတခွင်

သူ့ ဖြစ်အင်…

ကိုယ်တိုင် လောင်မြိုက်

ကျွမ်းလောင်လှိုက်စား မွှေးပျံ့သွား၏ ။

သူသည်…

ရုပ်သေးရုပ်နှင့် မီးစာ မဟုတ်

ပျော်တော်ဆက်နှင့် နင်းကြမ်း မဟုတ်

ရဂုံရနံ့ သင်းဖွဲ့သည့်

ပကတိဖြစ်စဉ် သူ့ဂုဏ်အင်။

ပြင်းပြ နေ နှင့် အက်စစ် မိုးလည်း

ရဲရဲနီစွေး သူ့အသွေးကို

ဖျော့တော့ အရောင်အဆင်း

တိုက်ချွတ်ခြင်း အလျဉ်းမရှိ၊

အချိုးအကွေ့ အလှည့်အပြောင်း

ထောင်းထောင်း ညက်ခြေ ခံနိုင်လေ၏။

သူသည်…

ဒူပေနာပေ မေတ္တာရှင်နှင့်

သစ္စာတရား လက်ကိုင်ထားသည့်

ပီတိခန္တီ ပါရမီရှင်

မဟာ အာဇာနည်ပင် ။

အိုဟောင်းမှုန်မွှား ကာလများစွာ

ကျိန်စာအလား လွင့်စင်သွားလည်း

ဝတ်မှုန်အမွေ

ကြဲဝေဖြန့်ကြက် မျိုးဆက်များသို့၊

ခေတ်သစ်ရာသီ

အလီလီကျော်နင်း လွင့်ပြယ်ခြင်း မရှိ၊ မြဲမြံ၏ ။

သူသည်…

သူရဲကောင်းတို့ ခေါင်းဆောင်

မြန်မာ့ဦးသျှောင်

မျိုးကောင်း အာဇာနည် ဘာမထီ၊

ကမ္ဘာတည်မည့်

ရဲရဲတောက် နှင်းဆီ

ဒေါ်အောင်ဆန်းစုကြည် ။



(မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏

၆၄ နှစ်မြောက် မွေးနေ့သို့ ဂုဏ်ပြုရေးဖွဲ့ခဲ့သည့် စာရေးဆရာ ရဲရဲအောင်၏ ကဗျာ)

၂၀၀၉ခု အောက်တိုဘာလထုတ် ရဲရင့်အောင်၏ ရဲရဲတောက် နှင်းဆီနှင့် ပြည်သစ်တည်သူများ ဒုတိယအကြိမ်မြောက် ဆောင်းပါးများ စုစည်းမှု) မှ

Friday, January 27, 2012

ပြင်ကြတာပေါ့( Poems of My friends from Nalanda University)



ပြင်ကြတာပေါ့

ခေတ်တစ်ေ(ခတ်ရဲ့လောင်းရိပ်မှာ

တိတ်ဆိတ်ခြင်းတွေနဲ့ မေ့မနေသင့်ဘူး

အတိတ်ရဲ့အရင်းအနှီးတွေကိုကြည့်

အသစ်အဟောင်း ခေတ်အပြောင်း

ဘယ်အကြောင်းအရာပဲကြည့်ကြည့်

ဒို့အတွက်…

စိန်ခေါ်မှုတွေ အပြည့်ရှိနေတယ်…။

ဒို့!... ခေါင်းရှောင်မှာလား…?

ခေါင်းဆောင်မှာလား…?

အဓိဋ္ဌာန်ကိုယ်စီညှိ

သတိရှိရှိနဲ့…ဒို့မှာ

အဖြေတစ်ခုရှိဖို့တော့လိုနေပြီ…။

အနိစ္စတရားးတွေလို့

စိတ်ကျစကားတွေမပြောကြေး။

အနိစ္စာဝတ သင်္ခါရာဆို ပေမယ့်

အတိတ်ကပြတဲ့ ရင်နွမ်းစရာအတိကို

သင်ခန်းစာ အသိနဲ့ကြည့်ရင်း

အနိစ္စ မဖိခင်လေးအတွင်းမှာ

ဒိဋ္ဌ အရှိကိုပြင်ကြစို့…..။

မဟူရာမင်း (နာလန္ဒာ)

သွေးချင်းတွေပါသူငယ်ချင်း

သူငယ်ချင်း.........
ဒို့တစ်တွေဟာ........
တစ်မေထဲ မဖွားခဲ့ကြပေမယ့်
တစ်မြေထဲမှာဖွားခဲ့တဲ့
တစ်မြေထဲသားတွေပါ....သူငယ်ချင်း..။

ဒို့တစ်တွေဟာ..
တစ်မြေထဲနေ တစ်ရေထဲသောက်..တွေမို့
တစ်ခရီးထဲ လျှောက်ကြတဲ့အခါ
ဘယ်မှာနေနေ ဘယ်မြေနင်းနင်း
သွေးချင်းဆိုတဲ့..စိတ်(မျိုးချစ်စိတ်)
ဒို့မှာ ယိုဖိတ်နေသင့်တာပေါ့..သူငယ်ချင်း..။

သူ့အကြိုက် ကိုယ့်အကြိုက်
အကြိုက်ချင်းတော့ ဘယ်တူမလဲကွာ..
သူကမင်း..မင်းက ငါမှ မဟုတ်တာပဲလေ..
အကြိုက်တွေလွဲ..စရိုက်တွေကွဲတာနဲ့
ဒို့တစ်တွေ..သွေးကွဲနေတော့မှာလား...?
ပြောပြီးပြီပဲ.......သူငယ်ချင်း...
ဒို့တစ်တွေ..သွေးချင်းတွေပဲလေ..။

အင်း............!!!
အယူအဆတွေက တစ်ဖက်တစ်သင်းဆိုတော့
အဲဒီလို...မတူမျှတာလေးတွေက..
ဒို့တစ်တွေအတွက် ဖျက်မျဉ်းတွေပေါ့..သူငယ်ချင်း...။
ဒီလိုဆိုရင်ကွာ.........
မတူမမျှသေးတဲ့...
အယူအဆရဲ့ တစ်စိတ်တစ်ဒေသကို
ကူမလိုတဲ့ စိတ်အခြေချလို့...
အတူတကွ ကြိတ်ချေလိုက်စို့...သူငယ်ချင်း..။

တစ်ပါးမြေမှာဆိုတော့လေ....
ထွေရာရာ အခက်ခဲရှိရင်လည်း တိုင်ပင်ပေါ့..
မကွေမကွာ..လက်တွဲလို့
အခက်အခဲမှန်သမျှ အတူဖြေရှင်းပြီး
ကူညီရိုင်းပင်းကြတာပေါ့....သူငယ်ချင်း...။

ဟုတ်တယ်မို့လား..သူငယ်ချင်း....
ဒို့တစ်တွေ..သွေးချင်းတွေပဲကွာ...။
ဒို့တစ်တွေဟာ...သွေးချင်းတွေပါပဲကွာ..။

ကောင်းဖြစ်(နာလန္ဒာ)

မင်းမှန်တယ် (သို့သော်) သူငယ်ချင်း

..သူငယ်ချင်း…

မင်းဘက်ကကြည့်တော့ ယ ပက်လက်

ငါ့ဘက်ကတော့ က ကြီး

နံပါတ်သရီးလို့ သူကပြော

ဟောဗျာ ကြားကလူမှာ ဒဒွေးပါတဲ့။

…ဂ ငယ်ပါဆိုနေမှ

ပစောက်ဖြစ်လိုဖြစ်

တစ်လို့ပြောသူပြော

ရှစ်လို့ပြောသူပြော

အင်္ဂလိပ်သဘောအရ

စီ- လို့ပြောမှ မှန်တယ်ဆိုပါလား။

…ကဲပါသူငယ်ချင်း..

ရှင်းမရတဲ့ ပုစ္ဆာတော့ မဟုတ်ဘူး။

အထူးအထွေ မဟုတ်တာကို

အရူးတွေလို ငြင်းနေမလား

ဘယ်သူမှား ဘယ်သူမှန်သလဲ

သဲကွဲတဲ့ အဖြေတစ်ခု

ကိုယ့်ရှု့ဒေါင့်ကိုယ်မှန်တယ်။

…တကယ်တော့ကွာ..

ငါတို့ရှာနေတဲ့ ကြက်ဥရဲ့အစ

လောကအတွက် ဘာထူးမှာလဲ

လက်ထဲက တူတစ်လက်နှင့်ခွဲကြည့်

မင်းသိချင်တာ သိလိမ့်မယ်။

လွယ်နေတာကို ရှုပ်အောင်လုပ်

ရှုပ်နေတာကို ထပ်မရှင်း

အခန်းကျဉ်းလေးထဲ အိပ်နေမယ်ဆိုရင်

စိတ်လေတယ်သူယ်ချင်း။

အချင်းချင်းတွေ လက်တွဲမဖျက်

အတင်းအဖျင်းတွေအတွက်

သက္ကရာဇ်တွေကို ဆွဲစား

လွဲမှားလွန်းပါတယ် သူငယ်ချင်း။

(သို့သော်) မင်းမှန်တယ်သူငယ်ချင်း။

(အရှင်ဇနက-မော်လူး)

နာလန္ဒာတက္ကသိုလ်။

Thursday, January 26, 2012

ပါမောက္ခ ဒေါက်တာ ပရီမာလ် ကုမားဒါစ် ဟောပြောသည့် အိန္ဒိယနိုင်ငံ ပညာရေးစနစ်နှင့် မူဝါဒ


အကြောင်းမလှစွာ အိန္ဒိယနိုင်ငံသည် ပညာရေးမူဝါဒရယ်လို့ မရှိပါဘူး။ ထိုအရာသည် ဝမ်းနည်းစရာပါ။ တကယ်တော့ လက်ရှိစနစ်သည် မက်ကောလေး (Macaulay System) စနစ်ပါပဲ။ လော့ဒ်မက်ကောလေး၏ ရည်ရွယ်ချက်သည် အိန္ဒိယကနေ သူတို့ထွက်ခွာသွားရင်တောင်မှ ဗြိတိသျှအင်ပါယာစနစ်ကို ကာကွယ်စောင့်ရှောက်ဖို့ ပညာတတ် လူတန်းစားဟုခေါ်သည့် လူတစ်စုကို ဖန်တီးဖို့ပင် ဖြစ်သည်။ သူတို့သည် မျိုးချစ်ပုဂ္ဂိုလ်တွေ မဟုတ်သည့်အပြင် အိန္ဒိယလူမျိုးတို့၏ လိုအပ်ချက်တွေအပေါ်မှာ အခြေမခံပေ။ ဤအုပ်စုသည် စနစ်ဟောင်းအပေါ်မှာ အခြေခံနေသူတွေ ဖြစ်၏။ ထိုပုဂ္ဂိုလ်တို့သည် သတင်းဖြန့်ချိမှု၊ ကျောင်းဆရာများ၊ ရှေ့နေများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများနှင့် နည်းပညာရှင်များ- မက်ကောလေး စနစ်၏ ထုတ်ကုန်တွေဖြစ်ကြ၏ ။

ပညာရေးစနစ်သည် လူထု၏ဘာသာစကားအပေါ်မှာ အခြေခံရမည်။ သို့မှသာ ပညာရေးစနစ်၏ အခြေခံမူဝါဒ ဖြစ်ပေမည်။ အိန္ဒိယမှာ အင်္ဂလိပ်ဘာသာစကား အထူးပြု ပညာရေးစနစ်သည် အိန္ဒိယပြည်သူတွေကို ခြေကျိုးသွားစေသည်။ ဘာသာစကားသည် သီးခြားယဉ်ကျေးမှု၊ တန်ဘိုးနှင့် ပတ်ဝန်းကျင်မှာပဲ ရှင်သန်ကြီးထွားသည်။ ထို့အပြင် ဘာသာစကားသည် အသိဥာဏ်ပညာ၏ ယဉ်ရထားပင်ဖြစ်ပေသည်။ ဘာသာစကားတိုင်းသည် ခြေထောက်လိုပင်ဖြစ်သည်။ သူတို့သည် လူတွေကို အသိဥာဏ်နှင့် ပညာရှိခြင်းဟူသည့် ပန်းတိုင်ကို သယ်ဆောင်သွားသည်။ သဘာဝအားဖြင့် ကလေးသည် မိခင်ထံမှ ဘာသာစကားကို စတင်လေ့လာ၏။ အိန္ဒိယဘာသာစကား၏ လက်ရှိအခြေအနေသည် ဘေးဥပါဒ်ရောက်နေပါပြီ။ ထိုအရာသည် မစစ်မှန်သည့် ကြီးထွားမှု့ပင်ဖြစ်၏။ ပုံမှန်တစ်ခုတော့ မဟုတ်တာ သေချာ၏။

တကယ်တော့ အိန္ဒိယ၏ အင်္ဂလိပ်သည် ဘာဘူ-အင်္ဂလိပ်(Babu-English) ပါ။ တချို့စာရေးဆရာတို့သည် အပြည်ပြည်ဆိုင်ရာက ချီးမြှင့်သည့် ဆုတံဆိပ်တွေကို ရရှိနေကြသည်။ ထိုအရာသည် မှားယွင်းသည့် တံဆိပ်ခတ်နှိပ်မှုပါ။ တေလူဂူ၊ ဘင်္ဂါလီ၊ တမီးလ် စသည်ဖြင့် ရေးသားကြသည့် စာရေးဆရာတို့သည် အာရွန်ဒါတီရိုင်း (Authour of Booker Prize winner " The God of small things") ထက်ပင် ပိုကောင်းနေကြပါသည်။

ထို့ကြောင့် အိန္ဒိယအသိပညာရှင်တို့သည် ခြေကျိုးနေသည့် အသိပညာရှင်တွေဟုပင် ကျွန်တော်ပြောလိုက်ချင်သည်။ သူတို့သည် မသန်စွမ်းသူတွေပင် ဖြစ်ကြ၏။ ကျွန်တော်၏ နှစ် ၃၀-ကျောင်းပညာရေး အတွေ့အကြုံတွေအရ အထက်တန်းပညာနှင့် ပတ်သက်လို့ မည်သည့်ကျောင်းသားမျှ သူတို့၏ အဖြေလွှာကို မှန်ကန်သည့် အင်္ဂလိပ်စာနှင့် မရေးသားနိုင်သည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံ ပညာရေးစနစ်၏ မျက်မှောက်အခြေအနေသည် လူတန်းစားနှစ်ရပ်ကို ဖန်တီးထားပေသည်။ ထိပ်တန်းရာထူးတွေသည် အင်္ဂလိပ်မီဒီယံကျောင်းသားတွေကို အထူးအခွင့်အရေးပေးထားပြီး အခြားတစ်ဖက်မှာတော့ မိခင်ဘာသာစကားကို ယူကြသည့်ကျောင်းသားတွေသည် အလုပ်မဲ့သော်လည်းကောင်း၊ အောက်တန်းလွှာ အလုပ်မျိုးကိုသော်လည်းကောင်း ပေးထားပေသည်။ ပြည်သူ့ဝန်ထမ်းရွေးချယ်ရေး အဖွဲ့သည် လူအနည်းငယ်လောက်ကိုသာ ဟိန္ဒီမီဒီယံကျောင်းသားများထဲမှ ရွေးချယ်သည်။

အိန္ဒိယအလုပ်သမား အလွှာမှာ လက္ခဏာ သုံးရပ် ရှိသည်ဟု ဆိုရပေမည်။ (၁) ပစ္စည်းမဲ့၊ (၂) ဇာတ်နိမ့်၊ (၃) အုပ်ချုပ်ခံလူတန်းစား၏ ဘာသာစကားကို နားမလည်ခြင်း (အင်္ဂလိပ်ဘာသာစကားကိုဆိုလို၏) တို့ပင်ဖြစ်သည်။ ရှေးတုန်းက အိန္ဒိယ၏ အုပ်ချုပ်သူ လူတန်းစား၏ ဘာသာစကားသည် ဆန်းစကရစ်(Sanskrit) သက္ကဋဘာသာစကားဖြစ်ပြီး ထိုအချိန်က ဆန်းစကရစ်(Sanskrit) သက္ကဋဘာသာစကားကို အုပ်ချုပ်သူအထက်တန်းလွှာလောက်သာ အဓိကနားလည်ကြသည်။ သာမန်ပြည်သူလူထုတို့ နားမလည်နိုင်ကြပေ။ ထိုအချိန်က ပြည်သူလူထု၏ နေ့စဉ်သုံးဘာသာစကားသည် ပါဠိ(Pali) ဘာသာစကားပင်ဖြစ်သည်။ ထိုဒေသ ထိုအချိန်အခါမှာ မြတ်ဗုဒ္ဓသည် ပထမဦးဆုံးသော ပြုပြင်ပြောင်းလဲရေး သမားပင်ဖြစ်ပေသည်။ မြတ်ဗုဒ္ဓသည် ဗြဟ္မဏ(Bramin) တို့၏ လွှမ်းမိုးမှုအောက်က ဇာတ်ခွဲခြားမှုစနစ်ကို ဆန့်ကျင်ခဲ့၏။ သူသည် ခတ္တိယ (Kshatriya) အနွယ်ဝင်အဖြစ် မွေးဖွားခဲ့သော်လည်း ဆန်းစကရစ် (သက္ကဋ) ဘာသာစကား၏ လွှမ်းမိုးမှုကို ဆန့်ကျင်ပုန်ကန်ခဲ့၏။ ပြည်သူလူထု သာယာဝပြောရေးအတွက် သူ၏ဒေသနာတော်တွေကို ထိုခေတ်က ပြည်သူလူထု အားလုံးသိနားလည်သည့် လူထုဘာသာစကားဖြစ်သည့် ပါဠဘာသာဖြင့်ပင် ဟောကြားပို့ချတော်မူခဲ့သည်။ အိန္ဒိယမှာ မြတ်ဗုဒ္ဓသည် ပထမ အစဦးဆုံးသော အမှန်တကယ် ပညာရေးနှင့် ပတ်သက်သည့် စစ်မှန်သည့် ပညာရှင် တစ်ယောက်ဟု ကျွန်တော်ထင်သည်။

မက်ကောလေးစနစ်သည် အုပ်ချုပ်သူ ကိုလိုနီတို့၏ အကျိုးစီးပွားကိုပဲ ရှေ့ရှု စဉ်းစားခဲ့၏။ အကယ်၍ သင်သည် အသိပညာအစစ်မှန်ကို မရရှိနိုင်ခဲ့ဘူးဆိုလျှင် သင်သည် ပျက်စီးဆုံးရှုံးနိုင်သည်။ အိန္ဒိယနိုင်ငံ၏ အင်္ဂလိပ်ဘာသာစကားသည် ပဒေသရာဇ် ဘာသာစကားပင် ဖြစ်သည်။ ဒါဟာ ပြည်သူ၊ လူမှုရေးနှင့် မျိုးချစ်စိတ်တို့ကို ဆန့်ကျင်ခြင်းပါ။ ဒါဟာ အမေရိကန် အင်္ဂလိပ်တို့၏ ကိုလိုနီဝါဒသစ် ပြုလုပ်ခြင်းလည်း ဖြစ်ပေသည်။ အကယ်၍ လူထု၏ ဘာသာစကားသည် ခင်ဗျားတို့ဆီမှာ မရှိခဲ့ဘူးဆိုလျှင် ခင်ဗျားတို့သည် သာတူညီမျှ လူ့အဖွဲ့အစည်းကိုလည်း မရရှိနိုင်ပါဘူး။

ကမ္ဘာလုံးဆိုင်ရာ ပညာရေးအတွက် အခြေခံအဆင့်ပညာရေးသည် တညီတညွတ်တည်း ဖြစ်ဖို့လိုပါသည်။ အိန္ဒိယနိုင်ငံ၏ ပညာရေးစနစ်သည် အတန်းအစား ခွဲခြားထားသည့် စနစ်ပင်ဖြစ်သည်။ ဘောဂဗေဒသည် လူတန်းစား ပြဿနာပါ။ အိန္ဒိယမှာရှိသည့် ကွန်မြူနစ်ပါတီအားလုံးတို့သည် လက်ရှိစနစ်၏ ကွဲပြားခြားနားမှုတွေကို အမြဲတည်ရှိနေစေချင်ကြသည်။ ယခု ပြောဆိုနေကြသည့် မျက်မှောက်ပညာရေးစနစ်သည် ငွေကြေးဟူသည့် ရည်ရွယ်ချက်အတွက်သာ ဖြစ်နေပေသည်။ ထိုငွေကြေးသည် ဘွဲ့လက်မှတ်ကိုင်ဆောင်သူတွေကိုသာ ထုတ်လုပ်ပေးခြင်းဖြစ်ပေတော့သည်။

ကျေးဇူးတင်ပါသည်။

မေးခွန်းအချို့နှင့် သူ၏အဖြေများ

မေး။ ခင်ဗျားဟာ အင်္ဂလိပ်ဘာသာစကားရဲ့ ပြဿနာတွေကို များစွာပြောကြားသွားခဲ့တယ်။ အင်္ဂလိပ်စကားဟာ တိုင်းပြည်နှင့် လူထုရဲ့ အကျိုးတိုးတက်ဖြစ်ထွန်းမှုကို မဖြစ်ပေါ်စေဘူးလား။

ဖြေ။ သန်း ၃၀၀ သော ပြည်သူတွေ တိုးတက်ကြတောင်၊ သန်း ၇၀၀ ကတော့ ကျန်ရစ်ခဲ့မှာပါ။ ဒါဟာ အကန့်အသတ်နဲ့ တိုးတက်မှုမှုပါ။ ကျွန်တော်ဟာ အင်္ဂလိပ်စကား ပြောကြားမှုကို ဆန့်ကျင်ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒါက ပေါများ ကြွယ်ဝတဲ့ ဘာသာစကားပါ။ ဂျပန်၊ ယခင် ဆိုဗီယက်(ရုရှား) နှင့် ထိုင်းနိုင်ငံတို့မှာဆိုရင် သာမန်လူထုကို ခင်ဗျား အင်္ဂလိပ်လို ပြောလို့ မရပါဘူး။ ခင်ဗျား ဒီအင်္ဂလိပ်စကားကို စပြောလိုက်တိုင်း သူတို့ စိတ်ဆိုးတော့တာပါဘဲ။

မေး။ အကယ်၍ အင်္ဂလိပ်စကားဟာ ရုံးသုံးဘာသာစကား၊ ကျောင်းပညာသင်ကြားမှု ဘာသာစကား ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ဟာ ကိုလိုနီဝါဒ လက်သစ်ရဲ့ အောက်ကို ကျရောက်သွားပါလိမ့်မယ်။ ဒါဆိုရင် နိုင်ငံရေးသမားများနှင့် အသိပညာရှင်တွေက ဘာဖြစ်လို့ ဒီစနစ်ကို ဖျက်သိမ်းဖို့ မကြိုးစားကြတာပါလဲ။

ဖြေ။ ဂန္ဓီကြီးဟာ ဒီပြဿနာကို ကောင်းစွာသဘောပေါက်ခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှချင်တော့ သူဟာ အသတ်ခံခဲ့ရပါတယ်။ အင်္ဂလိပ်စာ သင်ကြားဖို့ တတ်နိုင်တဲ့သူတွေကို ကျွန်တော်ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ပထမ သူက အဆင့်တိုင်းမှာ သင်ကြားမှုမီဒီယံဖြစ်နေခြင်း၊ ဒုတိယက အစိုးရသူတို့ရဲ့ ရုံးသုံးဘာသာ ဖြစ်နေခြင်းပါပဲ။ ကျန်တာတော့ ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး။

မေး။ တကယ်လို့ အင်္ဂလိပ်ဘာသာစကား သင်ကြားမှုကို ဖျက်သိမ်းလိုက်မယ်ဆိုလျှင် အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်တွေမှာ အလုပ်လုပ်နေကြသည့် ပြည်သူတွေဟာ လုပ်ခကောင်းကောင်း မရနိုင်ကြတော့ပါဘူး။ လူကြီးမင်းရဲ့အမြင်က ဘယ်လိုပါလဲ။

ဖြေ။ ဒီမှာ လုပ်စရာအလုပ်တွေ အများကြီးရှိပါတယ်။ ဒေါက်တာ အာ-အမ်-လိုဟီရ်(Dr. R.M. Lohia's) ရဲ့ပါရဂူဘွဲ့အတွက် ကျမ်းပြုတာဟာ ဂျာမဏီနိုင်ငံမှာပါ။ သူတို့က သူတို့ယဉ်ကျေးမှုနှင့် ဘာသာစကားဟာ အင်္ဂလိပ်တွေထက် အထက်တန်းကျတယ် မြင်တယ်လို့တောင် ထင်နေကြတာပါ။

မှတ်ချက်။ ဗဟုသုတအဖြစ် တင်ပြခြင်းဖြစ်သည်။ အရာရာကို အမြှော်အမြင်ကြီးစွာ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်ကြပါစေ။

မေတ္တာဖြင့်

(မေ့သားလှ-ဇလဂ္ဂ)

၂၆-၁-၂၀၂

ရည်ညွှန်း။ မြန်မာနိုင်ငံ ကျောင်းသားလူငယ်ကွန်ဂရက်မှ စီစဉ်ထုတ်ဝေသည့် ပညာရေးဆွေးနွေးပွဲ မှတ်တမ်းများမှ ကောက်နှုတ်တင်ပြသည်။

Monday, January 23, 2012

ကမ္ဘာ့နံပါတ်တစ် ဖင်လန်နိုင်ငံပညာရေးစနစ် (How Does Finland's Education Become The Best In The World?)





ဖင်လန်မှာ ဥရောပတိုက် မြောက်ပိုင်း၊ ဘောလ်တစ်ပင်လယ်အနီးရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖင်းနစ်ရှ်နှင့် ဆွီးဒစ်ရှ်ဘာသာစကားများ ပြောဆိုကြည်သည်။ ငွေကြေးအားဖြင့် ယူရိုငွေကို သုံးစွဲကြသည်။ မြို့တော်မှာ ဟယ်လ်ဆင်ကီ ဖြစ်သည်။ လူဦးရေ (၅) သန်းကျော်ရှိသည်။ တရားဝင်သုံးစွဲသည့်နိုင်ငံအမည်မှာ ဖင်လန်သမ္မတနိုင်ငံဖြစ်သည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၀၅ ဒဿမ ၅၉ မိုင် ကျယ်ဝန်းသည့် နိုင်ငံဖြစ်သည်။

ဖင်လန်နိုင်ငံဟာ ပညာရေးမှာ ထိပ်ဆုံးအဆင့် သတ်မှတ်ခြင်းခံရပြီး၊ သင်္ချာမှာတော့ တောင်ကိုရီးယားကို နည်းနည်းလေးကပ်ရှုံးပြီး ဒုတိယသင်္ချာ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဒါကြောင့် နိုင်ငံတကာပညာရေးဆိုင်ရာ ကိုယ်စားလှယ် (၁၀၀) ကျော်လာပြီး ဖင်လန်နိုင်ငံစနစ်ကို လေ့လာကြရသည်အထိ နာမည်ကျော်ခဲ့တယ်။ ယခု ဒီဆောင်းပါးကလည်း အဲဒီလေ့လာသူတွေထဲက အမေရိကန်နိုင်ငံ ကျောင်းဆရာတစ်ယောက်ရဲ့  သူမြင်တဲ့ ဖင်လန်နိုင်ငံ ပညာရေး စနစ်ကို တင်ပြသွားတာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံပညာရေး ကောင်းခဲ့တာလည်း မပြောနဲ့လေ၊ ကမ္ဘာ့ပညာရေးအတွက် ငွေကြေးအများဆုံးသုံးတဲ့နိုင်ငံလေးနိုင်ငံထဲမှာ စာရင်းဝင်တယ်။ ၂၀၁၀ ခုနှစ်မှာဆိုရင် ဒေသဆိုင်ရာ မူလတန်းနဲ့ အထက်တန်းကျောင်းတွေ အတွက် ပညာရေးအသုံးစရိတ်အဖြစ် သတ်မှတ်တဲ့ငွေကြေးပမာဏက ဒေါ်လာသန်း ၃၇၀ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတော်ကရတဲ့ အခွန်ငွေတွေအပေါ်ကနေ ပညာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်မှုလို့လည်း ဆိုနိုင်ပါတယ်။

OECD နိုင်ငံတွေမှာ PSIA ဆိုတဲ့ စာမေးပွဲကို စံတစ်ခုအနေနဲ့ သတ်မှတ်ပြီး ကျင်းပပေးတယ်။ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းကျောင်းအဆင့် စာမေးပွဲလည်းဖြစ်ပါတယ်။ အမေရိကန်ပညာရေးဌာနကနေ စစ်ဆေးပေးတယ်။ ဒီစစ်ဆေးမှုမှာ ဖင်လန်နိုင်ငံက ထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်ခဲ့ပါတယ်။

ဖင်လန်နိုင်ငံမှာ မူကြိုအဆင့်အတန်းကို အသက် ၆နှစ်မှ စတတ်ရတယ်။ မူကြိုမှာ စာမသင်ဘူး။ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်ထားတယ်။ ပညာသင်ကြားနိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးတယ်။ မူကြိုပြီးတဲ့နှစ်ကနေ နောက် ၉ နှစ်တိတိ အခြေခံပညာကို သင်ကြားကြရတယ်။ ၉တန်း ၁၀ တန်း အဆင့်အောင်ပြီးရင် အဆင့်မြင့်တန်း (upper secondary school) ကိုဆက်တက်ချင်ရင်တက်၊ ဒါမှ မဟုတ် အသက်မွေးမှုကျောင်းတွေကို ၃ နှစ်သွားတတ်လို့ရတယ်။

အသက်မွေးမှုကျောင်းတွေကလည်း ပေါ့ပျက်ပျက်တော့ မအောင်ဘူး။ လုပ်ငန်းခွင်အထိ ရည်ရွယ်ထားတာတွေဖြစ်လို့ ကျောင်းသင်ပြဋ္ဌာန်းစာရော၊ သတ်မှတ်ထားတဲ့ ဘာသာရပ်ဆိုင်ရာပြဋ္ဌာန်းချက်တွေရော လေ့လာကြရတယ်။ အထက်တန်းနဲ့ အဆင့်မြင့်တန်းတွေပြီးရင် တက္ကသိုလ်ကို မာစတာဘွဲ့အတွက်ဖြစ်စေ၊ PhD ဘွဲ့  အတွက်ဖြစ်စေ တက်ဖို့သွားကြသလို၊ အသက်မွေးမှုကျောင်းတွေကလည်း ပိုလီတက်ကနစ်ကောလိပ်တွေကို သွားတတ်ကြတာများတယ်။ အနည်းဆုံးတော့ ဘက်ချလာဘွဲ့  တစ်ခုခု သို့မဟုတ် မာစတာဘွဲ့ တွေအတွက် သွားတက်ကြတယ်။

ဖင်လန်နိုင်ငံမှာ အသက်၂၅ နှစ်လောက်ရောက်မှ ဘွဲ့ ရကြတာများတယ်။ တချို့ နိုင်ငံတွေမှာက ဘဝတစ်သက်တာပညာရေးတွေဆိုပြီး ပြောနေပေမယ့် ဖင်လန်နိုင်ငံသားတွေကတော့ ပညာသင်ကြားရေးဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့  အခွင့်အရေးတစ်ခုအနေနဲ့သတ်မှတ်ထားတာကြောင့် အရွယ်ရောက်လာရင်ပညာတတ်တွေ ဖြစ်သွားကြတယ်။ လုပ်ငန်းခွင်အတွက် အသင့်အနေအထားမှာ ရပ်တည်နိုင်သူတွေချည်းဖြစ်ပြီး ပညာတတ်ပေါများတဲ့နိုင်ငံဖြစ်နေတယ်။ သူတို့ ရထားတဲ့ဘွဲ့ တွေဟာ သူတို့ဘဝအတွက် သူတို့အသက်မွေးမှုလုပ်ငန်းတွေအတွက် အသင့်ဖြစ်နေကြတယ်။

ဖင်လန်နိုင်ငံက ဆရာတွေဟာ စက်မှုဖွံ့ ဖြိုးတိုးတတ်တဲ့နိုင်ငံကြီးတွေက များတယ်။ ပညာပေးမယ့် ဆရာတွေဟာ ပညာရေးမှာ လေးစားစရာကောင်းလောက်အောင် ဘွဲ့ ထူး ဂုဏ်ထူးတွေနဲ့ ပြည့်စုံကြတယ်။ ဆရာတွေဟာ ဆရာအတတ်ပညာနဲ့ပတ်သက်ပြီးတော့လည်း သင်တန်းတွေတက်ရောက်ခဲ့သူတွေဖြစ်ရတယ်။ ကျောင်းဂုဏ်နဲ့လိုက်အောင် ဆရာတွေကလည်း ကိုယ့်ဂုဏ်သိက္ခာကို အရည်အချင်းအစွမ်းပြပြီး လိုက်ပြိုင်ပြရတယ်။ ဖင်လန်နိုင်ငံမှာ နိုင်ငံတော်ကနေ ဂုဏ်ပြုသတ်မှတ်ခံရတဲ့ဆရာတွေဖြစ်အောင် ကြိုးစားပြကြရတယ်။

ဖင်လန်နိုင်ငံပညာရေးစနစ်မှာ ဘွဲ့ ရပြီး မာစတာ ဆက်တတ်ခွင့်ရတဲ့ကျောင်းသားတွေဟာ စေတနာ့ဝန်ထမ်းပြန်ပြီးဆရာလုပ်ခွင့်ရတယ်။ သူတို့ဘာသာရပ်နယ်ပယ်မှာ သင်ကြားရင်း လေ့လာပြန်ပြီး ပညာရှာကြရတယ်။ မာစတာတန်းဆက်တတ်ဖို့ မမီတဲ့သူတွေကတော့ အထက်တန်း၊ မူကြိုတန်းတွေမှာ ပြန်ပြီးဆရာလုပ်နိုင်တယ်။

ဖင်လန်နိုင်ငံက မိဘတွေဟာ ပညာရေးသည်သာ သူတို့သားသမီးတွေအတွက် အရေးအပါဆုံးလို့လက်ခံထားကြတယ်။ ဒါကြောင့်လည်း ဆရာတွေကို အလေးထားကြတယ်။ မိဘနဲ့ဆရာတွေရဲ့ စိတ်ထဲမှာ ကိုယ့်သားမီးက ကျောင်းမှာ ညံ့လာရင် သူတို့မှာပဲ တာဝန်ရှိတယ်လို့ လက်ခံထားကြတယ်။ ဒါကြောင့် ညံ့တဲ့ကလေးတွေအတွက် အပြစ်ကို ခံယူစရာရှိရင် မိဘနဲ့ဆရာတွေကသာ ခံယူကြမယ်လို့ သဘောတူထားကြတယ်။ ဒါကြောင့် ဆရာတွေက ကျောင်းမှာ ကိုယ့်ကိုအပ်နှံထားတဲ့ ကျောင်းသားတွေကို ကောင်းကောင်းသင်၊ လမ်းမှန်ညွှန်ပြ ဂရုစိုက်ကြရတယ်။

မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်သားသမီးက သင်္ချာရမှတ်ကောင်းကောင်းနဲ့ အိမ်ပြန်လာမှ ဆရာတွေကို အသိအမှတ်ပြုကြတယ်။ သူတို့နိုင်ငံမှာက သူတို့သားသမီးတွေရဲ့ အနာဂတ်ကို ဆရာတွေ အပေါ် လုံးဝပုံအပ်ထားကြသလို၊ ဆရာတွေကလည်း ယုံမှတ်ပြီး ပုံအပ်ချင်စရာ စိတ်ဓာတ် ပညာအခြေခံတွေ ကောင်းကြတယ်။ မိဘတွေအနေနဲ့ သူတို့သားသမီးတွေရဲ့ ပညာရေးလိုအပ်ချက်တွေကို ဆရာတွေကသာ ဖြည့်ဆည်ပေးနိုင်လိမ့်မယ်လို့လည်း မှတ်ယူထားကြတယ်။

ဖင်လန်နိုင်ငံမှာ ကျောင်းသားတွေကိုယ်တိုင်က ဆရာတွေအပေါ် အလွန်လေးစားရိုသေကြတယ်။ ဒါပေမယ့် ဆရာတွေကိုတော့ နာမည်ကိုပဲခေါ်ပြီး ဆက်ဆံကြတယ်။ ဆရာနဲ့ကျောင်းသား နေ့လည်စာအတူစားကြတယ်။ ကလေးတွေအတွက် နေ့လည်စာကို ကျောင်းတွေက အခမဲ့ကျွေးကြတယ်။

သူတို့နိုင်ငံမှာ ၅ တန်း မရောက်မချင်း ကလေးတွေကို အဆင့်ပေးပြီး သတ်မှတ်တာမရှိဘူး။ ၄တန်းအထိ ကလေးတွေရဲ့ ပညာရည်တိုးတက်မှုကို ဆရာတွေကပဲ ပိုင်းဖြတ်သွားရတယ်။ ကျောင်းစာသင်နှစ် နောက်ဆုံးမှာ စာမေးပွဲတစ်ခုစစ်ပေမယ့် အဲဒီ စာမေးပွဲကရလဒ်ကို ကျောင်းသားတွေ လည်းမသိရဘူး၊ မိဘတွေလည်း မသိရဘူး။ ဒီစနစ်က ကလေးတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုပြီးရှိလာစေဖို့နဲ့ အထင်ကြီးလာစေနိုင်တယ်လို့ ယူဆထားကြတယ်။

တကယ်လို့ ကျောင်းသားတစ်ယောက်ဟာ ပညာရေးမှာထူးချွန်လာရင် ပညာသင်ဆုတွေပေးတယ်။ ဆရာတွေက သားသမီးအပေါ် ဘယ်လိုပဲပိုင်းဖြတ်သည်ဖြစ်စေ အရည်အချင်း ပြည့်ဝသူတွေလို့ လက်ခံထားကြတဲ့အတွက် သူတို့မှာ မိဘတွေနဲ့ ပြဿနာဖြစ်စရာလည်း မလိုကြဘူး။ ဆရာတွေက တစ်ပတ်တစ်ခါ စုဝေးပြီး ကျောင်းသားတွေအရေး ဆွေးနွေးလေ့ရှိကြတယ်။ ကလေးတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဒီအစည်းအဝေးမှာ ပြောကြတယ်။ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေမှာ ဒီစနစ်ကို အစိုးရကျောင်းတွေထက်ပိုပြီး ဂရုစိုက်လုပ်လေ့ရှိကြတယ်။

ဖင်လန်နိုင်ငံရဲ့ ပညာရေးမူဝါဒမှာ နိုင်ငံတော်က တာဝန်ပေးရတဲ့ စာမေးပွဲစနစ်ရှိတယ်။ ကိုယ့်ကျင့်တရားနဲ့ ပြည်သူ့နီတိကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်ပေးထားတယ်။ ဆရာက ကိုယ့်အတန်းကို ဘယ်လိုပုံစံနဲ့ ဒီနှစ်မှာ သွားမယ်ဆိုတာ ကိုယ်ပိုင်းဆုံးဖြတ်ခွင့်ရှိတယ်။ ဘယ်လို သင်ထောက်ကူပစ္စည်းတွေထားမယ်၊ ဘယ်လိုစာအုပ်တွေထားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဖင်လန်မှာ ဖင်းနစ်ရှ်စကားနဲ့ ဆွီးဒစ်ရှ်စကားတွေကို ရုံးသုံးအဖြစ်သတ်မှတ်တယ်။ ပုံမှန်ကတော့ ဖင်းနစ်ရှ်စကားပဲ ပြောလေ့ရှိပေမယ့် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ရှရှား စကားတွေလည်း ပြောကြတယ်။

သူတို့ကျောင်းတွေမှာ လှပအောင်ပြင်ဆင်မွန်းမံထားကြတယ်။ အေးတဲ့နိုင်ငံဖြစ်လို့ ထမင်းစားခန်းနဲ့ ဧည့်ခန်းတွေမှာ မီးဖိုကြီးတွေထားပေးထားတယ်။ ကျောင်းဆိုတာ ကလေးတွေအတွက် နေချင်စရာ ပျော်ရွှင်တဲ့ကမ္ဘာလေးတစ်ခုဖြစ်အောင် ဖန်တီးပေးထားတယ်။ ကျောင်းပတ်ဝန်းကျင်မှာ ရိုင်းပြတဲ့ အပြုအမူအပြောအဆို ကျင့်ကြံနေထိုင်မှုတွေလည်း မရှိကြဘူး။ ကျောင်းမှာပြဿနာတစ်ခုခုဖြစ်တာ မိဘတွေကိုပါ ဂယက်ရိုက်သွားနိုင်တာကြောင့် အရမ်းကို ဂရုစိုက်လေ့ရှိတယ်။

အိမ်စာဆိုတာ မဆိုစလောက်တွေပဲ လုပ်ကြရတယ်။ ကျောင်းလာတယ်ဆိုတာ ပျော်ပျော်ပါးပါး၊ ရင်းရင်းနှီးနှီးနဲ့ ပညာလာရှာကြတာလို့ သဘောထားကြတယ်။ ကျောင်းမှ သင်ကြားချိန်ကလည်း နည်းတယ်။ အမေရိကန်လိုနိုင်ငံတွေထက် ဆရာတွေက ၄၀ ရာခိုင်နှုန်းလောက် အလုပ်သက်သာတယ်လို့ တောင်ပြောကြတယ်။

ကျောင်းအုပ်ကြီးဆိုတာကိုလည်း ပညာအခြေခံကောင်းသူတွေကိုပဲ ခန့်လေ့ရှိတယ်။ ကျောင်းအုပ်ဆိုတာထက် general manager လို့ သဘောထားကြတယ်။ တစ်ကျောင်းလုံး ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေး၊ သင်ကြားရေးအားလုံးကို လိုက်ပြီးတာဝန်ယူ ဆောင်ရွက်ရတယ်။ ကလေးတစ်ယောက်ညံ့ရင် ဆရာအားလုံးတာဝန်ယူရတယ်။ သူတို့တစ်ပတ်တစ်ကြိမ်ပြုလုပ်တဲ့ အစည်းအဝေးမှာ အဲဒီကလေးနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးကြတယ်။ ပိုပြီးတော်တဲ့ ကောင်းတဲ့ အတန်းကိုဖြစ်စေ၊ ကျောင်းကိုဖြစ်စေ ပြောင်းပေးကြတယ်။ အဲဒီမှာသင်တဲ့ဆရာတွေကလည်း တကယ့်အတော်ဆုံးဆရာတွေ ဖြစ်နေတတ်တယ်။ ကျောင်းသား၊ ဆရာ၊ ကျောင်းအုပ်ကြီးတွေရဲ့ ဆက်ဆံရေးဟာ ဘာမှအဟန့်အတား အဆီးအတားတွေမရှိဘူး။ ပွင့်လင်းစွာဆက်ဆံပြောဆိုကြတယ်။

ဖင်လန်မှာ ဆရာတွေလစာကောင်းတယ်။ အခြေခံပညာကျောင်းတွေမှာ ဆရာတစ်ယောက်ရဲ့ တစ်နာရီဝင်ငွေဟာ ဒေါ်လာ ၄၅ နဲ့ ၅၀ ရှိတယ်။ အထက်တန်းပြဆရာတွေဆိုရင် တစ်နာရီကို ဒေါ်လာ ၇၅ ကနေ ၈၀ အထိရကြတယ်။ စာသင်ခန်းတစ်ခန်းကို ကျောင်းသား ၁၈ ယောက်ကနေ ၂၀ အထိပဲ သင်ကြားရတယ်။

သူတို့နိုင်ငံက လူနေမှုအဆင့်အတန်းမြင့်မားတာကြောင့် ပညာသင်စရိတ်ဟာ သူတို့အတွက် အလွန်သက်သာတယ်လို့ပြောနိုင်တယ်။ ပုဂ္ဂလိကကျောင်းတွေဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းကြတယ်။ ကျောင်းတွေကို အကောင်းဆုံးမွမ်းမံပြင်ဆင် ထူထောင်ထားကြပြီး သင်ကြားတဲ့သင်ရိုးညွှန်းတမ်းတွေါ် ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်အပြည့်ပေးထားတယ်။

ဖင်လန်နိုင်ငံ ပညာရေးဝန်ကြီး ဟန်နာ ဗတ်ကူနန်ကတော့ သူတို့နိုင်ငံက လူတော်တွေထွက်တာကို ဘယ်လိုဂဏ်ယူပြီး ပြောသွားသလဲဆိုရင်….

“ကျွန်မတို့ဖင်လန်နိုင်ငံပညာရေးစနစ်က တကယ်တော်တဲ့သူတွေကို တကယ်ချီးမြှောက်တယ်။ ခုဆိုရင် ဘာသာရပ်အလိုက် ထူးချွန်သူတွေကို ဘယ်လို အထောက်အကူပေးရမလဲဆိုတဲ့ ရှေ့ ပြေး စီမံချက်တွေကို စတင်အကောင်အထည်ဖော်နေပြီ” လို့ ပြောဝံ့တဲ့အနေအထားကို ရောက်နေပြီ။

Ref:Tin Nyunt: Sunday, 13 November 2011 and

How Does Finland's Education Become The Best In The World?

Posted by Vic Spencer on May 2, 2009 at 5:17pm in School Board

View Discussions

I am sure that many of you noticed that many of today’s kids cannot do the math without a calculator like many of us older people. Many also can’t read, talk or write as well either. Not all, but a lot more than before. I get comments every day about this problem. We used to be among the best in high school education four decades ago. We are now 34th in math in the world. Our children have been dumbed down for decades by an antiquated education system, that tracks neither the money spent per school, nor the educational results that they accomplish for our tax money, per month or quarter.

We as a country are among the four HIGHEST SPENDERS on education, delivering the 34th in education results. Wouldn’t it make sense to study Finland, who has the best education results? With our annual county primary and secondary school budget of $370 million this year, spend a couple of thousand on each, and have a team of principals evaluate what we could use. Why are we not learning from the best, who by the way are doing the job less expensively than we do? Wouldn’t it make better sense to spend a few thousand dollars there than spending two or three times the normal amount of millions in high schools that are going nowhere with ACT scores in ten years?
Finland is the top country in the OECD-PISA tests which is the international authority for high school level testing according to the US Department of Education. It happens to be a beautiful place also.

Education in Finland starts with preschool at age 6. The preschool emphasis is on fun and THE IMPORTANCE OF LEARNING. Preschool is followed by nine years of compulsory basic education. From 9th or 10th grade one can go to the Upper Secondary school (like senior high school) or a 3 -year vocational school, but the curriculum is so heavy in either of these that one can cross from one to the other, or finish one and then go to the other for emphasis on trade skills. Either branch can lead to a university for a masters or PhD degree or to a Polytechnic College that focuses on trade skills with the possibility of a Bachelor’s or Master’s degree.

Although the great majority of Finns finish their education by age 25, later than most other nations, education is looked upon as a life-long process in any job. People are generally much more educated in any trade or professional jobs than they are in other countries. They do an excellent job in having the highest work force readiness of any nation.

Please review at least the top URL I am presenting from Finland in English. For more details, go to:

http://www.edu.fi/english/SubPage.asp?path=500,4699

National testing, school ranking lists and inspection systems do not exist in Finland.

http://finland.fi/netcomm/news/showarticle.asp?intNWSAID=41557

http://online.wsj.com/public/article_print/SB120425355065601997.html

Being a teacher in Finland, as in most industrialized countries, is the most highly respected position. Medical doctors come second. I do not think that this is a cultural difference. The education system is set up such that they earn people’s respect every day by the way they are centrally managed in the country to the highest standard in the world and by the level of authority that is given to the teachers. Teachers are also very well trained. Keeping both teacher competence and school quality the best is a national mandate in Finland.

Could we get there? Of course we could, if we had an educational plan driving it on the same level as the top five countries do in the world. Unfortunately the Knox County Board of Education has tougher tasks to do. Like approving payment of bills for anything you can think of. Or arguing for many 2-3 hour sessions about what the school calendar should be. I was there, I saw it and could not believe it. Stuff that is more important to them than the quality of education we deliver for $370 million of our hard-earned tax money.

The Finnish education system has the top university graduate students with a master’s degree volunteering for becoming a teacher, and to teach in the field in which they earned their degree. There are assistant teachers of course with lesser qualification under lower grades and in pre-school.

Could we get there? Absolutely, if there was a large enough incentive plan for teachers to get a masters degree and beyond.

All parents understand that education is very important for their children and would never second-guess a teacher’s decision in Finland. If the child did something bad in school, you can bet that both the teacher and the parent would be in total agreement for the punishment. Therefore it rarely happens, because parents and teachers are always in agreement, and the teachers have a very good relationship with the students.

Could we get there? Absolutely, if the kids came home with better math results, and if all of us parents realized how vital it is to back the teachers in front of our kids. Like it or not, their future depends on the teachers. We parents cannot teach our children all the courses they need.

In Finland, the children have enormous respect for teachers, but call them by their first names. Teachers and the children eat lunch together, which is free to all children. How about that? I think that this is also the result of parents and teachers working totally in harmony to educate the child.

In Finland the children are not graded before the fifth grade. The teachers decide how they are progressing. They are later tested, but their grades are not told the parents or the child during the following few years of education. This method appears to build high confidence and self esteem. The kids have a high graduation rate, scholastically achieving more than we do. So parents have no worries about how well the children will be taken care of by the teachers. There is no reason for it. Remember again that the teacher is a university graduate with a master’s degree. Only the teachers know how the child is doing. The teachers meet weekly to discuss what problems any of the children have and make decisions on the spot about what type of class and teacher could be the best for their advancement toward a high school diploma. This could be a specific special education class. This is a very interesting approach that obviously works very well. We could try it. Charter schools, here we go if public schools cannot do it.

Finland has a national education policy and national testing. Morals and ethics are in the curriculum. This is a big difference between their system and ours. The teachers make all decisions about how their class will be run, how the education material will be presented and what books are to be used. They keep up with the best worldwide. There are two official languages in Finland: Finnish and Swedish. People typically speak four languages in Finland. One is Finnish, then English, Swedish, and one of German, French or Russian at minimum. They have some ethnic problems with immigrants, gypsies and some northern Lapp tribes; but they keep those cultures and languages alive as well.

Could we delegate more authority to teachers? Absolutely, depending how their continuing education is progressing.

All areas in the school are decorated. There may be a fireplace where they eat or wait for classes to start. The focus is on what the students would like, to make the school a very pleasant place to be, for students as well as for teachers. Disrespectful or property damaging behavior is unimaginable in this environment. If it happens, I imagine it is dealt with lightning fast with repercussions at home as well, but I heard that teachers do not tell on the students to parents.

Children are actually given very little homework to do. Teachers work about 40% less class hours than US teachers do. Both of these surprised me, but it stands to reason that a happier, friendlier and more effective school environment that does the job well, with less teaching hours and less homework, makes for happier teachers and children. It is the principal that makes this happen.

The principal is more like a general manager although he/she comes from an educational background. He/she makes sure that his/her school is operating at its optimum, including all teachers and supporting services including medical, dental and special ed-related functions. It is noteworthy that special ed kids are diagnosed by any teacher, the case is discussed immediately in their weekly meeting, diagnosis is confirmed and the child is placed into the right classroom possibly not in the same school, with the most qualified teacher for his/her problem. The communication environment is completely open among students, teachers and principals. This area is very different from the US model, and more than 50 countries are studying how they accomplish the results they accomplish.

Could studying them help us? Absolutely. It would do us a lot of good I believe.
Very important: The Finns realize that when their teachers excel and are satisfied, and so are their students. Teachers in Finland are well paid. An elementary school teacher makes $45-50/hour. A high school teacher makes $75-80/hour. The typical per class load is 18-20 students.

The biggest difference I found between the USA and Finland is the average teaching hours spent per year per teacher. This figure is a little more than 1,100 hours for US teachers, and it is 570 hours for teachers in Finland, and just as a second example it is about the same for Japanese teachers as it is for Finnish teachers.

The USA teacher works the longest hours in the world (
http://www.mels.gouv.qc.ca/stat/bulletin/bulletin_29an.pdf), yet we are the 34th in the world in math and Finland is on top. We are clearly not using our teachers as smartly as the top-performing countries. Wouldn’t it make sense for the Knox County school system to send a couple of principals on a fact finding mission to Finland and other top performers when our performance is so low?

Finland’s cost of education per student is about 12% less than the Knox County average, and a lot less than our lowest performing high schools, or Oak Ridge or Maryville. Clearly there is something very important we could learn from these people if we sent a couple of principals there for a few weeks.

I don’t understand why I have to be the one bringing this to the attention of the Knox County school system. If they tell you that they knew about this all along, like they told me when I discovered that we sunk to 34th place in math, just ask them two questions: How long they have known this, and What have they done about it? We deserve a much better school system than what we have. That is certain. And so is the reason why we do not have it: our board of education and school system shows no interest in learning from the best and have continued a poor performance record to date with our children.

I think that we could certainly take one or more beneficial ideas away from the Finnish method for much better results in our schools. Their per-student expenses are a little lower than ours, yet the cost of living is higher. Charter schools would be best equipped to adopt some Finnish methods because they would be independent of KCS Central. Charter Schools determine their own curriculum and budget, producing better results. The principal calls the shots. Not a central school district organization.

Knox County Board of Education and Jim McIntyre, I hope that you read this article, and will look at the Finnish Education system for some ideas that could make our education results much better. We may not be able to use all ideas, but we could use some almost immediately and we could use others later that may require some changes first. After all, they are the best performing country in the world, TN is the 40th in the USA which is a low 34th in the world. If we cannot learn from them, we will not learn from anyone.
I hope that you all will find this article interesting and useful. As to my comments about our school system management, the Board of Education and KCS Central, I am telling you what I found to be the truth. They enforced this situation that our children are in. Where does the buck stop? Who is really responsible? Is it Joe's Pizza Parlor? I don't think so. Is it the Knox County Board of Education? BINGO!!! They knew that the academic results were “heading south” for a long time by their own admission when I published my findings. Did they tell the public? No they did not. Did they do something to reverse it? No they did not. Did they instead approve more and more hundred’s of millions of our tax dollars to be spent without good academic results? Yes, every year.
I hope that Jim McIntyre, our new superintendent of schools will change all this, without asking for more tax money first.